Mobile

တရုတ်မှာ Nokia Lumia 1020 ပွဲထုတ်

ယနေ့မနက်အစောပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမှာ လုပ်တဲ့ပွဲတစ်ခုမှာ Nokiaရဲ့ တရုတ်GM Erik Bertmanနဲ့ တာ၀န်ရှိသူတွေဟာ Nokiaရဲ့ အသစ်ကျပ်ချွတ် Lumia 1020စမတ်ဖုန်းကို မိတ်ဆက်ပွဲထုတ် ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းမှာ 41MPရုပ်ထွက် အရည်အသွေးရှိ ကင်မရာကို တပ်ဆင်အသုံးပြု ထားပြီး လက်ရှိမှာတော့ တရုတ်နိုင်ငံမှာ Latest Windows Phoneဖြစ်နေပါတယ်။ ၉၇၃ဒေါ်လာခန့် သတ်မှတ်ထားပြီး အဆိုပါ ဈေးနှုန်းဟာ နိုင်ငံတွင်းရှိ 32GB iPhone5 ရဲ့ လက်ရှိဈေးနှုန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ (Nokia Lumia 1020ဟာလည်း 32GBပဲ ဖြစ်ပါတယ်)။ ဒါပေမယ့် အဲဒီဈေးနဲ့ သင်ရရှိမယ့် ကင်မရာကတော့ အံ့မခန်းပါပဲ။ 41MPအရည်အသွေးဟာ ဘယ်စမတ်ဖုန်းမှာမှ မရှိသေးတဲ့ ကင်မရာဖြစ်ပြီး Mini Tripodနဲ့ Camera Grip Caseလိုမျိုး Accessoriesတွေလည်း ရရှိဦးမှာပါလို့ ဆိုထားပါတယ်။

အဆိုပါ စမတ်ဖုန်းဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး Telecomဖြစ်တဲ့ China Mobileနဲ့ ပူးပေါင်းမှာ ဖြစ်ပြီး တရုတ်ပြည်အတွက် စမတ်ဖုန်းအလုံးရေ ၄.၁သန်းသာ ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးအတွက် အဆိုပါ Lumia 1020ရဲ့ အချက်အလက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

3G Networkမှာ Talking Time ၁၃နာရီနဲ့ မိနစ်နှစ်ဆယ် အသုံးခံတဲ့ Li-ion 2000mAh Batteryကို တပ်ဆင်ထားပြီး ဘက္ထရီဖြုတ်လို့ရမှာတော့ မဟုတ်ပါဘူး။ Microsoftက ထုတ်တဲ့ Windows Phone 8 OSကို အသုံးပြု မောင်းနှင်ထားပြီး WP8 Amberကိုလည်း Upgradeပြုလုပ်နိုင်မှာပါ။ Qualcomm MSM8960 Snapdragonဆိုတဲ့ Chipsetကို တပ်ဆင်ထားပြီး CPUအနေနဲ့ Dual-Core 1.5 GHz     Kraitပါ၀င်ပါတယ်။ ဒါ့အပြင် GPUကို Adreno 225အသုံးပြုထားပြီး Accelerometer, Gyro, Proximity, Compassနဲ့ Barometerစတဲ့ Sensorတွေ အပြည့်အစုံ ထည့်သွင်းထားပြီး Browserဟာလည်း HTML5 ဖြစ်ပါတယ်။

အဓိက ကင်မရာမှာ 41MPဆိုပေမယ့် တကယ်တမ်းကျ 38MPပဲ Effectဖြစ်တာကို တွေ့ရပါတယ်။ Resolutionကတော့ 7152×5386 pixelsဖြစ်ပြီး LED Flash, Auto/Manual Focus, Image Stabilization, Carl Zeiss Opticsနဲ့ Xenonစတာတွေလည်း ပါတဲ့အပြင် Panorama, Face Detection, Geo-Tagging, PureView Technologyနဲ့ အခုခေတ်စားနေတဲ့ Dual Captureပါ Featureအနေနဲ့ ပါ၀င်လာ ပါတယ်။ Videoတွေကိုလည်း 1080p@30fpsရုပ်ထွက် အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ကင်မရာကတော့ 1.2MP, 720p@30fpsဖြစ်ပါတယ်။

Dataတွေချိတ်ဆက် ကူးပြောင်းဖို့ GPRS, EDGE, WLANနဲ့ Bluetooth v3.0 with A2DP, microUSB v2.0တို့သာမက NFC(Near Field Communication)လည်း အသုံးပြုလို့ရပါတယ်။ Internal Memory 32GBနဲ့ 64GBဆိုပြီး ၂မျိုးရှိကာ RAMကိုတော့ 2GBတပ်ဆင်ထားပါတယ်။ Dolbyအသံစနစ် ပါ၀င်ပြီး AMOLED Capactive Touchscreenမျက်နှာပြင် အကျယ် လေးလက်မခွဲဖြစ်ပါတယ်။ အလေးချိန် ၁၅၈ဂရမ် ရှိပြီး micro-SIMအသုံးပြုတာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာဆိုရင် ကဒ်ချိုးထည့်ရမှာ ဖြစ်ပါတယ်။

အဖြူ၊ အနက်၊ အဝါနဲ့ အနီဆိုပြီး အရောင်လေးမျိုး ထုတ်လုပ်ထားကာ GSM စနစ်2G, HSPDA စနစ်3Gနဲ့ 4GLTEကွန်ရက်တွေ အားလုံးမှာ ချိတ်ဆက်အသုံးပြု နိုင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “တရုတ်မှာ Nokia Lumia 1020 ပွဲထုတ်

Leave a Reply

Your email address will not be published. Required fields are marked *