News, Review

News Feeds မှာ လူတွေရဲ့ စိတ်ကိုစမ်းသပ်မှု လုပ်ထားကြောင်း Facebook ထုတ်ပြော

တကယ်တော့ ကျွန်တော်တို့တစ်တွေဟာ နည်းပညာရဲ့ ဓါတ်ခွဲခန်းထဲက အစမ်းသပ်ခံ ကြွက်ကလေးတွေ ဖြစ်နေပါရော့လား။ Facebook က အကြမ်းအားဖြင့် သုံးစွဲသူတွေရဲ့ news feeds တွေ၊ သူတို့မြင်ရတဲ့ ကြေညာတွေနဲ့ မကြာခဏ ပေါ်လာလေ့ရှိတဲ့ ဓါတ်ပုံဆိုက်ဒ် တွေကို အမြဲတမ်း ချိန်ညှိနေကြတာပါ။ ဒါတွေလုပ်ခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ ကြေညာတွေကို ဘယ်ခါကြည့်ကြည့် မရိုးအောင်နဲ့ ထွက်ကုန်တွေကို အသုံးဝင်အောင် ကြေညာချင်လို့ လုပ်တာဖြစ်တယ်လို့ Facebook ကုမ္ပဏီက ပြောပါတယ်။

ဒါပေမယ့် အရင်အပါတ်က Facebook က သူ့ရဲ့အသုံးပြုသူ မီလီယံဝက်လောက်ကို random ကျကျ အလှည့်ကျ ရွေးချယ်ပြီး ရွေးချယ်ခံရတဲ့ အသုံးပြုသူများရဲ့ news feeds မှာ စတေ့တပ်စ် အသစ်တွေကို positive လုပ်တဲ့သူတွေ (like လုပ်တဲ့သူ) ကို positive တွေကိုပဲ များများမြင်အောင်လုပ်ပြီး negative လုပ်တဲ့သူတွေကို (like မလုပ်ပဲ) အဲဒီပို့စ်တွေကို နောက်မှာ သိပ်မမြင်အောင် လုပ်ထားတယ်ဆိုတာကို ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ သူတို့အပြောအရတော့ ဒါဟာ စိတ်ပိုင်းဆိုင်ရာ လေ့လာမှုတစ်ခု (သို့) စမ်းသပ်မှု တစ်ခုလို့ ရှင်းချက် ထုတ်ထားပါတယ်။ ကုမ္ပဏီအပြောအရတော့ အသုံးပြုသူတွေရဲ့ သဘောတူညီမှုနဲ့ ဒီစမ်းသပ်မှုတွေကို လုပ်တာဖြစ်ပါတယ်လို့ ပြောပါတယ်။ “Facebook ရဲ့ စတန့်ထွင်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ အချက်တွေကြောင့် ဘယ်သူကိုမဆို Facebook က သတ်နေလားလို့ စိုးရိမ်မိပါတယ်၊ သူတို့ရဲ့ တတ်ကျွမ်းမှုတွေနဲ့ လူတွေကို စိတ်ဓါတ်တွေ ကျအောင်လုပ်နေသလား? ဒါဟာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” လို့ လူအခွင့်အရေး ပညာရှင် ဝိန်းစတိန်းက သူ့ရဲ့ twitter ပို့စ်မှာရေးသားထားပါတယ်။

တနင်္ဂနွေနေ့ နေ့လည်ခင်းတုန်းကတော့ ဒီလေ့လာမှုကို စတင်ခဲ့တဲ့ Facebook က သုတေသနပညာရှင် တစ်ယောက်ဖြစ်တဲ့ အဒမ် ဒီအိုင် ခရေမာ ကတော့ သူ့ရဲ့ Facebook page စာမျက်နှာမှာ ပြည်သူလူထုကို လူသိရှင်ကြား တောင်းပန်ထားပါတယ်။ “တချို့လူတွေဟာ ဒီကိစ္စကို မကျေနပ်နေကြတာကို ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော်နဲ့ ကျွန်တော့ရဲ့ ပါတနာတွေက ဒီလိုမျိုး စိုးရိမ်စရာကိစ္စတစ်ခုလိုမျိုး ဖြစ်အောင် စာမျက်နှာထက်မှာ ရေးသားသလိုဖြစ်သွားတာ အရမ်းစိတ်မကောင်းပါဘူး” လို့ သူကပြောသွားခဲ့ပါတယ်။ Facebook က အသုံးပြုသူတွေရဲ့ ဒယ်တာတွေကို ခွဲခြမ်းဖို့ အတော်အားစိုက်ရတဲ့ အင်တာနက် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Google တို့ Yahoo တို့ဟာလည်းပဲ သူတို့ရဲ့ အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှု သို့ ရှာဖွေမှုတွေ၊ သတင်းဖတ်တဲ့ history တွေကို မှတ်တမ်းတင်ထားကြပါတယ်။ သူတို့ပြောတာက အသုံးပြုသူတွေကို ပိုပြီး ပြီးပြည့်စုံစေအောင် လို့ပြောပါတယ်။ ဒါပေမယ့် Facebook ကတော့ ဒီလိုမျိုး ရည်ရွယ်ချက်မျိုးကို အခြေခံတဲ့ ကိစ္စလေးတစ်ခုတောင်မှာ မလုပ်ဖူးပါဘူး၊ အခုမှ စမ်းသပ်တဲ့ သဘောပါ။

“Facebook ကတရားမဝင်တာ ဘာမှမလုပ်ခဲ့ပါဘူး ဒါပေမယ့် သူတို့ရဲ့ ကာစတမ်မာတွေကြောင့် သူတို့အမှန်ကို မလုပ်ခဲ့ကြတာပါ” လို့ နည်းပညာ ခွဲခြမ်းစိတ်ဖြာ ပညာရှင် ဘရိန်း ဘလူက ပြောခဲ့ပါတယ်။ Facebook ရဲ့ရည်ရွယ်ချက်က သူတို့ရဲ့ ဝန်ဆောင်မှုကို အချိန်များများသုံးစေပြီး သုံးစွဲသူတွေကို လိုချင်တာ ရစေချင်တာ လို့ပြောပါတယ်။ Facebook ရဲ့ ထွက်ကုန် အရာရှိ ခရစ်စ် ကို့ဇ်ကလည်း “တကယ်တော့ ကျွန်တော်တို့ဟာ လူတွေ သူတို့လိုချင်တာကို ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ အချိန်အတိုတွင်း ရစေချင်တာပါ” လို့ ပြောခဲ့ပါတယ်။ လူအခွင့်ရေး ပညာရှင် မစ္စတာ ဘလူးကလည်း Facebook ဟာ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှု လုပ်တော့မယ်ဆိုတာကို ကြိုတင်သတင်းပေး ကြေညာသင့်တယ်လို့ ပြောခဲ့ပါတယ်။ သူတို့အနေနဲ့ ဘယ်လို့ပဲ အသုံးပြုသူတွေရဲ့ သဘောတူညီချက်နဲ့ လုပ်တယ်ပြောပြော ဒီအကြောင်းကို ဘယ်သူ့ဆီကိုမှ request တောင်းတာမျိုး မလုပ်ဖူးပါဘူး။ ဒါဟာ လူတွေကို ဘောင်တခု သတ်မှတ်ပေးထားသလိုမျိုး ဖြစ်စေပြီး သုံးစွဲသူတွေကို အရမ်းစိတ်မကောင်းဖြစ်စေတဲ့ အဓိက အချက်တစ်ခု ဖြစ်ပါတယ်။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *