News

Non-Profit Organization ၁၈ ခုကို Facebook ကနေ တိုက်ရိုက်ငွေလှူလို့ရတော့မည်

Facebook ကနေ Non-Profit Organization ၁၈ ခု ကိုငွေလှူလို့ရမည့် Feature အသစ်ကို Facebook ဟာ ဒီနေ့ပဲ မိတ်ဆက်လိုက်ပါပြီ ။ Holiday Season ကစပြီး ဒီ Feature ကိုစတင်အသုံးပြုလို့ရမှာ ဖြစ်တယ်လို့ သိရှိရပါတယ် ။ ဒီ Non-Profit Organization ၁၈ ခုရဲ့ သက်ဆိုင်ရာ Facebook Page တွေရဲ့ News Feed Posts တွေရဲ့ ဘေးမှာပဲ “Donate” Button အသစ်ဟာ ပါ၀င်လာမှာဖြစ်ပါတယ် ။ တစ်ခုသိထားရမှာက ဘယ်နိုင်ငံကနေပဲ လှူလှူ Facebook ကနေ လှူဒါန်းသမျှ အားလုံးဟာ အမေရိကန်ဒေါ်လာ တစ်မျိုးထဲနဲ့ သာလှူဒါန်းလို့ရမှာပါ ။

Asset-1

Facebook ကိုလည်း Social Network သုံးသူတိုင်း ရင်းနှီးပြီးသားမို့လို့ လှူဒါန်းဖို့မခက်ခဲပါဘူး ။ “Donate” Button ကိုနှိပ်လိုက်ပါ ။ ပြီးတာနဲ့ လှူဒါန်းချင်တဲ့ Amount ကို ထည့်လိုက်ပါ ။ နောက်ဆုံးအနေနဲ့ သင့်ရဲ့ Payment Information ကိုထည့်ပေးပြီး Submit လုပ်လိုက်ရုံပါပဲ ။ Facebook က ဒီ၀န်ဆောင်မူ့ကို ဘာအကျိုးအမြတ်မှ မယူဘဲ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ် ။ သင် လှူဒါန်းလိုက်သမျှ အားလုံးဟာ သင် လှူဖို့ရွေးချယ်ထားတဲ့ Organization တွေဆီကို အကုန်လုံး ရောက်ရှိသွားမှာဖြစ်ပါတယ် ။

Facebook ဟာ ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခိုက်ခဲ့တဲ့ Haiyan Typhoon ပြီးနောက် ဒီ Feature ကိုစတင်ခဲ့တာဖြစ်ပါတယ် ။ နောက်ပိုင်းမှာ Facebook ဟာ ဒီ Feature ကို ယခုပါ၀င်နေတဲ့ Non-Profit Organization ၁၈ ခုအပြင် နောက်ထပ် တစ်ခြားသော Organizations တွေကိုလည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ် ။ ဒါကြောင့် ပါ၀င်ချင်တဲ့ Organizations တွေအနေနဲ့လည်း Facebook မှာ Donate Interest Form ကိုဖြည့်ထားလိုရပါတယ် ။

Asset-2--730x365

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *