How-to

HTC One နဲ့ Microphone နည်းပညာပိုင်းဆိုင်ရာ တရားရင်ဆိုင်မှုတွင် Nokia အနိုင်ရ

STMicroelectronicမှ ထုတ်လုပ်ပြီး HTC One ဖုန်းများတွင် အသုံးပြုထားသော Microphoneများနှင့် ပတ်သက်သော နည်းပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုအတွက် တရား ရင်ဆိုင်ရာတွင် Nokiaမှ အနိုင်ရသွားပါတယ်။ Amsterdam တရားရုံးက ဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီး တရားရုံး ဆုံးဖြတ်ချက်များအရ Nokiaဟာ အဆိုပါ Microphone နည်းပညာများကို သူကိုယ်ပိုင် သုံးစွဲဖို့ ထုတ်လုပ် ဖန်တီးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ Nokiaရဲ့ ပြောရေးဆိုခွင့် ရှိသူရဲ့ ပြောကြားချက်အရ “HTCဟာ အခု Microphoneနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မူပို်င် နည်းပညာအဖြစ် ကြေညာပြီး ဈေးကွက်တင်ခဲ့တာကြောင့် အခုလို တရားရုံးကနေ နည်းပညာ မူပိုင်ခွင့်အတွက် အမှုရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခုလို အနိုင်ရခဲ့တာပါ”ဟု ပြောပါတယ်။ အခုလို ဆုံးဖြတ်ချက်ကြောင့် STMicroဟာ ဒီနှစ်ကုန်ပိုင်းအထိသာ HTCကို Microphoneများ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ HTCဟာ ကမ္ဘာတစ်၀ှမ်းကို ဖြန့်ချိထားတဲ့ HTC Oneတွေနဲ့ ပတ်သက်ပြီး Microphoneဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အခုလို ဖြစ်ရပ်နှင့် နောက်ဆက်တွဲအဖြစ် HTCအတွက် Microphoneများ ထုတ်လုပ်ပေးခဲ့တဲ့ STMicroဟာ Nokiaကို ယူရို ၅၀၀၀၀ (စတာလင်ပေါင် ၄၃၀၀၀) ပေးချေရတော့မှာ ဖြစ်ပါတယ်။

Ref: www.guardian.com

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *