News

Facebook Account လုံခြုံမှုရှိစေရန် အသုံးပြုသူများမှတ်သားဖွယ်

faceboom-account-security

Facebook၊ Social Networkingကို ကွန်ပျူတာ အသုံးပြုသူ လူတိုင်းနီးပါး သုံးနေကြပြီ ဖြစ်သောကြာင့် Facebook ပေါ်ရှိ လုပ်ငန်းနဲ့ ပတ်သက်သော အချက်အလက်များ၊ အမှတ်တရ ဓာတ်ပုံများ၊ အကြောင်းအရာများ တင်ကြပြီး အပြန်အလှန် Sharingတွေ လုပ်ကြသည့် အတွက် အသုံးပြုကြသည့်အခါ မိမိတို့၏ အချက်အလက်တွေကို အလွဲသုံးစား ပြုလုပ်ခြင်း မခံရရန် အတွက် သိသင့် သိထိုက်သော နည်းပညာပိုင်းဆိုင်ရာ လုံခြုံမှုတွေရှိဖို့ လိုအပ်သောကြောင့် ဆောင်ရန် ရှောင်ရန်များကို ဖော်ပြလိုက်ပါသည််။ ပထမဆုံး Setting ထဲက Securityကို သွားပြီး Security Questionကို နှိပ်၍ နှစ်သက်ရာ မေးခွန်း တစ်ခုကို ရွေး၊ အဖြေတစ်ခု ပေးလိုက်ပြီး အမေးနဲ့အဖြေကို အမြဲတမ်းအတွက် မှတ်ထားဖို့ လိုတယ်။ Facebook Account လုပ်တဲ့အခါ Email တောင်းတာကို သတိထားမိကြသည့်အတိုင်း မိမိ်ပေးလိုက်သည့် Emailသည် အမှတ်တမဲ့ ထားထားသော Emailမျိုး မဖြစ်စေဘဲ Facebook ဆိုက်ကို ဝင်တော့မည်ဆိုပါက https://ကို သုံးပြီး Secure Browsingကို On ပေးဖို့ လိုပါတယ်။

မိမိ Accountကို တခြားသူ တစ်ဦးဦး အသုံးပြုသည့်အခါ သိလိုလျှင် Login Notificationsကို On ထားပါက Emailနဲ့ အကြောင်းကြားပါလိမ့်မည် ဖြစ်သည်။ တတ်နိုင်သမျှ Account သုံးသည့်အခါ Computer, (သိ့ု) Phoneများကို Save လုပ်ထားပြီး Login Approval လုပ်ထားနိုင်ပါသည််။ Network တစ်ခုတည်းတွင် အသုံးပြုမည် ဆိုပါက မိမိ Accountထဲသို့ ဝင်အသုံးပြုနိုင်သည့် Software များစွာ ရှိသည့်အတွက် Free Wi-Fi ရှိသည့် နေရာများတွင် မသုံးသင့်ပါ။ Account Passwordကို ! , @ , # , $ , % ,& ,* , `, စကားလုံး များဖြင့် ထည့်သွင်းပေးသည်။ Add friendများမှာလည်း Accountတိုင်းကို လက်မခံဘဲ မိမိနှင့် သိမသိ ဆန်းစစ်သင့်ပါတယ်။ မိမိ်သုံးနေကျ စက်မဟုတ်ဘဲ တခြားစက် (သ့ို) အင်တာနက် ဆိုင်များတွင် Facebook သုံးပြီဆိုပါက Username နဲ့ Passwordကို အဆိုပါစက်တွင် Keep Login Boxကို အမှန်ခြစ်ကလေးကို ဖြုတ်ရမည်။ မဖြုတ်ခဲ့ပါက ယင်းစက်တွင် မိမိ Account ကျန်နေခဲ့သည့်အတွက် အသုံးပြုခဲ့သည့် အချက်အလက်များကို နောက်လူမှ အလွယ်တကူ ဝင်ရောက် ကြည့်နိုင်သည်ကို သတိထားသင့်ပါသည်။

“ကျွန်တော် အင်တာနက်ဆိုင်မှာ Facebook သုံးပြီး အိမ်ပြန်တော့ သူငယ်ချင်းတွေက ဖုန်းဆက်တယ်။ ဘယ်အချိန် လာရမလဲ။ ဘယ်နေရာလဲ ဆိုပြီး မေးတယ်။ ကျွန်တော်လဲ အူကြောင်ကြောင်နဲ့ ပြန်မေးတော့ ကျွန်တော့် မွေးနေ့အတွက် ကျွန်တော်က ညစာကျေွးဖို့ သူတို့ကို Facebook Chatကနေ ပြောထားလို့တဲ့။ သူ့ အတွေ့အကြုံကို ရှင်းပြပါတယ်။ အင်တာနက်ဆိုင်တွေမှာ အသုံးပြုခဲ့မယ်ဆိုရင် သုံးခဲ့တဲ့ Historyတွေကို ရှင်းခဲ့သင့်တယ်။ Ctrl +Shift + Hကိုနှိပ်ပြီး ကိုယ်သုံးခဲ့တဲ့ Dataတွေကို ရှင်းနိုင်ပါတယ်”ဟု Internet အသုံးပြုသူ တစ်ဦးက ပြောပါသည်။ Facebook လုံခြုံရေးနဲ့ ပတ်သက်ပြီး Techster Service Providerမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဖြူနွဲ့ရည်သိန်းက “Facebookမှာ လုံခြုံမှုရှိဖို့ဆိုတာ စီးပွားရေးသမားမှတင် မဟုတ်ပါဘူး။ သာမန်လူတွေလည်း Save ဖြစ်ဖို့ လိုပါတယ်။ ကိုယ့်သူငယ်ချင်းတွေ ကိုယ့် Profileနဲ့ Statusတွေကို တစ်စစီ ဖြစ်အောင် ပြုလုပ်သွားရင် မခက်ပေဘူးလား။ ဘယ်သူကမှ တစ်စုံတစ်ယောက် လုပ်ထားတယ်လို့ ထင်မှာ မဟုတ်ဘူးလေ။ ကိုယ်လုပ်တယ်လို့ပဲ ထင်မှာ။ ကိုယ့် Accountကိုတောင် ခိုးယူသုံးတဲ့ သူဆိုတော့ ဘယ်လိုနည်းနဲ့မှ ကောင်းရာ ကောင်းကြောင်း လုပ်မှာ မဟုတ်ဘူးလေ။ သတိထား သုံးကြတာတော့ အကောင်းဆုံးပါပဲ”ဟု ပြောသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *