Mobile

Nokiaရဲ့ “Lumia 925”အကြောင်း

မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် ထူးခြားတဲ့ စမတ်ဖုန်း တစ်လုံးဖြစ်တဲ့ Nokia Lumia 925နဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ အဆိုပါဖုန်းဟာ Windowsဖုန်း ဖြစ်ပြီး “Xbox Live Integration”နဲ့ “Xbox Management”ပါ၀င် တာကြောင့် မိုက်ခရိုဆော့ဖ်ရဲ့ Xboxဂိမ်းစက် တွေနဲ့လည်း တွဲဖက်နိုင်မှာ ဖြစ်ပါတယ်။ အန်းဒရွိုက်ဖုန်း၊ iPhoneတွေချည်းပဲ သုံးနေရတာ ရိုးအီနေသူတွေ အတွက် ဒီ၀င်းဒိုးဖုန်းလေးကို သုံးကြည့်ပါလို့ Suggestလုပ် ပါရစေ။

Display

မျက်နှာပြင်အကျယ် ၄.၅လက်မနဲ့ 768×1280 Pixels Resoultion(~332 ppi Pixel Density)ရှိတဲ့ AMOLED Capactive Touchscreenကို တပ်ဆင် အသုံးပြု ထားပါတယ်။

Connectivity

2G, 3G, 4G LTEစနစ်တွေ အကုန်လုံးမှာ ချိတ်ဆက် အသုံးပြုနိုင်ပြီး Micro-SIM Cardထည့်သွင်း ရမှာပါ။ ဒါ့အပြင် Dataတွေ ကူးပြောင်းဖို့ Wi-Fi 802.11 a/b/g/nနဲ့ Bluetooth 3.0, USB, microUSBတို့သာမက NFC(Near Field Communication)ပါ ထည့်သွင်းထားတာ ဖြစ်လို့ အဆင့်မြင့် စမတ်ဖုန်း တစ်လုံးလို့ ဆိုနိုင် ပါတယ်။ GPRS, EDGE, HSPDAစတဲ့ စနစ်တွေနဲ့လည်း အသုံးပြုနိုင်မှာပါ။

Hardware & OS

ဒီဖုန်းမှာ တပ်ဆင်ထားတဲ့ Chipsetကတော့ Qualcomm MSM 8960 Snapdragonဖြစ်ပြီး Microsoftက ထုတ်လုပ်တဲ့ “Windows Phone 8”OSကို အသုံးပြုထား ပါတယ်။ CPUက Dual-Core 1.5 GHz Kraitနဲ့ ဂရပ်ဖစ်ကတော့ Adreno 225တပ်ဆင် အသုံးပြုထားတာပါ။ ဖုန်းရဲ့ အာရုံခံကိရိယာ(Sensor)တွေ အနေနဲ့လည်း Screenကို အလိုလျောက် လှည့်ပေးမယ့် Accelerometer, ဖုန်းပြောချိန် Screenကို ပိတ်ထားပေမယ့် Proximity, တည်နေရာ ရပ်ညွှန်းထောင့်တွေကို တွက်ချက်ပေးမယ့် Compassနဲ့ ဖုန်းရဲ့ တိမ်းစောင်းမှုကို အသေးစိတ် တွက်ချက်ပေးမယ့် Gyro Sensorစတာတွေ စုံစုံလင်လင် ပါ၀င်လာတာကို တွေ့ရပါတယ်။

Design, Body & Battery

ဖုန်းမှာ အသုံးပြုထားတဲ့ Batteryက Li-Ion 2000 mAhဖြစ်ပြီး ဖြုတ်/တပ်လို့ ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 3Gကွန်ရက်မှာ Talking Time ၁၂နာရီ ၄၀မိနစ် အသုံးခံကာ သီချင်းဖွင့်ထားရင်တော့ ၅၅နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ကိုယ်ထည်ဒီဇိုင်းဟာလည်း ပါးပါးလွှလွှနဲ့ လှပပြီး စွဲမက်ဖွယ်ရာ ဖန်တီးထုတ်လုပ် ထားတာကြောင့် Nokia Fanမဟုတ်တဲ့ လူတွေပါ မျက်စိကျစရာ ဖြစ်နေပါတယ်။ RAM 1GBတပ်ဆင် ပေးထားပြီး ဖုန်းတွင်းမှတ်ဉာဏ် 16GB, 32GBဗားရှင်း ၂မျိုးနဲ့ အသုံးပြုနိုင်မှာပါ။ Memoryကဒ်တော့ ထပ်မံထည့်သွင်း နိုင်မှာ မဟုတ်ပါဘူး။

Camera

ဖုန်းမှာ တပ်ဆင်ထားတဲ့ ကင်မရာဟာ 8MPအရည်အသွေးရှိ Carl Zeiss Opticsမို့လို့ အထင်သေးလို့ မရတဲ့ ကင်မရာ ဖြစ်ပါတယ်။ 3264×2448 Pixelsရုပ်ထွက် နဲ့ကင်မရာရဲ့ Featureတွေ အနေနဲ့ Image Stablization, Auto Focus, Dual-LED Flash, Geo-Tagging, Touch Focusစသဖြင့် ပြည့်ပြည့်စုံစုံ ပါ၀င်လာပါတယ်။ ဗီဒီယိုတွေကို 1080p@30fpsအရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး ရှေ့ကင်မရာ 1.3MP, 720p@30fpsတပ်ဆင် ပေးထားပါတယ်။

အဖြူ၊ အနက်နဲ့ မီးခိုးရောင်ဆိုပြီး ကာလာသုံးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Amazonရဲ့ ဈေးနှုန်းသတ်မှတ်ချက် အရတော့ ဒေါ်လာ ၅၀၀နီးပါး ရှိပါတယ်။ Nokiaဟာ မိုဘိုင်းဖုန်း လောကထဲမှာ သက်တမ်းအကြာဆုံး ဖြစ်တဲ့အပြင် စမတ်ဖုန်းတွေ ခေတ်စားလာတဲ့ အချိန်မှာလည်း Windows Phoneတွေထုတ်လုပ်ကာ မတူညီတဲ့ ပုံစံမျိုးနဲ့ နေရာယူလျက် ရှိပါတယ်။ ဒါကြောင့် သင်လည်း ကမ္ဘာမှာ လူသုံးများနေတဲ့ Windows Phoneတွေကို ၀ယ်ယူသုံးစွဲပြီး မတူညီတဲ့ ရသတွေ ခံစားလိုက်ပါတော့။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *