News

Nokiaရဲ့ မျက်နှာပြင်အကြီးမားဆုံး Windows Phabletပွဲထုတ် တော့မည်

ထွက်ရှိထားတဲ့ သတင်းများအရ Nokiaအနေနဲ့ ၎င်းတို့ရဲ့ ပထမဆုံး Windows Phone Phabletကို လာမယ့် စက်တင်ဘာ ၂၆ရက်နေ့မှာ ပွဲထုတ်ကြေညာမယ်လို့ သိရပါတယ်။ အဆိုပါ Phabletရဲ့ နာမည်ကတော့ Lumia 1520ဖြစ်ပြီး ပေါ့ပါးလှပနဲ့ ဒီဇိုင်းပုံစံ ဖန်တီး ထုတ်လုပ်သွားမှာပါ။ မျက်နှာပြင် ၆လက်မအရွယ် Displayမှာ ရုပ်ထွက် 1080-Pixelရှိလို့ သင့်ရဲ့ အမြင်အာရုံတွေကို ဖမ်းစားသွားမယ့် ၀င်းဒိုးဖုန်းပဲ ဖြစ်ပါတယ်။ 2GB RAMတပ်ဆင်ထားပြီး Qualcomm Snapdragon 800 Processorအသုံးပြု ထားကာ အချက်အလက်သိုလှောင်ဖို့ ဖုန်းတွင်းမှတ်ဉာဏ် 32GBထည့်သွင်း ပေးထားတဲ့အပြင် မလုံလောက်သေးရင် ထပ်မံ သုံးစွဲဖို့ SD Slotတစ်ခုလည်း စီစဉ်ပေးထားကြောင်း သိရပါတယ်။

Windows Phoneတွေရဲ့ ဈေးကွက်ဟာ Softwareထောက်ပံ့မှု မရှိခဲ့တာကြောင့် Screenကြီးကြီးတွေ မထုတ်လုပ်နိုင်ခဲ့ပေမယ့် အခုတော့ GDR3ဆိုတဲ့ Softwareရဲ့ 1080pရုပ်ထွက် ဖန်တီးပေးမှုနဲ့ အခြားသော Softwareတိုးတက်မှု တွေလည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သတင်းတွေ၊ ခန့်မှန်းချက်တွေကတော့ အများအပြား ထွက်ရှိနေခဲ့ပေမယ့် Nokiaရဲ့ တရား၀င် မိတ်ဆက်ပွဲရောက်မှသာ အဆိုပါ Lumia 1520ရဲ့ အချက်အလက်တွေကို အတိအကျ မှန်မှန်ကန်ကန် သိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Nokiaရဲ့ မျက်နှာပြင် အကြီးမားဆုံး Windows Phabletထွက်ရှိ လာခဲ့ရင်လည်း မြန်မာအိုင်စီတီက အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေးသွားမှာ ဖြစ်လို့ သင့်အနေနဲ့ ဒီ၀က်ဘ်ဆိုဒ်ကို အမြဲစောင့်ကြည့်ပါလို့ အကြံပြုပါရစေ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “Nokiaရဲ့ မျက်နှာပြင်အကြီးမားဆုံး Windows Phabletပွဲထုတ် တော့မည်

Leave a Reply

Your email address will not be published. Required fields are marked *