Mobile, Review

HTCက One Mini 2ကို ကြေညာ

HTCက One Mini 2ကို ကြေညာ

HTCက စွမ်းဆောင်ရည်မြင့် HTC One M8ရဲ့ အရွယ်ငယ်တဲ့ အမျိုးအစားဖြစ်တဲ့ HTC One Mini 2ကို ကြေညာလိုက်ပါတယ်။ တစ်နည်းအားဖြင့် ဈေးသက်သာပြီး စွမ်းဆောင်ရည်အလယ်အလတ်ရှိတဲ့ ဖုန်းဖြစ်ပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူတွေက စွမ်းဆောင်ရည်မြင့်ဖုန်းတွေရဲ့ Mini Versionကို ထုတ်လုပ်လေ့ရှိပါတယ်။

ဒီဇိုင်းပိုင်းအရတော့ ကွာခြားမှု ကြီးကြီးမားမားမရှိပါဘူး။ HTC One Mini 2မှာ ၄.၅လက်မ မျက်နှာပြင်တပ်ဆင်ထားပါတယ်။ HTC One M8မှာ ငါးလက်မမျက်နှာပြင် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ HTC One Mini 2ဟာ သူ့နောင်တော်နဲ့ တူညီတဲ့ အချက်တွေ ရှိပါတယ်။ အနောက်ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ ဒါပေမယ့် HTC One M8မှာလို အနောက်ဘက်မှာ ကင်မရာ နှစ်လုံးတပ်ဆင်ထားခြင်း မရှိဘဲ တစ်လုံးသာ တပ်ဆင်ထားပါတယ်။ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး HTCရဲ့ BoomSound နည်းပညာ ပါရှိပါတယ်။ Sense 6 User Interfaceကို Androidနဲ့ တွဲဖက် အသုံးပြုထားပါတယ်။

HTC Oneလိုပဲ HTC One Mini 2ကို အညို၊ ငွေ၊ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။

အတွင်းပိုင်းမှာတော့ ဈေးသက်သာအောင် ပြုလုပ်ပေးထားတဲ့ One Mini 2ဟာ သူ့နောင်တော် One M8နဲ့ ကွာခြားမှုတွေ ရှိပါတယ်။ One Mini 2မှာ Quad-Core Snapdragon 400 Processor, 1GB RAM, 16GB Storageတို့ တပ်ဆင်ထားပါတယ်။ One M8မှာ Snapdragon 801နဲ့ 2GB RAMတပ်ဆင်ထားပါတယ်။ One Mini 2ဟာ One M8ထက်တော့ စွမ်းဆောင်ရည် နိမ့်ကျတာ သိသာပါတယ်။ ဈေးနှုန်းသက်သာမှာ ဖြစ်ပေမယ့် ဈေးနှုန်းကိုတော့ HTCက မကြေညာသေးပါဘူး။ ပြည်တွင်းကို ရောက်လာမှု ရှိမရှိနှင့် မြန်မာစာ တပါတည်း ထည့်သွင်းမလားဆိုတာကိုတော့ HTCကို တရားဝင် တင်သွင်းဖြန့်ချိတဲ့ KMD Groupမှ သတင်းများ ထုတ်ပြန်မှုကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *