Featured, Gadgets, Review

iPhone, iPadတို့ အတွက် ပထမဆုံး USB Flash Drive (iStick)

iPhone, iPadတို့ အတွက် ပထမဆုံး USB Flash Drive (iStick)

iPhone ,iPadတို့ရဲ့ အားနည်းချက်တစ်ခုက Android Deviceတွေမှာလို SD Card Slotမပါရှိတာဖြစ်ပါတယ်။ Hyperလို့ အမည်ရတဲ့ Companyက အခုအခါ iPhone, iPadတို့နဲ့ ချိတ်ဆက်သုံးနိုင်တဲ့ iStickလို့ အမည်ရတဲ့ USB Flash Driveကို မိတ်ဆက်လိုက်ပါတယ်။

iOS Deviceတွေနဲ့ Android Deviceတို့ကို နှိုင်းယှဉ်ရင် iOS Deviceတွေရဲ့ နောက်ထပ်အားနည်းတဲ့အချက်တစ်ခုက Multitaskingပြုလုပ်လို့မရတာဖြစ်ပါတယ်။ အဲဒီပြဿနာကိုလည်း Appleက iOS 8 မှာ ဖြေရှင်းတော့မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ အဲဒီသတင်းကို ဒီဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။

iStickက Lighting Connectorပါတဲ့ ပထမဆုံး USB Flash Driveတော့မဟုတ်ပါဘူး။ ဒါပေမယ့် Appleက ထောက်ခံထားတဲ့ ပထမဆုံး USB Flash Driveဖြစ်ပါတယ်။ Appleရဲ့ Certificationရရှိဖို့ဆိုတာ အခက်ခဲဆုံး အပိုင်းဖြစ်တယ်လို့ Hyperက ပြောပါတယ်။ “မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ Appleဟာ iStickလို iOS Storage Productsတွေ အတွက် စိုးရိမ်မှုများစွာ ရှိနေပါတယ်။ iStickအတွက် Appleရဲ့ MFi နဲ့ ပူးပေါင်းဖို့အတွက် လျှောက်လွှာတင်သွင်းခဲ့တာ နှစ်နှစ်ကျော်ပါပြီ။ ဒီလိုလုပ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ Appleရဲ့ စိုးရိမ်မှုတွေအားလုံးကို ဖြေရှင်းနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ MFi ခွင့်ပြုချက်ကို ရရှိခဲ့ပါပြီ။”လို့ Hyperက ရှင်းပြပါတယ်။

iStickကို ရောင်းချဖို့ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေကောက်ခံနေပါတယ်။ ရန်ပုံငွေထည့်၀င်သူတွေဟာ ငါးဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရရှိမှာဖြစ်ပြီး $65 (8GB), $85 (16GB), $100 (32GB), $150 (64GB)စတဲ့ နှုန်းတွေနဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ရန်ပုံငွေ ထည့်၀င်ထားခြင်း မရှိသူများက $130 (8GB), $170 (16GB), $200 (32GB) , $300 (64GB)စတဲ့ နှုန်းထားများနဲ့ ၀ယ်ယူရမှာ ဖြစ်ပါတယ်။

iStickမှာ iOS Format မဟုတ်တဲ့ ဗီဒီယိုများ၊ သီချင်းများကို သိမ်းနိုင်တဲ့အပြင် iDeviceများဆီသို့ ထုတ်လွှင့်ပေးနိုင်ပါတယ်။ ဖိုင်များကိုလည်း iStickကနေ Deviceဆီသို့ ကူးပြောင်းစရာ မလိုဘဲ တိုက်ရိုက်ဖွင့်နိုင်ပါတယ်။

Hyperက ရန်ပုံငွေ ဒေါ်လာ တစ်သိန်း ရရှိဖို့ မျှော်လင့်ထားပြီး အခုအချိန်မှာ ရည်မှန်းချက်ကို ကျော်လွန်ပြီး ဒေါ်လာ တစ်သိန်းတစ်သောင်း ရရှိနေပြီ ဖြစ်ပါတယ်။

iStickကို iPhone 5နဲ့ သူ့နောက်ပိုင်းထုတ် ဖုန်းများမှာ သုံးနိုင်ပါတယ်။ စတုတ္ထမျိုးဆက် iPadနဲ့ သူ့နောက်ပိုင်းထုတ် iPadများမှာ သုံးနိုင်ပါတယ်။ iStickကို အသုံးပြုဖို့ Universal iOS Appကို ဒေါင်းလုပ်လုပ်ပြီး သုံးရမှာဖြစ်ပါတယ်။ Hyperက Third-Party Developerများနဲ့ ပူးပေါင်းပြီး iStickကို အခြား Appsများနဲ့ တွဲဖက်သုံးနိုင်အောင်ပြုလုပ်နေပါတယ်။

iStickရဲ့ Specificationများနဲ့ အလုပ် လုပ်ပုံကို အောက်က ဗီဒီယိုမှာလေ့လာနိုင်ပါတယ်။

  • iStick-to-USB Speed: 12MB/s (Read), 7.5MB/s (Write)
  • iStick-to-iDevice Speed: 2.5MB/s (Read), 1.9MB/s (Write)
  • Construction: ABS Plastic and/or Aluminum
  • Dimensions: 51.6 x 28.6 x 9.1mm
  • Weight: 10g
  • Supported File Formats:
  • Video .mp4, .m4v, .mpv, .mov, .mpg, .mkv, .avi, .wmv, .rmvb, .flv, .3gp, .gif
  • Audio .wav, .aac, .aif, .aiff, .caf, .m4a, .mp3
  • Images .jpg, .tiff, .gif
  • Documents .doc and .docx (Microsoft Word); .htm and .html (web pages); .key (Keynote); .numbers (Numbers); .pages (Pages); .pdf (Preview and Adobe Acrobat); .ppt and .pptx (Microsoft PowerPoint); .txt (text); .rtf (rich text format); .vcf (contact information); .xls and .xlsx (Microsoft Excel); .zip; .ics

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *