News

Nokiaရဲ့ မျက်နှာပြင်ကျယ် ၀င်းဒိုးဖုန်း ပွဲထုတ်မယ့်ရက် နောက်ဆုတ်

ဖင်လန်နိုင်ငံ အခြေစိုက် မိုဘိုင်းဖုန်း ကုမ္ပဏီ Nokiaအနေနဲ့ ၎င်းတို့ရဲ့ လူစိတ်၀င်စားမှု ခံနေရတဲ့ မျက်နှာပြင် ၆လက်မအရွယ် Lumia 1520၀င်းဒိုးဖုန်းကို နယူးယောက်မြို့၌ ယခုလအတွင်း ပွဲထုတ်မယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ ကုမ္ပဏီအနေနဲ့ အဆိုပါ စမတ်ဖုန်း ပွဲထုတ်မယ့် ရက်ကို နောက်လအထိ ရွှေ့လိုက်ပြီ ဖြစ်ပါတယ်။ Nokiaနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာတဲ့ သတင်းဖြစ်ပြီး အဆိုပါ မျက်နှာပြင်ကျယ် ၀င်းဒိုးဖုန်း မိတ်ဆက်မယ့်ပွဲကို အောက်တိုဘာလလယ်မှာ လုပ်မယ်လို့ လျာထားပါတယ်။ ဒါ့အပြင် ပွဲကျင်းပမယ့် နေရာကိုလည်း နယူးယောက်မြို့မှာ မဟုတ်တော့ဘဲ အခြားတစ်နေရာရာမှာ ပြောင်းလဲကျင်းပ သွားဖွယ် ရှိပါတယ်။

အမေရိကန်အခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Microsoftက Nokiaရဲ့ မိုဘိုင်းဖုန်းလုပ်ငန်းကို ၀ယ်ယူခဲ့ပေမယ့် Nokiaကတော့ ၎င်းတို့ရဲ့ မျက်နှာပြင် ၆လက်မအရွယ် Lumia 1520ကို ထွက်ရှိဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ ထဲက ပြင်ဆင်နေခဲ့တာပါ။ အမေရိကန် မိုဘိုင်းကွန်ရက် AT&Tမှာတော့ အဆိုပါ ၀င်းဒိုးဖုန်းဟာ လာမယ့် နို၀င်ဘာလထဲ ရရှနိုင်ဖွယ် ရှိနေပါတယ်။ အဖြူ၊ အနက်၊ အနီနဲ့ အဝါဆိုပြီး ကာလာလေးမျိုး ထုတ်လုပ် သွားမှာ ဖြစ်သလို Nokiaအနေနဲ့ ယခုလို ပွဲနောက်ဆုတ်သွားခြင်းဟာ Microsoftရဲ့ ၀ယ်ယူမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်နှာပြင်အကြီးဆုံး ၀င်းဒိုးဖုန်းသာမက Nokiaဟာ Siriusလို့ နာမည်ပေးထားတဲ့ ဒေါ်လာ ၅၀၀တန် ၁၀လက်မအရွယ် Windows RT Tabletတစ်မျိုး ကိုလည်း ထုတ်လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။ Nokiaကို ၀ယ်ယူခဲ့တဲ့ Microsoftကတော့ Nokiaထက် ဦးအောင် ၎င်းတို့ရဲ့ Surface 2နဲ့ Surface 2 Pro Tabletအသစ် နှစ်မျိုးကို လာမယ့် ရက်သတ္တပတ်ထဲ ပွဲထုတ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *