ကလေး ၈.၈ သန်းကျော်ကို iPad Appနဲ့ ၀က်ဆိုက်ကနေ ကုဒ်ရေးသားနည်းသင်ပေးနေတဲ့ Tynkerကို Androidမှာ သုံးနိုင်ပါပြီ။ ကုမ္ပဏီက iPadမှာ ပါရှိပြီးသားဖြစ်တဲ့ ဂိမ်းများဖန်တီးနိုင်တဲ့ Modeအသစ်ကိုလည်း Google Play Storeမှာ တင်ပေးထားတဲ့ Android Appမှာ ထည့်သွင်းပေးထားပါတယ်။
Tynkerဟာ ကလေးများအတွက် အခြေခံ ကုဒ်ရေးသားနည်းကို ရုပ်ပုံများနဲ့ သင်ကြားပေးတဲ့ Appsများကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုပါ။ သူ့ရဲ့ အမေရိကန်ဒေသတွင်း ပြိုင်ဖက်က Hopscotchနဲ့ ဗြိတိန်မှ Hakitzu Elite Appကို တီထွင်ထားတဲ့ Kuato Studiosတို့ ဖြစ်ပါတယ်။
အရင်က Tynkerရဲ့ iPad Appဟာ ပဟေဌိတွေကို ဖြေရှင်းခြင်းဖြင့် Functions, Subroutines, Conditional Logicတွေ အပါအ၀င် Programming သဘောတရားတွေကို ကလေးတွေ သင်ကြားနိုင်တဲ့ လေ့ကျင့်ခန်းများကိုသာ အဓိက အာရုံစိုက်ပြုလုပ်ပေးထားတာပါ။
Tynkerကို အခမဲ့ အသုံးပြုနိုင်ပေမယ့် ပဟေဌိပုစ္ဆာများကို ၀ယ်ယူရတာပါ။ Premium Versionကတော့ ကျောင်းများအတွက် ရည်ရွယ်ထားပါတယ်။ အခုတော့ Androidအတွက်လည်း Premium Versionရရှိပါပြီ။
Tynker Workshopလို့ ခေါ်တဲ့ ဂိမ်းဖန်တီးတဲ့ Modeအသစ်ဟာ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။ သူ့မှာ လေ့ကျင့်ခန်းများလိုပဲ ရုပ်ပုံအခြေပြုပြီး Programmingဘာသာစကားကို သင်ကြားပေးတာပါ။ ဒါ့အပြင် ကလေးတွေကို သူတို့ကိုယ်ပိုင် စီမံကိန်းများပြုလုပ်ဖို့လည်း တွန်းအားပေးနိုင်ပါတယ်။
ကလေးတွေဟာ Appက ပံ့ပိုးပေးထားတဲ့ အက္ခရာတွေ၊ နောက်ခံတွေကို အသုံးပြုပြီး စီမံကိန်းများ ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ကြိုတင်ဖန်တီးပေးထားတဲ့ ဂိမ်းတွေကနေလည်း သင်ကြားလေ့လာနိုင်မှာပါ။
“ပထမဆုံး Appကို လူတွေ တော်တော်ကြိုက်ကြပါတယ်။ Updateအတွက် တောင်းဆိုမှုများစွာလည်း ရရှိထားပြီး အထူးသဖြင့် ကလေးတွေ ကိုယ်တိုင် ဖန်တီးနိုင်ဖို့ပါ။” လို့ Tynkerရဲ့ အမှုဆောင်အရာရှိချုပ် Krishna Vedatiက Guardianကို ပြောပါတယ်။
Tynkerဟာ ကလေးများကို သူ့ရဲ့ Appsများနဲ့ ၀က်ဆိုက်ကို အသုံးပြုတဲ့အခါမှာ တူညီတဲ့ Login ကိုပဲ သုံးလို့ရအောင် စီစဉ်နေပါတယ်။ အဲဒီအတွက် ကလေးတွေဟာ သူတို့ရဲ့ စီမံကိန်းတွေကို Deviceများစွာမှာ ဆက်လက်လုပ်ကိုင်နိုင်မှာပါ။ ကုမ္ပဏီက သူ့ရဲ့ ၀န်ဆောင်မှုကို ကျောင်းများမှ ကလေး တစ်သောင်းကျော် အသုံးပြုနေတယ်လို့ ပြောပါတယ်။
Tynkerရဲ့ Modeအသစ်ဟာ MIT Media Labက တီထွင်တဲ့ ရုပ်ပုံအခြေပြု ကုဒ်ရေးသားနည်း Appဖြစ်တဲ့ Scratchကို ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ MITရဲ့ Appဟာ ကလေးများအတွက် ကုဒ်ရေးသားနည်းကို သင်ကြားပေးတဲ့ကျောင်းတွေအတွက် နာမည်ကြီးတဲ့ ရွေးချယ်စရာတစ်ခုပါ။
Scratchရဲ့ စွဲဆောင်မှုက ကလေးများဟာ သူတို့ရဲ့ စီမံကိန်းတွေကို အွန်လိုင်းမှာ သိမ်းနိုင်တဲ့အတွက် နေရာမရွေးမှ အခြားသူများကနေ ဒေါင်းလုပ်ရယူနိုင်ပြီး ဆက်လက်လုပ်ကိုင်နိုင်တာပါ။ Vedatiက Tynkerဟာ စီမံကိန်းတွေကို မျှဝေနိုင်တဲ့နည်းလမ်းကို သတိကြီးစွာ ချဉ်းကပ်နေပြီး ဆရာများအနေနဲ့လည်း စီမံကိန်းတွေကို မျှဝေတဲ့နည်းကို ထိန်းချုပ်ဖို့ Toolsများ ပြုလုပ်ပေးမှာပါလို့ ပြောပါတယ်။
“ ကျွန်တော်တို့ဟာ ကုဒ်ရေးသားခြင်းကို အတူတကွပူးပေါင်းလုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ဥပမာအနေနဲ့ iPadကနေ အခြား iPadကို မျှဝေမယ်ဆိုရင် သူငယ်ချင်းနှစ်ယောက် အတူတကွ အလုပ်လုပ်နိုင်ပါပြီ။ မိသားစုထဲမှာလည်း စီမံကိန်းတွေကို မျှဝေဖို့ စဉ်းစားထားပြီး ကလေးများဟာ စီမံကိန်းတွေကို ညီအစ်ကို မောင်နှမ၊ အဖေ၊ အမေ၊ အဖိုး၊ အဖွားများကို ပြသနိုင်မှာပါ။”လို့ Vedatiက ဖြည့်စွက်ပြောပါတယ်။
Hardwareများနဲ့ ချိတ်ဆက်လုပ်နိုင်တဲ့ ကုဒ်ရေးသားနည်းများကိုလည်း ဖြည့်စွက်ပေးဖို့ ရည်ရွယ်ထားပြီး ကလေးများက သူတို့ရဲ့ ကုဒ်များနဲ့ Deviceများကို ထိန်းချုပ်နိုင်ဖို့ပါ။ ကလေးတစ်ယောက်ဟာ Alarm Clockနဲ့ Weather Appကို တီထွင်နိုင်အောင် ရည်ရွယ်တာပါ။
Tynkerက သူ့ရဲ့ သင်ခန်းစာများနဲ့ Appကို အသုံးပြုသူလေးရာကျော်ရှိတဲ့ ဗြိတိန်မှ ကျောင်းများနဲ့ ပူးပေါင်းဖို့လည်း မျှော်လင့်နေပါတယ်။ နည်းပညာကုမ္ပဏီတွေကလည်း ကုဒ်ရေးသားနည်းသင်တန်းများကို အကူအညီပေးနေပါတယ်။ Googleက ကုဒ်ရေးသားနည်း ကလပ် Code Clubကို စတာလင်ပေါင် တစ်သိန်းနှစ်သောင်းထောက်ပံ့ပေးခဲ့သလို Microsoftကလည်း Back to School အစီအစဉ်ကို စတာလင်ပေါင် ၃၃၄ ၀၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။
Tynkerလို တည်ထောင်ခါစ ကုမ္ပဏီအသေးလေးတွေကလည်း ကူညီနေပါတယ်။ Vedatiက အမေရိကန်မှာ နွေရာသီ ကုဒ်ရေးသားနည်းသင်တန်းများ ပြုလုပ်ပေးထားပြီး ဗြိတိန်ရှိ ဆရာများအတွက် သင်ခန်းစာ အစီအစဉ်နဲ့ အခြား အရင်းအမြစ်များကို တီထွင်နေပါတယ်။
ကလေးများအတွက် ကုဒ်ရေးသားနည်း သင်ပေးတဲ့ Appများရဲ့ မကောင်းတဲ့အချက်က ကလေးများကို ပျော်စရာကောင်းအောင် ပြုလုပ်ပေးပြီး သင်ကြားပေးနိုင်ပေမယ့် ကုဒ်ဘာသာစကားတစ်မျိုးမှာ ကျွမ်းကျင်ဖို့ ဘယ်လောက်အထောက်အကူပြုလဲဆိုတာ ကွဲပြားစွာ မသိရသေးတာပါ။
“ကလေးတွေဟာ Tynkerကနေ ဂိမ်းတွေ ရေးသားနိုင်တာကနေ Android, iPhoneတို့အတွက် Appsများကို ဖန်တီးနိုင်ပါ့မလားဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။” လို့ Vedatiက ပြောပါတယ်။