News

ဒေါ်လာ သန်းနှစ်ရာ့ငါးဆယ် လောက်ကတော့ ဗျာ…

သတင်းများပေါ်မှာ ကြားနေရတဲ့ Amazon ရဲ့ Chairman, CEO, Founder ဖြစ်တဲ့ အသက် ၄၉နှစ်အရွယ် Jeff Bezos ဟာ ဝါရှင်တန်ပို့စ် သတင်းစာကို ဒေါ်လာ သန်းနှစ်ရာ့ငါးဆယ် ပေးပြီး ၀ယ်ယူလိုက်ပြီ ဖြစ်ကြောင်းတို့၊ ဒေါ်လာ တစ်ဘီလျံရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ အဆိုပါ ပမာဏဟာ သာမန် ပြောင်းလဲမှုမျိုး မဟုတ်ပါဘူးဆိုတဲ့ အရာတွေထက် ပမာဏတန်ကြေး ပိုများတဲ့ အရာတွေကို ကြည့်လိုက်ပါဦးဗျာ…

၁။ ၂၀၁၁ ခုနှစ်တုန်းက AOL ဟာ Huffington Post ကို ဒေါ်လာ ၃၁၅ သန်းပေးပြီး ၀ယ်ယူခဲ့ပါတယ်။

၂။ ၂၀၁၁ ခုနှစ်မှာပဲ ကာတာနိုင်ငံက တော်၀င်မိသားစုတစ်စုဟာ Paul Cezanne ရဲ့ “The Card Players” ဆိုတဲ့ ပန်းချီလက်ရာကို ဒေါ်လာ ၂၅၉သန်း ပေးပြီး ၀ယ်ယူခဲ့ပါသေးတယ်။ အဆိုပါ ပန်းချီကားကို မြန်မာအိုင်စီတီ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

The Card Players

The Card Players

၃။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက Facebook ဟာ Instagram ကို ဒေါ်လာ တစ်ဘီလျံ ပေးပြီး ၀ယ်ယူခဲ့ပါသေးတယ်။

Instagram

Instagram

၄။ အယ်ဂျာဇီးယား ရုပ်သံဋ္ဌာနကလည်း Current TVကို ဒေါ်လာ သန်းငါးရာနဲ့ ၂၀၁၃ မှာ Al Gore အပါအဝင် Founder တွေဆီကနေ ၀ယ်ယူခဲ့ပါသတဲ့။

Al Gore

Al Gore

၅။ ရုရှားသန်းကြွယ်သူေဋ္ဌး အေဗရာမိုဗစ်ချ်ဟာလည်း ၂၀၁၀ ခုနှစ်တုန်းက “Eclipse”လို့ အမည်ပေးထားတဲ့ ဒီရွက်လှေကို ဒေါ်လာ တစ်ဘီလျံခွဲ ပေးပြီး ၀ယ်ယူခဲ့ပါတယ်။

Eclipse

Eclipse

၆။ Oracle Corporation ရဲ့ CEO ဖြစ်သူ ဒေါ်လာ ၄၃ဘီလျံ ကြွယ်၀တဲ့ Larry Ellison ဟာလည်း ဟာ၀ိုင်အီကျွန်းတစ်ခုလုံးကို ဒေါ်လာ သန်းသုံးရာ ပေးပြီး David Murdock ဆီကနေ ၂၀၁၂ ခုနှစ်မှာ ၀ယ်ယူခဲ့ပါသတဲ့။

Larry Ellison

Larry Ellison

၇။ အိန္ဒိယရဲ့ အချမ်းသာဆုံး သူေဋ္ဌးတစ်ဦး ဖြစ်တဲ့ Mukesh Ambani ဟာလည်း ဒေါ်လာတစ်ဘီလျံပေးပြီး ဒီအိမ်ကို ၂၀၁၀ ခုနှစ်က ၀ယ်ယူခဲ့ပါတယ်။

Mukesh Ambani's House

Leave a Reply

Your email address will not be published. Required fields are marked *