News

KD Power Co., Ltdမှ ကုန်ပစ္စည်းအသစ် မိတ်ဆက်

social-gathering

ကိုရီးယားနိုင်ငံ အခြေစိုက် KD Power Co., Ltdမှ Electronic ပစ္စည်းနှင့် IT နည်း ပညာသုံး ပစ္စည်းများအား မိတ်ဆက်ပွဲကို Traders Hotelတွင် ကျင်းပခဲ့ပါသည်။ အဆို ပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်နှင့် စက်မှုလက်မှု နည်းပညာဆိုင်ရာ ဌာနမှ အကြီးအကဲများနှင့်အတူ မြန်မာနိုင်ငံ ရှိ လျှပ်စစ်ပစ္စည်းများအား ရောင်းဝယ် ဖြန့်ချိ လျက်ရှိသော ကိုယ်စားလှယ် လုပ်ငန်းရှင် ကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။ အခမ်းအနား မစတင်မီနှင့် ပွဲအား တက်ရောက်မည့် ဧည့်သည်များနှင့် လူကြီးမင်းများကို စောင့်ဆိုင်းရာတွင် ကိုရီး ယားနိုင်ငံ၏ နာမည်ကျော် အဆိုတော် PSY၏ MTVများအား Projecterဖြင့် ဖျော် ဖြေပြီး KD Power၏ Chairmanမှ ပုဆိုးနှင့် တိုက်ပုံ ဝတ်ဆင်ခဲ့သည်မှာ အဆိုပါ အခမ်း အနားရဲ့ ထူးခြားမှု ဖြစ်ခဲ့ကြောင်း သိရပါ သည်။

KD Power Co., Ltd.မှ မိတ်ဆက် ခဲ့သော ကုန်ပစ္စည်းများ အနေဖြင့် ဆိုလာ စနစ်ဖြင့် အလိုအလျောက်လမ်းကြောင်း အခြေခံစနစ်၊ အိမ်သုံးဆိုလာ၊ LEDမီးလုံး၊ မီးချောင်း၊ ITနည်းပညာသုံး Switching Board၊ ဒီဇယ်သုံး မီးစက်၊ Smart M2M ဝန်ဆောင်မှု၊ လူနာတင်ယာဉ်၊ ဝန်ချီစက်နှင့် ရေတင်ကား စက်ယန္တရားကြီးများ အစရှိ သော ကုန်ပစ္စည်း အသစ်များကို မိတ်ဆက်ခဲ့ ပါသည်။ တောင်ကိုရီးယားနိုင်ငံမှ အလွန် သေးငယ်သည့် အလတ်တန်းစား ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း သိရသည်။ KD Power၏ ဥက္ကဋ္ဌမှ “ကျွန်တော်ပုဂ္ဂိုလ်ရေးအရ ပြောရ ရင် မြန်မာနိုင်ငံကို ချစ်ပါတယ်၊ မြန်မာနိုင်ငံ မှာ ရှိတဲ့မီးမရှိတဲ့ ကျေးလက်ဒေသတွေမှာ နေရတဲ့ အမေအိုတွေအတွက် ဒီပစ္စည်းဟာ အထောက်အကူဖြစ်မယ် ထင်ပါတယ်။ မီး မရှိတဲ့နေရာတွေကို ဒီဆိုလာစနစ်တွေက ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒါ ကြောင့် ဒီပွဲကို တက်ရောက်လာသော သက်ဆိုင်ရာ လူကြီးမင်းတို့မှလည်း တစ် ဖက် တစ်လမ်းက ဝိုင်းဝန်း ကူညီ ပေးနိုင်မယ် လို့ ထင်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ နည်း ပညာနဲ့ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား အရင်း အမြစ်တွေနဲ့ ပူးပေါင်းပြီး ဒီပြဿနာကို ဖြေရှင်းလိုပါတယ်”ဟု ပြောသွားခဲ့ပါသည်။ Indochinaကျွန်းတွေ၊ မီးမရှိတဲ့ နေရာဒေသ တွေကို မီးရရှိရေးအတွက် ဒေသခံ လူ့စွမ်း အားများနှင့် ပူးပေါင်း၍ လျှပ်စစ်မီးကို ရရှိရန် ရည်ရွယ်ကြောင်း၊ အဆိုပါ အခမ်းအနားရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *