News

ဂျာမနီဘားတစ်ခုတွင် အရက်စပ်ဆရာ စက်ရုပ်ထားရှိ

Germany Bar

အရက်ဘားရှေ့တွင် ထိုင်နေသည့် အရက်သောက်မည့်သူ ၉ဦးအား အဆင်ပြေစွာ အရက်စပ်ပေးနိုင်သည့် စက်ရုပ်ကို ဂျာမနီနိုင်ငံ အရှေ့ပိုင်းရှိ အီမီနူမြို့တွင် အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ စက်ရုပ်သည် အရက်သောက်ရန် ရောက်ရှိလာသော သူများ၏ မှာယူမှုကို အဆင်ပြေစေရန် ဖျော်စပ်နိုင်စွမ်းရှိပြီး စက်ရုပ်၏ အမည်မှာ ကားလ် ဖြစ်သည်။

၎င်းစက်ရုပ်ကို ဂျာမန်နည်းပညာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကူကာမှ ဖန်တီးသော စက်ရုပ်အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တာဝန်ယူ တည်ဆောက်သည့် အဖွဲ့အစည်းမှာ စက်ရုပ်ထုတ်လုပ်မှု နယ်ပယ်တွင် ၂၃နှစ်သက်တမ်းရှိပြီဖြစ်သည့် စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာ ဘန်စချီဖာဦးဆောင်သော အင်ဂျင်နီယာအဖွဲ့ ဖြစ်သည်။

စက်ရုပ်သည် အရက်သောက်ရန် ရောက်ရှိလာသည့် လူများနှင့်လည်း စကား အနည်းငယ် ပြောဆိုနိုင်စွမ်းရှိပြီး ထိုသို့ပြောဆိုနိုင်ရန်အတွက် မှတ်ဥာဏ်ထည့်သွင်းပေးထားသည်။ အရက်မှာရာတွင် အဆင်ပြေစေရန်အတွက် ထိုသို့ စကားပြော စွမ်းရည် ထည့်သွင်းပေးထားသော်လည်း စကားများများ ပြောကြသည့်သူများအတွက် ၎င်းတို့၏ စကားသံများကို စက်ရုပ်က မှတ်မိနိုင်မည် မဟုတ်ကြောင်း သိရသည်။

Ref: Direct Marketing News 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *