Featured, News

ကြော်ငြာသမားတွေ MAUကို ဆက်ပြီး အတည်ယူအုံးမှာလား

ကြော်ငြာသမားတွေ လစဉ်အသုံးပြုသူတွေကို ဘာကြောင့် မသိကျိုးကျွံပြုသင့်သလဲ

  Myspace ဆိုတာ ဟိုးယခင် facebook လို ဆိုရှယ်မီဒီယာတွေ မရှိခဲ့ခင်တုန်းက အရမ်းရေးပန်းစားခဲ့တဲ့ ဆိုရှယ်မီဒီယာ တစ်ခုဖြစ်ပါတယ်။ သူဟာ ခုချိန်ထိလည်း လစဉ်အသုံးပြုသူပေါင်း ၅၀ မီလီယံလောက်ကို ရှိပါတယ်။ McDonalds, Apple နဲ့ Ford တို့လို ကုမ္ပဏီကြီးတွေဟာ တစ်ခုခုကို ရောင်းနေကြပါတယ်။ သူတို့အားလုံး physical ပိုင်းဆိုင်ရာ ပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းနေကြတာပါ၊ Big Macs တွေ၊ ကွန်ပျူတာတွေ နဲ့ ကားတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် Myspace ဆိုတာ အဲဒိတုန်းက အဲလိုမျိုး ပစ္စည်းတွေကိုယ်တိုင်လုပ်ပြီး ရောင်းတာမဟုတ်ဘဲ ဆိုရှယ်ဆားဗစ်ကို ဝန်ဆောင်မှုပေးတာပါ။ အဲဒိတော့ သင့်အနေနဲ့ အဲဒိကုမ္ပဏီတွေထဲက တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် ပထမဆုံး သင်စဉ်းစားရမှာက နောက်ဆုံးအချိန်ထိ သူ့ရဲ့ ပစ္စည်းတွေ ဘယ်လောက်လောက်များများ ရောင်းထွက်ပြီလဲ၊ စျေးကွက်မှာ ဝေစု ဘယ်လောက်လောက် ရှိလဲဆိုတာကိုပါ။ အလွယ်ကူဆုံးနည်းလမ်းကတော့ ကုမ္ပဏီရဲ့အောင်မြင်မှုဟာ ဘယ်လောက်အတိုင်းအတာ ရောက်နေပြီလဲဆိုတာကို သိအောင်လုပ်ရမှာပါ။

  ခုနကလို physical ပစ္စည်းတွေထုတ်ပြီး ရောင်းနေတဲ့ ကုမ္ပဏီတွေလိုမျိုး မဟုတ်တဲ့ ဆိုရှယ်မီဒီယာတွေ ဖြစ်တဲ့ Facebook, Twitter နဲ့ Snapchat တို့လို ကုမ္ပဏီကြီးတွေဟာ ဘာမှကိုင်တွယ်လို့မရတဲ့ အရာတွေကို ကြော်ငြာတဲ့ သူတွေဆီကို ရောင်းနေကြတာပါ။ အဲဒိကြော်ငြာတွေ များလာတဲ့အခါမှာ သူတို့ရဲ့ ဒစ်ဂျစ်တယ် ကြော်ငြာစနစ်က ထင်သလောက်ထက် အဆပေါင်းများစွာ ကောင်းမွန်နေတာကို တွေ့ရတယ်။ ဘာလို့လည်း ယနေ့အချိန်ခါမှာ နိုင်ငံတကာမှာ ပစ္စည်းပေါင်းများစွာ ထုတ်လုပ်နေတယ်၊ အဲဒိအတွက် သူတို့ရဲ့ ပြိုင်ဘက်တွေ အချင်းချင်း စျေးကွက်ထိုးဖောက်တဲ့ အနေနဲ့ ကြော်ငြာထဲထည့်ပြီး ကိုယ့်ရဲ့ရောင်းအား တက်လာအောင် ကြိုးပမ်းကြတယ်။ ဒါကြောင့် ကြော်ငြာစျေးကွက်ဟာ ထင်ထားထက်ကို အများကြီး စျေးကွက်အဆမတန် ကြီးမားလာတာကို တွေ့ရပါတယ်။ ဒါကြောင့် အောင်မြင်လာတဲ့ ဆိုရှယ်မီဒီယာတွေဟာ ကြော်ငြာစျေးကွက်ကို ပိုရကြတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ဆားဗစ်တွေကို သုံးစွဲသူအရေအတွက်ပေါ် မူတည်ပြီးတော့ ကြော်ငြာသမားတွေက အသုံးပြုကြတယ်။ ရိုးရိုးရှင်းရှင်းလေးပါပဲ လတိုင်းအသုံးပြုသူ အရေအတွက်များတဲ့ မီဒီယာကတော့ ပိုပြီးကြော်ငြာရမှာပေါ့။

  ဒါကြောင့် ကုမ္ပဏီတိုင်းဟာ ဘယ်ဆိုရှယ်မီဒီယာက ဘယ်လောက်တောင် တစ်လအတွင်း အသုံးပြုသူဘယ်လောက်များလဲ ဆိုတာကိုပဲ စောင့်ကြည့်နေကြတယ်။ သူတို့ကြားထဲမှာဆို MAU (Monthly Active Users) လို့တောင် အတိုကောက်ခေါ်ကြတယ်။ MAU ဆိုတာ Facebook , Twitter နဲ့ Snapchat တို့မှာ ဘယ်မှာမဆို log on ဝင်လိုက်တိုင်းမှာ အနည်းဆုံး တစ်လတစ်ကြိမ် ဝင်လိုက်တိုင်းမှာ အဲဒိဝင်လိုက်တဲ့ ဆားဗစ်ဟာ MAU တစ်ယောက် ရသွားပါပြီ။ အဲလိုမျိုး မှတ်ပါတယ်။ အခုဆိုရင် MAU ဆိုတာ Wall Street မှာတောင် ရေးပန်းတော်တော် စားနေပါပြီ။ ဘာလို့လည်းဆိုတော့ ရင်းနှီးမြှုပ်နှံသူများက ဒီဘက်ကိုပဲ အာရုံစိုက်လာတာကြောင့် ဖြစ်ပါတယ်။ အခုတော့ ဆိုရှယ်မီဒီယာဆိုတာ မီးခိုးမထွက်ပဲနဲ့ ဘီလီယံပေါင်းများစွာကို ရှာပေးနိုင်တဲ့ စက်ရုံတစ်ခုဖြစ်လာပါပြီ။ ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေ အကြားမှာ ဘာလို့ရေပန်းစားလာ သလဲဆိုတော့ MAU ကို တွက်ချက်ရတာ၊ နှိုင်းယှဉ်ရတာ အရမ်းလွယ်ကူပါတယ် ၊ ဒါကြောင့် သူတို့ရင်းနှီးဖို့အတွက် သိပ်စဉ်းစားစရာ မလိုပါဘူး၊ MAU ရဲ့ ကိန်းဂဏန်းကို ကြည့်ပြီး ချင့်ချိန်နိုင်ပါတယ်။

  ဒါပေမယ့် ခုတစ်ပါတ်အတွင်း ထွက်လာတဲ့ သတင်းကတော့ ဟိုးယခင်ကတည်းက ရှိလာခဲ့တဲ့ ဆိုရှယ်မီဒီယာ ဆိုက်ဒ်တစ်ခုမှာ MAU အရည်အတွက်ကတော့ ကိန်းဂဏန်း ၅၀ မီလီယံ ကျော်ရှိတယ် ဆိုတာပါပဲ။ အဲဒီ့ ဆိုရှယ်မီဒီယာကတော့ Myspace ပဲဖြစ်ပါတယ်။ Facebook ကိုသုံးဖူးသူတိုင်း မသုံးဖူးတဲ့ Myspace ပါ။ ComScore ရဲ့ စာရင်းပြုစုမှုအရ ကမ္ဘာ့နံပါတ် အဆင့် ၅၀ ရှိတဲ့ ဝက်အပလီကေးရှင်း တစ်ခုဖြစ်ပါတယ်။ အခုချိန်မှာ Facebook ရဲ့ MAU .၂၇ ဘီလီယံ၊ Instagram က ၃၀၀ မီလီယံ နဲ့ Twitter က ၂၈၄ မီလီယံ အသီးသီးရှိပါတယ်။ ဒါပေမယ့် Myspace ဟာ ခုနကဖော်ပြခဲ့တဲ့ ဆိုရှယ်မီဒီယာ ဆိုက်ဒ်တွေနဲ့စာရင် အရမ်းသေးပါတယ်၊ ဒါပေမယ့် MAU ဘာလို့ ၅၀ မီလီယံ အထိရှိသေးတာလဲ။ ဘာလို့လည်းဆိုတော့ အဲဒီ့ဆိုက်ဒ်က သီချင်းနဲ့ ဗီဒီယိုတွေကို အားစိုက်ပြီး ကြည့်ချင်စရာကောင်းအောင် ကြိုးစားအားထုတ်နေလို့ပဲ ဖြစ်ပါတယ်။

  Myspace ရဲ့ MAU အရေအတွက် ဒီလောက်ကျန်နေတာနဲ့ ပါတ်သတ်ပြီး Myspace ရဲ့ စီအီးအို Tim Vanderhook က Wall Street ဂျာနယ်နဲ့ အင်တာဗျူးမှာ အသုံးပြုသူတွေက သူတို့ရဲ့ အရင်တုန်းက ဓါတ်ပုံအဟောင်းတွေကို ကြည့်ရှုနေကြလို့ အရေအတွက် ဒီလောက်ရှိတာပါလို့ ဖြေကြားခဲ့ပါတယ်။ သူတို့ နေ့တိုင်း ဝင်ဖြစ်ချင်မှ ဝင်ဖြစ်မယ် ဒါပေမယ့် သူတို့ တစ်ပါတ်တစ်ခါဖြစ်ဖြစ် တစ်လတစ်ခါဖြစ်ဖြစ်တော့ သုံးကြပါတယ်။ ဘယ်လိုပဲ အသုံးပြုသူတွေဟာ တစ်ပါတ်တစ်ခါပဲ သုံးသုံး၊ တစ်လတစ်ခါပဲသုံးသုံး အဲဒိစာရင်းကတော့ MAU ထဲကိုတော့ ဝင်နေတာပါပဲ။ ဒါပေမယ့် ဒီအရေအတွက်ဟာ ကြော်ငြာသမားတွေအတွက်တော့ အတော်တန်ဖိုးရှိတဲ့ စာရင်းပါ၊ ရင်းနှီးမြှုပ်နှံသူတွေ အတွက်ကောပေါ့။ လွန်ခဲ့တဲ့လက Instagram က MAU ၃၀၀ မီလီယံ ရှိတယ်လို့ ကြေညာပါတယ်။ Twitter ထက် ၁၆ မီလီယံ ပိုများပါတယ်။ အဲဒါနဲ့ပဲ TIME.com မှာ သတင်းတစ်ပုဒ်ဖြစ်သွားပါတယ်။ “Instagram Beats Twitter” တဲ့။ တစ်ချို့လူတွေက ဒါကို ဘဝင်သိပ်မကျပါဘူး။ ဘာလို့လည်းဆိုတော့ ဒါဟာ ကိန်းဂဏန်းအရတော့ ဟုတ်ပေမယ့် Instagram နဲ့ Twitter ကို နှိုင်းယှဉ်ဖို့အတွက် သူတို့နှစ်ခုဟာ သိပ်ကိုကွဲပြားခြားနားတဲ့ ဆားဗစ်တွေကို ဝန်ဆောင်မှုပေးနေတာကြောင့် ဖြစ်ပါတယ်တဲ့။ ဒါကတော့ Will Oremus ရဲ့ ဆောင်းပါး ဖြစ်ပါတယ်

  • Instagram ဟာ လစဉ်အသုံးပြုသူ အရေအတွက် ကိန်းဂဏန်းအရဆိုရင် Twitter ထက် အမှန်တစ်ကယ် ပိုကြီးပါတယ်။ Twitter ဟာ နောက်ဆုံး ရေတွက်မှုအရတော့ ၂၈၄ မီလီယံ ရှိပါတယ်။ သူတို့ပြောနေတဲ့ MAU ဟာ ဆိုရှယ်မီဒီယာရဲ့ ပမာဏကို တိုင်းတာတဲ့နေရာမှာလည်း အသုံးဝင်တဲ့ အတိုင်းအတာ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတစ်ခုတည်း ကြည့်လို့တော့ မရပါဘူး။ အဲဒီ့နက်ဝက်ခ်မှာ အခြား အချိန်ပိုင်းသုံးတဲ့ အသုံးပြုသူတွေရဲ့ ပမာဏလည်း ရှိပါသေးတယ်။ ဒါကြောင့် Instagram နဲ့ Twitter နဲ့ဘယ်ဟာက တစ်ကယ်ကြီးလဲဆိုတာကို သေချာပြောဖို့တော့ မဖြစ်နိုင်ပါဘူး။

  ဆိုတော့ တစ်ခြား MAU လိုမျိုး တိုင်းတာနိုင်တဲ့ အရာတွေကော ရှိနိုင်သေးလား၊ MAU ထက်တိကျပြီး သူ့နေရာကို အစားဝင်မယ့် တစ်ခုခုပေါ့။ Twitter ရဲ့ ယခင် Chairman လဲဖြစ်တဲ့ ယခုလက်ရှိမှာ CEO ရာထူးထမ်းဆောင်နေတဲ့ Ev Williams ကတော့ ဆိုက်ဒ်တွေကို အချိန်ပေါ်မူတည်ပြီး တိုင်းတာတဲ့ပုံစံဟာ တစ်ကယ်တမ်း လက်တွေ့တော့ မကျပါဘူး။ ဝီလီယမ်က ဆက်ပြီး ဒါပေမယ့် အသုံးပြုသူတွေဟာ သူတို့အတွက်အရေးပါတယ်ဆိုတာကို အကောင်းဆုံးတော့ ဖော်ပြပေးနိုင်တာပေါ့။ ကြေငြာသမားတွေရဲ့ အမြင်မှာတော့ ဆိုက်ဒ်မှာ အသုံးပြုသူဟာ အချိန်များများသုံးလေလေ သူတို့ရဲ့ ကြေငြာတွေကို အာရုံစိုက်လေလေပဲလို့ ထင်နေကြတယ်လေ။ နောက်ဆုံးခြုံပြီး ကြည့်ရရင်တော့ အာရုံစိုက်နေတဲ့ လူတွေရဲ့ ပမာဏဟာ ဆိုရှယ်မီဒီယာတွေအပေါ်မှာ တစ်ကယ်ပဲ အသုံးပြုချင်ကြပါတယ်။ ယေဘုယျအားဖြင့် အင်တာနက်ဟာ အင်မတန်များပြားတဲ့ သုံးစွဲသူတွေနဲ့ သူတို့ကြား နေရာတိုင်းမှာ အချင်းချင်း ချိတ်ဆက်နေကြလို့ လျင်မြန်စွာ အရှိန်အဟုန်နဲ့ ကြီးမားစွာ တိုးတက်ပြောင်းလဲလာပါတယ်။ ဒါပေမယ့် ဒါဟာ သဘောတရားတွေအရတော့ အတိုင်းအတာ ကန့်သန့်ချက် ရှိပါတယ်။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *