Mobile

Nokiaရဲ့ ၀င်းဒိုးဖုန်း Lumia 625 Review

iOS, Android OSတွေပဲ သုံးနေရတာ ရိုးအီနေတဲ့ စမတ်ဖုန်း အသုံးပြုသူများ အတွက် ၀င်းဒိုးဖုန်းတစ်လုံး ဖြစ်တဲ့ Nokia Lumia 625နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကမှ ထုတ်လုပ်ဖြန့်ချိ ခဲ့တာမို့လို့ ဒီစမတ်ဖုန်းဟာလည်း သင့်အတွက် ရွေးချယ်စရာ စမတ်ဖုန်းအသစ် တစ်လုံးပါ။

Display

မျက်နှာပြင်အကျယ် ၄.၇လက်မရှိပြီး IPS(In-plane Switching) LCD Capactive Touchscreenကို တပ်ဆင်အသုံးပြု ထားပါတယ်။ Multitouchလည်း ရပြီးရုပ်ထွက် အနေနဲ့ 480×800 Pixelsမှာ (~199 ppi pixel density)ထည့်သွင်း ထားကာ Screenကို ကာကွယ်ဖို့ အတွက်ကတော့ “Corning Gorilla Glass 2”အသုံးပြု ထားပါတယ်။

Connectivity

2Gကွန်ရက်မှာ GSM 850/900/1800/1900, 3Gကွန်ရက်မှာ HSDPA 850/900/2100နဲ့ 4Gကွန်ရက်မှာတော့ LTE 800/1800/2600စတာ တွေမှာ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မော်ဒယ်မြင့် ဖုန်းတွေရဲ့ ထုံးစံအတိုင်း Micro-SIMအသုံးပြု ရမှာပဲ ဖြစ်ပါတယ်။ အချက်အလက်တွေ ကူးပြောင်းဖို့ Wi-Fi 802.11 b/g/n, Bluetooth v4.0နဲ့ USB, microUSB v2.0, GPRS, EDGEစတဲ့ စနစ်တွေ အပြည့်အစုံ ပါ၀င်လာပေမယ့် NFC(Near Field Communication)စနစ်တော့ ပါ၀င်လာခြင်း မရှိပါဘူး။

Hardware & OS

ဒီဖုန်းမှာ အသုံးပြုထားတဲ့ Chipsetဟာ Qualcomm MSM8930 Snapdragonဖြစ်ပြီး CPUအမြန်နှုန်းကတော့ Dual-Core 1.2GHz Kraitဖြစ် ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ရုပ်ထွက်နဲ့ ဂရပ်ဖစ်ပိုင်း ဆိုင်ရာအတွက်လည်း GPUကို Adreno 305အသုံးပြု ထားတာ ဖြစ်လို့ ရုပ်ထွက် မညံ့တာကို တွေ့ရှိရမှာပါ။ ဖုန်းကို အသုံးပြုနိုင်ဖို့ မောင်းနှင်ထားတဲ့ OS(Operating System)ကတော့ မိုက်ခရိုဆော့ဖ်ရဲ့ Windows Phone 8ဖြစ်ပြီး “WP8 Amber”အထိ Upgradeပြုလုပ်လို့လည်း ရပါတယ်။ RAMကို 512MBအသုံးပြုထားပြီး အချက်အလက်တွေ ထားသိုဖို့ ဖုန်းတွင်း မှတ်ဉာဏ် 8GB စီစဉ်ပေးထား ပါတယ်။ မလုံလောက်သေးရင် microSD Cardကို 64GBအထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Design, Body & Battery

လိမေ္မာ်ရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အဖြူရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင်လေးမျိုးနဲ့ လာမှာ ဖြစ်ကာ ဖုန်းမှာ တပ်ဆင်ထားတဲ့ Batteryကတော့ Li-ion 2000 mAhဖြစ်ပါတယ်။ အလေးချိန် ၁၆၀ဂရမ်ရှိပြီး အဆိုပါ ဖုန်းရဲ့ပုံစံကိုလည်း မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ ဖော်ပြပေးထား ပါတယ်။

Camera

ဖုန်းမှာ တပ်ဆင်ထားတဲ့ ကင်မရာဟာ 5MPအရည်အသွေး ရှိပြီး ရုပ်ထွက်ကတော့ 2592×1936 Pixelsဖြစ်ပါတယ်။ ကင်မရာရဲ့ Featureအနေနဲ့ AutoFocus, LED Flash, Geo-Tagging, Touch Focusစတာတွေ အပြည့်အစုံ ပါ၀င်ကာ ဗီဒီယိုတွေကိုလည်း 1080p@30fpsအရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာပါ။ ရှေ့ကင်မရာလည်း ပါ၀င်ပြီး VGAထောက်ပံ့ ပေးထားတာ ဖြစ်ပါတယ်။

Entertainment

MP3/WAV/WMA/MP4/WMVစတဲ့ Formatတွေ အားလုံး ဖွင့်နိုင်ရုံမက 7GBပမာ SkyDrive Storageလည်း အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။ အသံစနစ်အတွက်လည်း Dolby Headphone Sound Enhancementအသုံးပြု ထည့်သွင်း ပေးထားတာ ဖြစ်လို့ခံစားမှု ကောင်းကောင်းနှစ်သက်တဲ့ လူတွေအတွက် အဆင်ပြေစေမှာပါ။

ဒီစမတ်ဖုန်းဟာ iOS, Android OSစတာတွေကို သုံးရတာ ရိုးအီနေသူတွေ အတွက် တစ်မူထူးခြားစေမယ့် Nokiaရဲ့ Windows OSသုံး စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ မြန်မာပြည်ကိုလည်း မကြာခင်ရောက်လာခဲ့ရင် ဈေးနှုန်းသိပ်ကြီးမှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် GSMစနစ်သုံး စမတ်ဖုန်းတွေထဲက ရွေးချယ်စရာ တစ်ခုအဖြစ် တင်ဆက်ပေးလိုက် ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *