News

အစိုးရသစ်လက်ထက် သံတမန်ရှစ်နိုင်ငံ တိုးလာ

လက်ရှိ အစိုးရသစ်လက်ထက်တွင် ကုန်သွယ်ဖက် ချစ်ကြည်ရေး သံတမန် ဆက်ဆံရေး နိုင်ငံအဖြစ် ရှစ်နိုင်ငံ ထပ်မံ တိုးလာကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန့်ကျော်က သြဂုတ်လ ၁၅ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။

ဦးသန့်ကျော်က ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ် ပြောင်းလဲပြီးသည့်နောက်ပိုင်းတွင် မဟာမိတ်နိုင်ငံ ရှစ်နိုင်ငံထပ်တိုးလာကြောင်း၊ ယခင်က မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံသော နိုင်ငံ ၁၀၃နိုင်ငံ ရှိရာ ၂၀၁၂ ဇူလိုင်လတွင် မြန်မာနိုင်ငံနှင့် သံတမန် ချစ်ကြည်ရေး မိတ်ဖက်နိုင်ငံအဖြစ် ဆက်ဆံရန် ကမ်းလှမ်းလာသော နိုင်ငံရှစ်နိုင်ငံအား ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“အရင်က ချစ်ကြည်ရေးနိုင်ငံ ၁၀၃နိုင်ငံကနေ အခု ၁၁၁နိုင်ငံရှိလာပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃နိုင်ငံရှိတဲ့အတွက် ကျန်ရှိနေတဲ့ နိုင်ငံတွေနဲ့လည်း သံတမန် ဆက်ဆံနိုင်အောင် ကြိုးစားသွားပါမယ်”ဟု ဆိုသည်။

သံတမန် ဆက်ဆံရေး နိုင်ငံအဖြစ် ထပ်မံတိုးလာသော နိုင်ငံများမှာ ဘော့စ်နီးယားနှင့် ယာဇီဂိုဗီးနားနိုင်ငံ၊ မာလာဝီ သမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊  လတ်ဗီးယားနိုင်ငံ၊ အက်စ်တိုးနီးယား သမ္မတနိုင်ငံ၊ ဒိုမီနီကန် သမ္မတနိုင်ငံများ ဖြစ်ကြောင်း၊ ဦးသန့်ကျော်၏ ပြောကြားချက်အရ သိရသည်။ လောလောဆယ်တွင် ကုန်သွယ်ဖက်ချစ်ကြည်ရေး သံတမန် ဆက်ဆံရေးနိုင်ငံအဖြစ် လက်ခံပေးပါရန် အင်ဂိုလာ သမ္မတနိုင်ငံမှ ကမ်းလှမ်းထားကြောင်းလည်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *