Featured, News, Review, Tablets

iPhone 6 နဲ့ new iPad တို့ကို စက်တင်ဘာလအတွင်းမှာ ထုတ်လုပ်သွားမည်ဟု သတင်းများထွက်ပေါ်

iPhone 6 နဲ့ new iPad တို့ကို စက်တင်ဘာလအတွင်းမှာ ထုတ်လုပ်သွားမည်ဟု သတင်းများထွက်ပေါ်

iPhone နဲ့ iPad ချစ်သူများအတွက် Apple က သတင်းကောင်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒါကတော့ ဒီနှစ် စက်တင်ဘာလအတွင်းမှာ Customer များအားလုံးမျှော်လင့်နေကြတဲ့ “Phablet ” iPhone 6 နဲ့ new iPad တို့ကို ဈေးကွက်အတွင်းကို ဖြန့်ချိရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ထိုင်ဝမ် သတင်းမီဒီယာသမားတွေရဲ့ အဆိုအရတော့ iPhone 6 ရဲ့ မျက်နှာပြင်အကျယ်ဟာ 5.5 လက်မရှိတယ်လို့သိရပါတယ်။ သို့ပေမဲ့ Apple အနေနဲ့ ကုန်ပစ္စည်း အသစ်နှစ်မျိုးဖြစ်တဲ့ iPhone 6 နဲ့ new iPad တို့ကို တစ်ပြိုင်နက် ဈေးကွက်အတွင်းကို ဖြန့်ချိရောင်းချခြင်းဟာ ထုတ်လုပ်ရေးအတွက် အကြီးမားဆုံး ရှုပ်ထွေးမှုတစ်ခုဖြစ်စေခဲ့ပါတယ်။

အရင် iPhone 6 နဲ့ပတ်သက်ပြီး Apple မှ ထုတ်ပြန်ချက်တွေအနေနဲ့က တော့ iPhone 6 ဟာ မျက်နှာပြင်အကျယ် 5.5 လက်မှ မရှိတဲ့အပြင် အရင် တုန်းက 4.7 လက်မခန့် မျက်နှာပြင် အကျယ်ရှိတဲ့ model တွေထက်လည်း သေးငယ်မယ်ဆိုပေမဲ့လည်း အခုထွက်ရှိလာခဲ့တဲ့ “phablet” iPhone 6 ဟာ အရင် model တွေနဲ့ မတူကွဲပြားနေတာကို တွေ့ရပါတယ်။ ထို့အတွက်ကြောင့် Apple ကုမ္ပဏီအတွက် မေးခွန်းတွေကို အမြောက်များမေးမြန်းခြင်းကို ခံနေရပါတယ်။

Apple အနေနဲ့ အသစ်ထုတ်လုပ်မဲ့ product နှစ်မျိုးကို စတင်ထုတ်လုပ်ရာတွင် အရေအတွက်အနည်းငယ်သာ ကန့်သက်ချက်ဖြင့် ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်မှသာ တစ်ဖြည်းဖြည်း တိုးပြီး ထုတ်လုပ်သွားမယ်လို့ဆိုထားပါတယ်။ ထို့အတွက်ကြောင့် Apple ကုန်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံဖြစ်တဲ့ FoxCon’s ကို ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး အကြံပြု ဆွေးနွေးတိုင်ပင်ဖို့အတွက် Apple ရဲ့ ကိုယ်စားလှယ်တွေရောက်ရှိနေပြီလို့ ဆိုပါတယ်။

ထိုင်ဝမ် သတင်းမီဒီယာ များရဲ့ နောက်ထပ် ပြောကြားချက်တွေကတော့ iPad mini နဲ့ iPad Air တို့ကိုလည်း စက်တင်ဘာလအတွင်းမှာပဲ Apple မှာ ထုတ်လုပ်သွားအုံးမှာဖြစ်တယ်လို့ ဆိုထားပြန်ပါသေးတယ်။ ဒီ iPad Mini နဲ့ iPad Air တို့ရဲ့ သတင်းအချို့ကတော့ ပစ္စည်း နှစ်မျိုးစလုံးမှာ Apple’s Touch ID sensor ပါဝင်လာတော့မှာဖြစ်ပါတယ်။ ယခု နောက်ဆုံးကောလဟာ သတင်းဖြစ်တဲ့ iPad mini ကို iPad mini Air လို့လည်း အမည်ပေးလာနိုင်ဖွယ်ရှိတယ်လို့ ကောလဟာလ ထွက်ပေါ်နေပါတယ်။ ဒီ iPad mini ကတော့ အရင် ထုတ်ခဲ့တဲ့ iPad ထက် 30 ရာခိုင်နှုန်းခန့် ပိုပြီး ပါးလွှာမယ်လို့ သိရပါတယ်။

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *