News

ရင်းနှီးမြှုပ်နှံမှု ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်း အဖွဲ့ ရုံးသစ်ဖွင့်လှစ်

investment-office.jpg.1

ရင်းနှီးမြှုပ်နှံမှု ဌာနဆိုင်ရာ ပူးပေါင်း လုပ်ငန်းအဖွဲ့ ရုံးသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဧပြီလ ၁၀ရက်နေ့ နံနက် ၉နာရီက ရန်ကင်းမြို့နယ်၊ သစ္စာလမ်းရှိ အဆိုပါ ရုံးအဆောက်အအုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ကော်မရှင်ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့က ရင်းနှီးမြှုပ်နှံမှု ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်း ရုံးအဖွဲ့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ရုံးအတွင်းဌာနဆိုင်ရာ ရုံးခန်းများကို ကြည့်ရှု စစ်ဆေးကြပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာ ပူးပေါင်း လုပ်ငန်းအဖွဲ့ရုံးတွင် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား သက်ဆိုင်သည့် ဌာနဆိုင်ရာ ၁၄ခုမှ ဌာနအလိုက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများကို စိစစ်/ ထုတ်ပေးခြင်း၊ အခွန်ဆိုင်ရာ ကိစ္စရပ်များ၊ စည်းကြပ်မှုဆိုင်ရာ ကိစ္စများ၊ အကောက်ခွန် ရှင်းလင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ဝင်ခွင့် ဗီဇာရရှိရေး၊ ပြည်တွင်း နေထိုင်ခွင့် ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဗီဇာ သက်တမ်း တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား စိစစ် ဆောင်ရွက်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်၍ ဌာနအလိုက် ထုတ်ပေးရမည့် လိုင်စင်များ၊ ခွင့်ပြုမိန့်များ စိစစ် ထုတ်ပေးခြင်း၊ အလုပ်သမား မှတ်ပုံတင်ခွင့် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြား ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ လွယ်ကူ ချောမွေ့ စေရန် ဆောင်ရွက်ပေးခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကုမ္ပဏီ ဖွဲ့စည်း မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းတို့ကို တစ်နေရာတည်းတွင် One Stop Service ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *