News

Facebook သုံးသူ သန်း ၁၀၀၀ကျော်၏ ၁၀ရာခိုင်နှုန်းသည် လူများမဟုတ်ဟုဆို

facebook-user

ကမ္ဘာတစ်ဝန်းလုံးရရှိ Facebook အသုံး ပြုသူပေါင်း ၁ဒဿမ ၁၁ဘီလီယံ ရှိသည့် အနက် ၁ဒဿ္မ ၅သန်းမျှသော Userများမှာ လူပုဂ္ဂိုလ်အကောင့်များ မဟုတ်ပဲ အိမ်မွေး တိရစ္ဆာန်များ အမှတ်တံဆိပ် ကြော်ငြာများ နှင့် ကုမ္ပဏီများ ဖြစ်ကြသည်ဟု အင်တာ နက်ဈေးကွက် သုတေသန ကုမ္ပဏီ eMarketer၏ စစ်တမ်း ဖော်ပြချက်အရ သိရသည်။

တချို့သူများသည် မိမိတို့၏ အိမ်မွေး တိရစ္ဆာန်များအတွက် Facebook Pageနှင့် အကောင့်များ ဖွင့်လေ့ရှိပြီး Facebook ပူးတွဲ တည်ထောင်သူ Mark Zuckerberg၏ ခွေး Beastတွင်လည်း Facebook ၁ဒဿမ ၅သန်း ရှိသည်။ eMarketer၏ စစ်တမ်းအရ Facebook အသုံးပြုသူ အရေအတွက် အတိုးတက်ဆုံး နိုင်ငံများမှာ အိနိ္ဒယ၊ ဘရာဇီး၊ ရုရှား၊ အရှေ့ အလယ်ပိုင်း နိုင်ငံများနှင့် မြောက် အာဖရိက နိုင်ငံများ ဖြစ်ကြပြီး၊ ယခုနှစ်ပိုင်း အတွင်း ၃၀ရာခိုင်နှုန်း တိုးတက်လာသည်ဟု သိရ သည်။

အမေရိကန်နှင့် ဗြိတိန်နိုင်ငံရှိ လူဦးရေ၏ ထက်ဝက်ခန့်မှာ နေ့စဉ် Facebook အသုံး ပြုသော Active Users ဖြစ်ကြပြီး၊ အခြား သော အကောင့်ပိုင်ရှင်များမှာ နေ့စဉ် အသုံး ပြုသော Non-Active Users ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *