Featured, News, Review

Apple က နည်းပညာထက် Lifestyle ကို ပိုမိုအာရုံစိုက်

iPhone 6, Apple

အင်္ဂါနေ့မှာ ပွဲဦးထွက်လာမည့် iPhone 6 ကတော့ တစ်ခြားလက်ရှိထွက်ပေါ်နေတဲ့ ဖုန်းတွေနည်းတူ features စုံလင်စွာပါရှိလာမှာ ဖြစ်ပေမယ့် Apple ရဲ့ဖန်ရှင်တွေနဲ့ hardware တချို့ကတော့ တခြားဖုန်းတွေထက် ပိုနိုင်ဖွယ်ရှိပါတယ်။ New York Times, Recode and the Wall Street Journal နဲ့ တခြားသော အထင်ကရ ဂျာနယ်ကြီးတွေကတော့ iPhones အသစ်မထွက်ခင်ကတည်းကပင် အမှန်တကယ် ပါလာဖို့ မကျိန်းသေသေးတဲ့ ဖီးချားတွေ အကြောင်းကို ကြိမ်ဖန်များစွာ ဖော်ပြခဲ့ကြပါတယ်။ သူတို့ကြိုတင် ခန်းမှန်ထားတဲ့ အရာတွေကတော့ အိုင်ဖုန်းအသစ်တွေမှာရယ်၊ Apple smartwatches တွေ၊ tap-to-pay စျေးဝယ်တဲ့ ဖီးချားတွေနဲ့ အခြားသော ဖီးချားတွေ များစွာကို ဖော်ပြထားခဲ့ပါတယ်။ အခုလာမယ့် Apple ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ပြပွဲကြီးမှာ သူ့ရဲ့ ဖန်းတီးမှုများစွာနဲ့ ပြောင်းလဲမှုတွေကိုတော့ ပြသသွားမှာဖြစ်ပြီး Apple ရဲ့ billion-dollar App Store မှာလည်း တပြိုင်နက် ရရှိနိုင်မှာဖြစ်ပါတယ်။ တချို့လူတွေ ခန့်မှန်းကြတဲ့ ဖီးချားတွေထဲက အရမ်းလူပြောများတဲ့ ဖီးခြားတချို့ကိုတော့ အောက်မှာ မိတ်ဆက်ပေးပါမယ်။

Jumbo iPhone 6 Models

အသုံးပြုသူတွေအတွက် Apple က ထုတ်နေကျ မျက်နှာပြင်ထက် ပိုကြီးမားတဲ့ အိုင်ဖုန်းတွေကို ပြသဖွယ်ရှိပါတယ်။ ပြောင်းသွားတဲ့ ဒီဇိုင်းက နှစ်ခုလောက် ရှိပါတယ်။ အပြင်ဘက် ဒီဇိုင်းနဲ့ အတွင်းဘက် hardware ဒီဇိုင်း ဖြစ်ပါတယ်။

  • မော်ဒယ် အသစ်နှစ်ခုကတော့ ၄.၇ လက်မရှိတဲ့ မျက်နှာပြင်ပါ တစ်ခုနဲ့ phablet-worthy ၅.၅ လက်မှ မျက်နှာပြင် ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ iPhone 5S ဒါမှမဟုတ် ၄ လက်မရှိတဲ့ သူ့ရဲ့ ထုတ်နေကျ ဒီဇိုင်းကိုတော့ ဘယ်လိုအသစ်တွေ ထုတ်ထုတ် အမြဲတမ်း ပါလာမယ်လို့ ညွှန်းထားပါတယ်။
  • အခုထွက်မည့်ဖုန်းတွေမှာ ပိုပြီးလုံးသွားပြီးတော့ ပါးလွှာတဲ့ အလူမီနီယမ် အိုင်ဖုန်းကိုယ်ထည် ပါပါမယ်။
  • (NFC) လို့ခေါ်တဲ့ အနီးအနားတွင်း လွယ်ကူစွာ ဆက်သွယ်တဲ့ စနစ်ကို အပြည့်အဝ ထောက်ပံ့ပါတယ်။ ဆိုလိုတာကတော့ အရမ်းနီးတဲ့ ဝါယာလက်စ် နက်ဝက်ခ်မှာရှိတဲ့ အိုင်ဖုန်းအချင်းချင်း tap လုပ်ပြီး ဝယ်ယူတဲ့ အိုင်တမ်စ်တွေအတွက်ကို အတူတူ မျှပေးချေနိုင်ပါတယ်။ ဒီလိုပေးချေမှုဟာ တကယ်လို့သာ ပါလာခဲ့ရင် နည်းပညာအသစ်ဖြစ်ပြီး ဘယ်မှာမှ မပါရှိသေးတဲ့ ဖီးချားဖြစ်ပါတယ်။ Apple က credit-card ကုမ္ပဏီတွေနဲ့ ဘဏ်တွေကို deal တစ်ခုလုပ်ထားသေးပါတယ်။ ဘယ်လိုမျိုး အပေးယူမှန်း သေချာမသိပေမယ့် ဒီဖီချားအတွက် ဖြစ်ဖို့များပါတယ်။
  • ထွက်လာမည့် အိုင်ဖုန်းနဲ့ အိုင်ပက်ခ်မှာ OS အသစ် iOS 8 ပါရှိမှာ ဖြစ်ပါတယ်။ အခြား အသေးစိတ်ကတော့ ဒီဗားရှင်းအသစ်က ကြီးမားတဲ့ ပစ္စည်းတွေအတွက်ကို လက်တစ်ဖက်တည်းနဲ့ အသုံးပြုနိုင်မည့် Mode ပါဝင်လာပြီး Mac OS X Yosemite နဲ့ တော်တော်လေး ဆင်တူမှာ ဖြစ်ပါတယ်။ HelathKit ကျန်းမာရေး စနစ်နဲ့ Apples’s HomeKit ဖီးချားတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Apples က နည်းပညာထက် Lifestyle ကို ပိုမိုအာရုံစိုက်

ဒီမသေချာသေးတဲ့ ကောလဟာလ အကြံပြုချက်တွေထဲမှာ ဒီအချက်တွေလည်း ပါပါသေးတယ်။ ပထမတစ်ခုကတော့ ထွက်လာမည့် ပစ္စည်းက super-durable sapphire crystal screens လို့ဆိုထားတာဟာ အရမ်းကြည်လင် ပြတ်သားပြီး အရမ်းကို ကြာရှည်စွာ အသုံးပြုနိုင်မည့် သဘောဖြစ်ပါတယ်။ တချို့ကလည်း သိုလှောင်မှု 128 GB အထိ ပါနိုင်တယ်လို့ပြောကြပါတယ်။ ခံစားချက်ကိုပါ ဖော်ပြနိုင်မည့် ကင်မရာပါနိုင်တယ်လို့ တချို့ကပြောကြပြီး 13 megapixels ထိလည်း တိုးလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ processors ကိုလည်း 64 bit A8 chip လောက်ဖြစ်နိုင်တယ်လို့ တချို့ကလည်း ထင်ကြေးပေးနေကြပါတယ်။ တကယ်လို့သာ Apple က ထင်ကြေးပေးထားတဲ့ အတိုင်းသာ ပြောင်းလဲခဲ့ရင်တော့ ဒါဟာ Apple ရဲ့ တကယ်ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။ ဒီလိုမျိုး အတွေးတွေ တွေးလာခဲ့ရင်းနဲ့ပဲ အိုင်ဖုန်းအသစ်က pre-orders စတင်လက်ခံတဲ့ အချိန်ကိုတောင် ရောက်တော့မှာ ဖြစ်ပါတယ်။ ဒီအပတ် ဒါမှမဟုတ် နောက်အပတ်ထဲမှာ စတင်လက်ခံတော့မှာ ဖြစ်ပါတယ်။

Apples က နည်းပညာထက် Lifestyle ကို ပိုမိုအာရုံစိုက်

iWatching And Waiting

Apples က နည်းပညာထက် Lifestyle ကို ပိုမိုအာရုံစိုက်

အခုဆိုရင် iWatch ဟာ အမှန်တကယ် ထွက်လာပြီဖြစ်ပါတယ်။ iWatch or iTime ကတော့ မော်ဒယ် နှစ်မျိုး ထွက်လာမှာ ဖြစ်ပါတယ်။

  • အလုံပိတ်ထားတဲ့ ပုံစံတွေဖြစ်ပြီး  အမျိုးသားနဲ့ အမျိုးသမီး မော်ဒယ်ဆိုပြီးရှိပါတယ်။ rectangular လည်း ရသလို circular ဒီဇိုင်းလည်း ရပါတယ်။
  • မိုဘိုင်းတွေမှာသုံးတဲ့ NFC အတွင်းပေးချေမှု နဲ့ချိတ်ဆက်နိုင်ပါတယ်။ လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ရုံနဲ့ ပေးချေမှုကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
  • ကွေးနိုင်ကောက်နိုင်ပြီး စိတ်တိုင်းကျ ပြောင်းနိုင်တဲ့ မျက်နှာပြင် ပါရှိပါတယ်။
  • လက်ကောက်ဝတ်ကို notification ပေးနိုင်ပြီး smartphone ဖန်ရှင်တွေလည်း ပါရှိပါတယ်။ မြေပုံလည်း ကြည့်နိုင်ပါတယ်။
  • ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာ လှုပ်ရှားလည်ပတ်မှုကို ခြေရာကောက်နိုင်တဲ့ sensors ၁၀ မျိုးထက်မနည်းပါရှိ ပါတယ်။
  • Apples’s HomeKit နဲ့ HealthKit နည်းပညာတွေနဲ့ ချိတ်ဆက်နိုင်ပြီး smart home ပစ္စည်းတွေကို ထိန်းချုပ်နိုင်ပါတယ်။ ကုမ္ပဏီရဲ့ ဒယ်တာ စနစ်ရဲ့ ricks တွေကိုလည်း စောင့်ကြည့်နိုင်ပါတယ်။

သိပ်အဆင်မပြေတဲ့ အချက်သုံးချက်ရှိပါတယ်။ ကြိုးမဲ့အားသွင်းတဲ့စနစ်၊ ဘက်ထရီသက်တမ်းနဲ့ စျေးနှုန်း ဖြစ်ပါတယ်။ ကြိုးမဲ့ အားသွင်းတဲ့စနစ်က သုံးတဲ့အချိန်မှာ အဆင်ပြေပြေသုံးနိုင်ဖို့ မလွယ်ကူသေးပါဘူး။ ဘက်ထရီရဲ့ သက်တမ်းကလည်း တချို့လူတွေရဲ့ feedback တွေမှာတော့ တိုးဖို့လိုတယ် ဆိုတာကို အကျယ်တဝင့် ရီပို့တက်ကြပါတယ်။ ပြီးတော့ iWatch မှာ ဘက်ထရီသက်တမ်းဟာ အမှန်တကယ် ပြန်သုံးသပ်ရမယ့် အဓိကအချက် ဖြစ်တယ်လို့ ပြောကြပါတယ်။ စျေးနှုန်းကလည်း laptop တစ်လုံးစာဖြစ်နေတဲ့ အတွက်ကြောင့် အမှန်တကယ် ရှိသင့်တဲ့စျေးထက် အရမ်းများနေတယ်လို့ ပြောကြပါတယ်။ စျေးနှုန်းက ဒေါလာ ၄၀၀ လောက်ဖြစ်ပါတယ်။ laptop တစ်လုံးကောင်းကောင်း ဝယ်လို့ရပါတယ်။ တခြား ပစ္စည်းတွေနဲ့ နှိုင်းကြည့်မယ်ဆိုရင် smartwatch အနေနဲ့ တစ်လုံးကို ဒေါ်လာ ၁၅၀ နဲ့ ၂၅၀ ကြားလောက်ပဲ ရှိသင့်ပါတယ်လို့ အကြံပြုကြပါတယ်။ ဒါပေမယ့်လည်း အိုင်ခရေဇီတွေကတော့ ဘယ်လောက်စျေးကြီးကြီး သုံးကြမှာပါလို့ ပြောကြပါတယ်။ အိုင်ဖုန်းစထွက်ခဲ့တုန်းကလည်းပဲ ဒေါ်လာ ၆၀၀ နဲ့ထွက်ခဲ့တာ ဖြစ်ပါတယ်။

Apples ဟာ အမြဲလိုလို နည်းပညာကိုပဲ အသစ် အသစ်တွေနဲ့ ထွက်နေတဲ့ ဘရန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုထွက်ရှိလာမည့် ဒီဇိုင်းကို ကြည့်ရမယ်ဆိုရင် နည်းပညာထက် lifestyle ကို ပိုပြီးတော့ ပစ်မှတ်ထားလာပုံ ရပါတယ်။ ဒါကြောင့် Dr.Dre music ပါလာတာဖြစ်ပါတယ်။ iWatch မှာ Android မှာ ပါသလိုမျိုး sport voice ဖီးချား ဖန်ရှင်တွေလည်း ပါပါတယ်။ အိုင်ဖုန်းနဲ့ အိုင်ပက်ခ်ကတော့ လာမည့် ပြပွဲမှာ voice စွမ်းဆောင်ရည်ကို ထုတ်ပြဖွယ်ရှိပါတယ်။

Software Matters: iOS 8

Apples က နည်းပညာထက် Lifestyle ကို ပိုမိုအာရုံစိုက်

Apple က iOS 8 ကို ဇွန်လက ကျင်းပခဲ့တဲ့ world developer ကွန့်ဖရန့်မှာ ပွဲထုတ်ခဲ့ပါတယ်။ ထွက်လာတဲ့ ဆော့ဝဲလ်က Mac OS X Yosemite နဲ့ အလုပ် လုပ်ပုံချင်း လွန်စွာ ဆင်တူလှပါတယ်။ desktop နဲ့ မိုဘိုင်း ပစ္စည်းတွေကြားက handing off စွမ်းဆောင်ရည်တွေကအစ အတူတူဖြစ်ပါတယ်။ iOS 8 က Apple’s HomeKit နဲ့ HealthKit ကိုလည်း ချိတ်ဆက်ပေးပါတယ်။ ဒါကြောင့် အိုင်ဖုန်းနဲ့ iWatch သမားတွေဟာ smart-home ပစ္စည်းတွေ၊ ကျန်းမာရေး စောင့်ကြည့်တဲ့ ဒယ်တာတွေနဲ့ တခြားဖီးခြားတော်တော် များများကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဘာလင်က IFA ပြပွဲမတိုင်ခင်က HomeKit က သူ့ရဲ့ဖီးချားအသစ်တွေကို ထုတ်ပြဖို့ နှောင့်နှေးခဲ့ပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့ အပါတ်က ကျင်းပခဲ့တဲ့ ပြပွဲမှာတော့ Apple ရဲ့ ဖီးချားတွေနဲ့ ထိန်းချုပ်နိုင်မယ့် ပစ္စည်းအသစ်တွေကို ပွဲထုတ်ခဲ့ပါတယ်။ iOS 8 မှာ API အသစ်ပေါင်း ၄၀၀၀ ကျော်လောက် ပါပါတယ်။ Developers တွေကတော့ ပြောရရင် programming language အသစ်တစ်ခုကို လေ့လာနေရသလို ဖြစ်နေပါတယ်။ ကုမ္ပဏီကပြောတာကတော့ ပိုမိုရိုးရှင်းတဲ့ apps တွေကို ဖန်တီးဖို့ ထုတ်ထားတာ ဖြစ်ပါတယ်တဲ့။

သိုပေမယ့်လည်း programming language အသစ်တစ်ခုလို လေ့လာနေရတဲ့အတွက် အချိန်လည်းပေးရပြီး တချို့ app တွေ ဖန်တီးရာမှာ ဖီးချားတွေကစုံလင်ပေမယ့်လည်း old language ဖြစ်တဲ့ Objective-C ကိုတော့ သုံးနေရသေးတာပဲလို့ ပြောကြပါတယ်။ အသုံးပြုသူတွေကတော့ iOS 8 ဟာ iOS 7 နဲ့သိပ်မကွာဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် တချို့ developers တွေကတော့ Auto Layout လိုမျိုး tools တွေကို ကြိုက်ကြပါတယ်၊ ဒီဖီးချားတွေက မျက်နှာပြင်ကို အလိုအလျောက် dynamically လိုက် ချိန်ပေးနိုင်တယ်လေ။ developers တွေနဲ့ အသုံးပြုသူတွေ နှစ်ဖက်စလုံးအတွက် iOS 8 မှာ ကြိုက်နှစ်သက်ရာ keyboards နဲ့ app extensions တွေကို သုံးနိုင်တာဟာ အရမ်းကို လွတ်လပ်တဲ့ စတိုင်ပုံစံပါပဲ။ LastPass လို့ခေါ်တဲ့ password manager app ဆိုရင် တစ်ခါ password ဖြည့်လိုက်တာနဲ့ တခြား apps တွေမှာပါ user က အသုံးပြုနိုင်ပြီး ကင်မရာ apps ကလည်း အခြားလူရဲ့ ဓါတ်ပုံတွေကိုပါ access လုပ်နိုင်ပါတယ်။ Dropbox, Google Drive နဲ့ အခြားအွန်လိုင်း သိုလှောင်မှု ဆားဗစ်တွေကနေတစ်ဆင့် ဖုန်းနဲ့ တက်ဘလက်ကနေ ဖိုင်တွေကို အလွယ်တကူ ပို့နိုင်သိမ်းနိုင်ပါသေးတယ်။

Other iDevices

တခြား မသေချာသေးတဲ့ ကြိုတင်ခန့်မှန်းထားတဲ့ ကောလဟာလတွေထဲမှာ Apple က ကိုယ်ပိုင် HomeKit hardware အသစ်ကို ပြင်ဆင်နေတယ်ဆိုတာလည်း ပါပါတယ်။ အင်္ဂါနေ့ရောက်ရင်တော့ အဖြေရှင်းသွားမှာပါ။ ကုမ္ပဏီက အိုင်ပက်ခ်ကို Touch ID နဲ့အတူ အိုင်ဖုန်း brethren မှာလို fingerprint sensor ထည့်ပေးဖို့ လုပ်နေတယ်လို့လည်း ပြောပါတယ်။ Apple TV ကလည်း နှစ်နှစ်နည်းပါးလောက်ကို ဒီဇိုင်းအဟောင်းနဲ့ပဲ ရှိနေခဲ့ပြီး ဘယ်လိုပြောင်းလဲမလဲဆိုတာတော့ လာမည့် ပြပွဲမှာ တွေ့ရဖွယ်ရှိပါတယ်။ Android TV နဲ့ Amazon Fire TV တို့မှာ voice ဖန်ရှင်တွေ ပါလာတဲ့အတွက် အခုလာမည့် Apples TV မှာလည်း voice functions ပါလာဖွယ်ရာရှိပါတယ်။ မသေချာသေးတဲ့ ဖီးချားတွေနဲ့အတူ Apple ကတော့ ထွက်လာတော့မှာပါ။ ဒါ့ကြောင့် စောင့်ကြည့်ကြပါစို့လို့သာ ပြောပါရစေ။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *