News

Facebook က Drones, Lasers များကို အသုံးပြုပြီး အင်တာနက် ထုတ်လွှင့်ပေးမည်

Facebook က Drones, Satellite နဲ့ Lasers များ ကို အသုံးပြုပြီး အင်တာနက် ထုတ်လွှင့်ပေးဖို့ စီစဉ်နေပါတယ်။ Facebook က ပြီးခဲ့တဲ့နှစ်က Internet.org အဖွဲ့နဲ့ ပူးပေါင်းခဲ့ပြီး တစ်ကမ္ဘာလုံးမှာ အင်တာနက် အသုံးပြုနိုင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ Mark Zuckerberg က Connectivity Lab ကို တည်ထောင်ကြောင်း ကြေညာပြီး သိပ္ပံပညာရှင်များ က စီမံကိန်း ကို ဦးဆောင်ကြမှာ ဖြစ်ပါတယ်။ Connectivity Lab မှာ မြေပြင်၊ လေထု၊ အာကာသ ကနေ အင်တာနက် ထုတ်လွှင့်ပေးနိုင်တဲ့ နည်းလမ်းတွေကို တီထွင်မှာ ဖြစ်တယ်လို့ ကြာသာပတေးနေ့က Internet.org မှာ ရေးသားထားပါတယ်။

တစ်ကမ္ဘာလုံး ကို ချိတ်ဆက်ပေးဖို့အတွက် နည်းပညာ အသစ်တွေ လိုအပ်ပါတယ် လို့ Zuckerberg က Facebook မှာ ရေးသားထားပါတယ်။

Facebook က NASA , the National Optical Astronomy Observatory နဲ့ Ascenta မှ သိပ္ပံပညာရှင်များ ကို ငှားရမ်းထားပြီးဖြစ်ပါတယ်။ Ascenta မှာ နေရောင်ခြည်စွမ်းအင်နဲ့ မောင်းနှင်တဲ့ Drone ကို တီထွင်နေတဲ့ ဗြိတိန် Company ဖြစ်ပါတယ်။ အဲဒီ သိပ္ပံပညာရှင်တွေဟာ နေရောင်ခြည်စွမ်းအင်သုံး Drone များကို အသုံးပြုပြီး အင်တာနက် ထုတ်လွှင့်ပေးဖို့ တီထွင်မှာ ဖြစ်ပါတယ်။ လူနေသိပ်သည်းမှုနည်းပါးတဲ့ ဒေသတွေမှာတော့ Satellite ကို အသုံးပြုပြီး အင်တာနက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဒီလအစောပိုင်းမှာ Facebook က Drone ထုတ်လုပ်သူ Titan ကို ၀ယ်ယူမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ Facebook ရဲ့ စီမံကိန်း အသစ်မှာ အဲဒီ Company ပါ၀င်လာမလားဆိုတာ တော့ မသေချာသေးပါဘူး။

Internet.org ဟာ ဖိလစ်ပိုင် ၊ ပါရာဂွေး ရှိလူဦးရေ သုံးသန်း ကို အင်တာနက် အသုံးပြုနိုင်အောင် ကူညီခဲ့ပြီးဖြစ်ပြီး မိုဘိုင်းဒေတာ အသုံးပြုမှု ကို နှစ်ဆမြင့်တက်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့ Zuckerberg က ပြောပါတယ်။

Google ကလည်း အဲဒီလို စီမံကိန်း ကို တီထွင်နေတာ ကြာပြီ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် နို၀င်ဘာလ မှာ Project Link ကို ကြေညာခဲ့ပြီး ဖိုင်ဘာဆက်သွယ်မှု ကို မိတ်ဆက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း လေဘောလုံး တွေကနေ အင်တာနက် ထုတ်လွှင့်ပေးခဲ့ပါသေးတယ်။ အဲဒီစီမံကိန်း ကို Project Loon လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *