News

Facebook မှာ Video ကြော်ငြာတွေ တွေ့ရတော့မည်

ကမ္ဘာကျော် လူမှုကွန်ရက် Website တစ်ခုဖြစ်တဲ့ Facebookပေါ်မှာ မကြာခင် Video ကြော်ငြာများ တွေ့ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း Sponsored Page တွေ၊ ကြော်ငြာတွေကို Userတွေရဲ့ News Feedမှာ တွေ့နေ ရပါတယ်။ Facebookဟာ ၀င်ငွေတွေ ပိုမိုရရှိစေရေးအတွက် ၁၅စက္ကန့်စာ ဗီဒီယို ကြော်ငြာ လေးတွေကိုပါ ထည့်သွင်းသွားဖို့ စီစဉ်နေပါတယ်။ ကုမ္ပဏီတွေ အနေနဲ့ ၎င်းတို့ရဲ့ကြော်ငြာတွေကို TV ကြော်ငြာ စရာမလိုတော့ပဲ Facebookမှာတင် လာရောက် ကြော်ငြာနိုင်ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် User တစ်ယောက် အနေနဲ့ News Feedမှာ တစ်ရက်ကို ကြော်ငြာဗီဒီယို သုံးခုသာ တွေ့ရမှာပါလို့လည်း Facebookက ဆိုထား ပါတယ်။

ဒါ့အပြင် ကုမ္ပဏီတွေက ကုန်ပစ္စည်းတွေကို Facebook Video Clip ကြော်ငြာလေးတွေ သုံးပြီး အသက်အရွယ် အလိုက်၊ Gender အလိုက်ခွဲခြားကာ Targetထား ကြော်ငြာသွားမှာ ဖြစ်ပါတယ်။ လူတွေ အများစုက TV ကြော်ငြာတွေ ကြည့်နေမယ့်အစား Social Network ရဲ့ Video Clip ကြော်ငြာတွေပေါ် အာရုံစိုက် လာအောင် Facebookက လုပ်ဆောင်တော့မှာပဲ ဖြစ်ပါတယ်။ ကြော်ငြာရှင်တွေ အနေနဲ့လည်း TV ကြော်ငြာတွေထက် လူတွေ နေ့စဉ်သုံးနေကြတဲ့ Social Website ဖြစ်တဲ့ Facebook ပေါ်မှာ ကြော်ငြာခြင်း အားဖြင့် ကုန်ကျစရိတ်လည်း ပိုမိုသက်သာမှာ ဖြစ်ပါတယ်။

Ref: http://www.theverge.com/2013/7/30/4572346/facebook-video-ads-rumored-to-come-to-news-feed

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *