News

ရန်ကုန်လေဆိပ် သွင်းကုန် ကိုင်တွယ်ခြင်း၊ MCS (ထူးကုမ္ပဏီ အုပ်စု) ထပ်မံလုပ်ခွင့်ရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သွင်းကုန် ကိုင်တွယ်ခြင်း လုပ်ငန်း၊ (Import Cargo Services)ကို ထူးကုမ္ပဏီအုပ်စု လက်အောက်ရှိ Mingalardon Cargo Services (MCS)ကုမ္ပဏီမှ ထပ်မံလုပ်ကိုင် ခွင့်ရရှိခဲ့ကြောင်း သိရသည်။ MCSကုမ္ပဏီ သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ရှိ Export Cargo Services လုပ်ငန်းအား လုပ်ကိုင်ခွင့် ရရှိထားပြီး ဖြစ်သည်။ ယင်း ကုမ္ပဏီသည် ယခုထပ်မံ၍ အကောက်ခွန် ဦးစီးဌာနမှ လုပ်ကိုင်လျက် ရှိသည့် Import Cargo Services လုပ်ငန်းအား ထပ်မံ လုပ် ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ MCS ကုမ္ပဏီအား လေဆိပ် သွင်းကုန်ကိုင်တွယ်ခြင်း လုပ်ငန်းအား ထပ် မံလုပ်ကိုင်ခွင့်ပြုရခြင်းမှာ လေဆိပ် ပို့ကုန် သွင်းကုန် ကိုင်တွယ်ခြင်း လုပ်ငန်းများ အား လုံးကို ၂၀၁၇ခုနှစ်တွင် အသစ်ဖွင့်လှစ် အသုံးပြုမည့် ဟံသာဝတီ လေဆိပ်သစ်ကြီး သို့ ပြောင်းရွှေ့လုပ်ကိုင်မည် ဖြစ်သော ကြောင့်ဟု သိရသည်။

လေဆိပ်ပို့ကုန်နဲ့ သွင်းကုန် ကိုင်တွယ် ခြင်း၊ လုပ်ငန်းက တွဲပြီးလုပ်မှ လုပ်ငန်း အဆင်ပြေကြောင်း၊ ခွဲပြီးလုပ်မည်ဆိုလျှင် ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်း ပမာဏမျှဖို့လိုကြောင်း၊ လက်ရှိအနေအထား အရ ပို့ကုန်နှင့် သွင်းကုန် ကိုင်တွယ်ခြင်း လုပ်ငန်းကို ခွဲပြီးလုပ်မည်ဆိုပါက ပြန်ရလာ မည့် အကျိုးအမြတ်က သတ်မှတ်သည့် အချိန်တိုကာလအတွင်းမှာ မရနိုင်ကြောင်း၊ ၂၀၁၇ခုနှစ်မှာ ဟံသာဝတီလေဆိပ်သစ်ကြီး ဖွင့်ပြီးသည်နှင့် လေဆိပ်ပို့ကုန် သွင်းကုန် ကိုင်တွယ်ခြင်း လုပ်ငန်းများကို ဟံသာဝတီ လေဆိပ်သို့ ရွှေ့မှာဖြစ်သည့်အတွက် ရန်ကုန် တွင် ကုမ္ပဏီနှစ်ခု ကျန်ခဲ့သည့်အခါ

မလို လားအပ်သော ဆုံးရှုံးမှုများ မဖြစ်စေရန် လေဆိပ်ပို့ကုန်သွင်းကုန် ကိုင်တွယ်ခြင်း၊ လုပ်ငန်းနှစ်ခုစလုံးကို လက်ရှိလုပ်ကိုင် နေသော Mingalardone Cargo Service(MCS)ကုမ္ပဏီကိုပဲ လုပ်ကိုင်ခွင့်ပြုရန် ပို့ ဆောင်ရေးဝန်ကြီးဌာန EC အစည်းအဝေး မှာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန် ကြားရေးမှုးချုပ် ဦးတင်နိုင်ထွန်းက မေလ ၂၇ရက်နေ့က ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လေဆိပ်သွင်းကုန် ကိုင်တွယ်ခြင်း လုပ် ငန်းအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရန် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်း ဆောင်ရည် အကဲဖြတ်အဖွဲ့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လုပ်ငန်းများ အား လာရောက်ကြည့်ရှုစဉ်က ဆုံးဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သွင်းကုန် ကုနစည်များအား ကိုင်တွယ်ခြင်း၊ လုပ်ငန်းကို အကောက်ခွန်ဦးစီးဌာနမှသာ တာဝန်ယူ ကိုင်တွယ်ဆောင်ရွက်ခြင်း လုပ် ငန်းများ အားလုံးကို လေကြောင်းလိုင်းများမှ ကိုင်တွယ်လုပ်ဆောင်နေပြီး၊ ယင်းလုပ်ငန်း နှစ်ခုတွင် သွင်းကုန် ကိုင်တွယ်ခြင်း လုပ်ငန်း က ဝင်ငွေပိုမို၍ ရရှိသည့် လုပ်ငန်း ဖြစ် ကြောင်း၊ မြန်မာ့လေကြောင်းမှ MD ဦးသန်း ထွန်းက ပြောကြားခဲ့သည်။

လေဆိပ်သွင်းကုန် ကိုင်တွယ်ခြင်း လုပ် ငန်းလုပ်ကိုင်ရန် MAI Airline, MIFFAနှင့် MCS စသည့် ကုမ္ပဏီသုံးခု လျှောက်ထား သည့်အနက်မှ MCSအား လုပ်ကိုင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *