How-to

Facebookရဲ့ Graph Searchကို အသုံးပြုနည်းများ

Facebookကသူ့ရဲ့ Search Engineအသစ်ဖြစ်တဲ့ Graph Searchကို English U.S အသုံးပြုသူတွေ အားလုံးကို ပေးသုံးလိုက်ပါပြီ။ Graph Searchကို အသုံးပြုချင်ရင် https://www.facebook.com/about/graphsearch ကိုသွားပြီး Try Graph Searchကို နှိပ်ပြီးရင် စတင် အသုံးပြုနိုင်ပါပြီ။ Search Boxရဲ့ ပုံစံပြောင်းသွားရုံတင် မကပါဘူး Search Engineကလည်း တော်တော် အစွမ်းထက်ပြီး အသုံး၀င်ပါတယ်။ ဒီဆောင်းပါးမှာ Graph Searchကို ကောင်းစွာ အသုံးချနိုင်မယ့် နည်းအချို့ကို ရေးပါမယ်။

ဝါသနာတူရာ သူငယ်ချင်း မိတ်ဆွေတွေကို ရှာပါ

ဝါသနာတူရာ သူငယ်ချင်းတွေကို ရှာဖို့ Graph Searchက အသုံး၀င်ပါတယ်။ Graph Searchကနေ “People who like Myanmar ICT”လို့ရိုက်ရှာလိုက်ရင် Myanmar ICTကို နှစ်သက်တဲ့ ဝါသနာတူသူတွေကို ရှာတွေ့နိုင်ပြီး မိတ်ဖွဲ့နိုင်ပါပြီ။

ဒါတင် မကသေးပါဘူး။ ညာဘက် Sidebarကနေ Age, Relationship, Schools, Degree, Birth Year, Like Pages, Employee စတာတွေနဲ့ Filterလုပ်ပြီး ထိထိရောက်ရောက် ရှာနိုင်ပါတယ်။

သူငယ်ချင်း၊ မိတ်ဆွေဟောင်းတွေကို ဆက်သွယ်ပါ

သင်နဲ့အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတွေကို ရှာပါ။ “People who were born in 1982 and went to BEHS 1 Dagon”လို့ရိုက်ရှာလိုက်ရင် 1982ခုနှစ်မွေးပြီး Dagon 1 ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းတွေကို အလွယ်တကူ ရှာတွေ့ပြီပေါ့။ သိပ်ပြီးခက်ခက်ခဲခဲ ရိုက်စရာလည်း မလိုပါဘူး။ Graph Searchက Auto Suggestလုပ်ပေးပါလိမ့်မယ်။

Photoတွေကို ရှာပါ

Graph Searchမှာ Photoတွေကိုလည်း လွယ်လွယ်ကူကူ ရှာနိုင်ပါသေးတယ်။ “Photos of Nan Khin Zay Yar”လို့ရိုက်ရှာလိုက်ရင် နန်းခင်ဇေယျာရဲ့ ပုံတွေကို မြင်တွေ့နိုင်ပါတယ်။

အလုပ်အကိုင်ရှာဖွေဖို့အတွက် အသုံးပြုပါ

Companyတစ်ခုမှာ ၀င်ရောက်လုပ်ကိုင်ချင်တဲ့ အခြေအနေမျိုး၊ အဲဒီ Companyမှာ လုပ်နေတဲ့သူနဲ့ ဆက်သွယ်ချင်တဲ့ အခြေအနေမျိုးမှာလည်း Graph Searchက အသုံး၀င်ပါတယ်။ “ People who work at Telenor and live in Myanmar”လို့ရိုက်ရှာလိုက်ရင် Telenorမှာ လက်ရှိအလုပ်လုပ်နေပြီး မြန်မာပြည်မှာနေတဲ့သူနဲ့ သင်ဆက်သွယ်လို့ရပါပြီ။

 


သင့်ရဲ့ Customerတွေ ဘာတွေကို နှစ်သက်သလဲဆိုတာ လေ့လာပါ

သင့်ရဲ့ Brand Page, Fan Pageကို Likeလုပ်ထားတဲ့ Customerတွေ တစ်ခြားဘယ် Pageတွေကို ကြိုက်နှစ်သက်လဲဆိုတာ ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ Customerတွေ ဘာတွေကို နှစ်သက်သလဲဆိုတာ လေ့လာဖို့ “Pages liked by (someone)”လို့ရိုက်ရှာလိုက်ရင် သင့် Customerတွေ နှစ်သက်တဲ့ အကြောင်းအရာတွေကို တွေ့မြင်နိုင်ပြီး သင့် Customerတွေကို စွဲဆောင်နိုင်မယ့် နည်းလမ်းတွေကို သိရှိနိုင်ပါပြီ။

Facebookကို Social Dating Siteတစ်ခုလို အသုံးပြုပါ

Graph Searchကို ချစ်သူရှာဖို့လည်း သုံးနိုင်ပါသေးတယ်

“Single women who were born in 1985  and live in Yangon, Myanmar”လို့ရိုက်ရှာလိုက်ရင် 1985မှာမွေးတဲ့ အိမ်ထောင်မရှိသေးတဲ့ အပျိုလေးတွေ သင်တွေ့နိုင်ပါတယ်။


သူငယ်ချင်းတွေရဲ့ မကောင်းတဲ့ အကျင့်တွေကို စပ်စုပါ

Adult Pages, Porn Pagesတွေကို Likeလုပ်ထားတဲ့ သူငယ်ချင်းတွေကို့လည်း စပ်စုလို့ရပါတယ်။ “My friends who like porn films”လို့ရိုက်ရှာပြီး စပ်စုလို့ ရပါတယ်။

သင့်ရဲ့ Privacyကို ကာကွယ်ပါ

Facebook Graph Searchရဲ့ အသုံး၀င်ပုံတွေကို အခုလောက်ဆို စာဖတ်သူ သိရှိပါပြီ။ Graph Searchက အကျိုးများသလို သင့်ရဲ့ Privacyကို ထိခိုက်စေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ အဲဒီအတွက် သင် Likeလုပ်ထားတဲ့ Pagesတွေထဲက တစ်ချို့တွေကို  တစ်ခြားသူတွေ မမြင်နိုင်အောင် ကာကွယ် ထားသင့်ပါတယ်။ သင့်ရဲ့ Time lineကို သွားပြီး more>likes>edit>edit privacyမှာ သင် Likeလုပ်ထားပြီး မမြင်စေချင်တဲ့ pagesတွေကို Only meလုပ်ထားပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Facebookရဲ့ Graph Searchကို အသုံးပြုနည်းများ

Leave a Reply

Your email address will not be published. Required fields are marked *