News, Travel

တရုတ်နိုင်ငံသား တစ်ယောက် အချိန်အကြာဆုံး ပျားစွဲနိုင်တဲ့ Guinness စံချိန်တင်

တရုတ်နိုင်ငံသား တစ်ယောက် အချိန်အကြာဆုံးပျားစွဲနိုင်တဲ့ Guinness စံချိန်တင်

တရုတ်နိုင်ငံသား Ruan Liangmingဟာ ပျားတွေနဲ့ စိမ်းသူတစ်ယောက်မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပျားတွေနဲ့ ပတ်သက်ပြီး စံချိန်များစွာချိုးထားသူ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း Liangmingဟာ ခန္ဓာကိုယ်မှာ အချိန်အကြာဆုံးပျားစွဲနိုင်တဲ့ စံချိန်ကို တင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ Liangmingဟာ တရုတ်နိုင်ငံ Jiangxi ပြည်နယ် Yichumမြို့မှာ အချိန် ၅၃ မိနစ်၊ ၃၄ စက္ကန့်ကြာအောင် ပျားစွဲစေခဲ့တာ ဖြစ်ပြီး ဂင်းနစ်မှတ်တမ်းမှ တာ၀န်ရှိသူများက တက်ရောက် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီလို အချိန်အကြာဆုံး ပျားစွဲနိုင်မှုသာမကဘဲ သူဟာ ပျားအလေးချိန်အများဆုံးကိုလည်း သယ်ဆောင်နိုင်တဲ့ စံချိန်ကို ချိုးထားသူ ဖြစ်ပါတယ်။ ၁၃၆ ပေါင်(၆၂.၁ ကီလိုဂရမ်) အလေးချိန်ရှိတဲ့ ပျားများကို သယ်ဆောင်ပြီး စံချိန်တင်နိုင်ခဲ့တာပါ။

5

ပျားစွဲခြင်းဖြစ်စေ ပျားအလေးချိန်အများဆုံးကို သယ်ဆောင်ခြင်းဖြစ်စေ အဲဒီပြိုင်ပွဲများဟာ နှစ်တိုင်းပြုလုပ်လေ့ရှိပြီး စံချိန် ချိုးဖျက်သူများ မကြာခဏ ထွက်ပေါ်လေ့ ရှိပါတယ်။

4

ပျားများကို လူ့ခန္ဓာကိုယ်မှာစွဲစေဖို့အတွက် ပျားဘုရင်မနဲ့ မျှားရတာ ဖြစ်ပါတယ်။ ပျားဘုရင်မကို လူ့ ခန္ဓာကိုယ်မှာ ထားရှိခြင်းဖြင့် ပျားလုပ်သားများဟာ လူမှာ လာရောက်စွဲကြတာ ဖြစ်ပါတယ်။

2

Liangmingဟာ တီဗီထုတ်လွှင့်သူ CCTVနဲ့ ပူးပေါင်းတင်ဆက်တဲ့ Guinness China Nightအစီအစဉ်မှာ စံချိန်ချိုးပြခဲ့တာ ဖြစ်ပါတယ်။ Liangmingဟာ ပျားအကောင်ရေ တစ်သိန်း၀န်းကျင် စွဲကပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒဏ်ရာတစ်ခုမှ မရရှိခဲ့ပါဘူး။

3

Liangmingက “ကျွန်တော်ဟာ ပျားများကို ချစ်သလို ပျားများကလည်း ကျွန်တော့်ကို ချစ်ပါတယ်။ ပျားများက ကျွန်တော့်ကို အနာတရ ဖြစ်အောင် မလုပ်ခဲ့ဖူးပါဘူး။ လှုပ်ရှားမှု မလုပ်ဘဲ ငြိမ်သက်နေသမျှ ပျားများက သင့်ကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ သူတို့ဟာ နူးညံ့သိမ်မွေ့တဲ့ သတ္တဝါတွေဖြစ်ပြီး လိမ္မာကြပါတယ်။ သူတို့ဟာ လှုပ်ရှားမှုကို သိလွယ်တဲ့အတွက် ကျွန်တော်ဟာ ငြိမ်နိုင်သလောက် ငြိမ်ခဲ့ပါတယ်။ ကျွန်တော်ဟာ ပျားတွေကို ချစ်ပြီး သူတို့ဟာ ကျွန်တော့်ဘ၀ပါ။”လို့ ပြောပါတယ်။

မကြာမီက Chongqing မှ ၃၄ နှစ်အရွယ် ကုန်သည်တစ်ယောက်ဟာ ပျားအကောင်ရေ ၄၆၀၀၀၀ကို လုံးတီးခန္ဓာကိုယ်မှာ စွဲစေပြီး ပျားရည် အရောင်းမြှင့်တင်ခဲ့ပါသေးတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *