News

Apple CEO နှင့် ဒေါ်လာ ၅သိန်းကျော်တန် ကော်ဖီသောက်ခွင့်

apple-CEO

ကမ္ဘာ့အောင်မြင်ကျော်ကြားသည့် ကုမ္ပဏီများအနက် Apple ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် တာဝန်ယူထားသော Tim Cookနှင့် ကော်ဖီအတူ သောက်နိုင်ခွင့်ကို ဧပြီ ၂၆ရက်နေ့က လေလံတင်ရာ ဒေါ်လာ ၅သိန်းကျော် အထိ ဖြစ်သွားကြောင်း ABC Digital သတင်းဌာနက ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။

ယင်းလေလံကို လူပေါင်း ၇၉ ယောက်က အပြိုင်လေလံဆွဲကြပြီးနောက် ဒေါ်လာ ၅၆၅,၀၀၀ဖြင့် လေလံအောင်သွားခြင်း ဖြစ်သည်။ အဆိုပါ လေလံကို ဂျွန်အက်ဖ်ကနေဒီစင်တာတွင် ကျင်းပခြင်း ဖြစ်ပြီး လူ့အခွင့်အရေး တိုက်ပွဲဝင်သူများကို ထောက်ခံအားပေးရန်အတွက် ရန်ပုံငွေအဖြစ် သုံးရန် နှစ်စဉ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်သည် ခြောက်ကြိမ်မြောက် ရှိသွားပြီ ဖြစ်သည်။ဤလေလံပွဲတွင် ဖရန်စ်ဖို့ဒ် ကော်ပိုလာနှင့်အတူ Space X Center အတွင်းသို့ ခရီးအတူသွားခွင့် ပါဝင်သော်လည်း တင်မ်ကွတ်နှင့်အတူ ကော်ဖီသောက် ခွင့်လောက် စိတ်ဝင်စားမှု မရှိကြောင်း ၎င်းသတင်းတွင် ဖော်ပြထားပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *