တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတဲ့ Appleရဲ့ iPhone Eventကတော့ မနေ့ညမှာ ကျင်းပပြီးစီးခဲ့ပါတယ်။ အဆိုပါ ပွဲသတင်းကိုလည်း မြန်မာအိုင်စီတီ Websiteကနေ တိုက်ရိုက်တင်ဆက် ပေးခဲ့ပါတယ်။ အခုတစ်ခါ iPhoneနဲ့ ပတ်သက်ပြီး ရရှိထားသမျှ သတင်းတွေကို စုစည်းဖော်ပြပေးလိုက် ပါတယ်။
ဈေးနှုန်းကနေ စပြီး ပြောပါမယ်။ iPhone 5Sရဲ့ Unlockedဈေးနှုန်းတွေက 16GBကို ၆၄၉ဒေါ်လာ၊ 32GBကို ၇၄၉ဒေါ်လာနဲ့ 64GBကို ၈၄၉ဒေါ်လာ ဖြစ်ပါတယ်။ iPhone 5Cရဲ့ Unlokcedဈေးနှုန်း တွေကတော့ 16GBကို ၅၄၉ဒေါ်လာနဲ့ 32GBကို ၆၄၉ဒေါ်လာ ဖြစ်ပါတယ်။ iPhone 5Cရဲ့ ဈေးနှုန်းနဲ့ ပတ်သက်ပြီး ေ၀ဖန်မှုတွေလည်း ရှိနေပါတယ်။
Appleကတော့ အံ့မခန်းလောက်တဲ့ နည်းပညာတွေနဲ့ အတူiPhoneအသစ် တွေကိုမိတ်ဆက် ပွဲထုတ် လိုက်ခြင်းပါ။ iPhone 5Sမှာ 64-bit A7 မိုဘိုင်းProcessorကို တပ်ဆင်ထား ပါတယ်။ ယခင် iPhone 5မှာ သုံးထားတဲ့ A6 Processorထက် နှစ်ဆ ပိုမိုမြန်ဆန်ပြီး ပထမဦးဆုံး ထွက်ရှိခဲ့တဲ့ First Generation iPhoneထက် အဆ၄၀ ပိုမိုမြန်ဆန်မှုကို ရရှိမှာပါ။
လက်ဗွေဖတ်စနစ်(သို့)Touch IDလည်း ထည့်သွင်းပေးထားလို့ iPhone 5Sဟာ ကမ္ဘာ့ပထမဦးဆုံး လက်ဗွေဖတ်နိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ ကင်မရာမှာ တပ်ဆင်ထားတဲ့ True Tone Flashဟာလည်း အလင်းရောင် အလွန်အားနည်းတဲ့ နေရာမျိုးမှာတောင် မူလပုံစံအတိုင်း ရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် ဗီဒီယိုရိုက်ကူးမှုမှာလည်း Slow-Motion Modeနဲ့ Built-In Slowmotion VFXကို ထည့်သွင်း ပေးထားပါတယ်။ အဆိုပါ Motionအတွက် M7 Motion Co-Processorဆိုတဲ့ Chipတစ်ခု သီးသန့် ပါ၀င်ပါတယ်။
iPhone 5Sဟာ သတင်းတွေ ထွက်ရှိခဲ့တဲ့အတိုင်း ရွေှရောင်အပါအ၀င် အရောင်သုံးမျိုးနဲ့ ထုတ်လုပ်မှာပါ။ ပလတ်စတစ်နဲ့ ဖန်တီးထားတဲ့ iPhone 5Cကတော့ ကာလာငါးမျိုးနဲ့ လာမှာ ဖြစ်ပါတယ်။ အဆိုပါ iPhoneပုံစံ တွေကိုလည်း မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် ဖော်ပြပေးထားပါတယ်။ ယူကေ၊ စင်္ကာပူ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်၊ ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံ တွေမှာတော့ စက်တင်ဘာ ၂၀ရက်နေ့ စတင်၀ယ်ယူနိုင်ပါပြီ။ မနေ့က ကျင်းပခဲ့တဲ့ ပွဲမှာ iPhone 5C, iPhone 5Sတွေ သာမက iOS 7အကြောင်းကိုလည်း မိတ်ဆက်ရှင်းလင်း ခဲ့ပါတယ်။ အဆိုပါ iOS 7ကို လေ့လာချင်ရင်တော့ မြန်မာအိုင်စီတီမှာ လေ့လာကြည့်ရှုနိုင်ပါတယ်။
iPhone 5Sမှာ Batteryသက်တမ်းဟာ 3Gနဲ့ အင်တာနက် သုံးစွဲမှု အတွက် ၈နာရီပဲ အသုံးခံမှာပါ။ 3Gကွန်ရက်မှာ ဖုန်းပြောဆိုမှု အတွက်တော့ ၁၀နာရီ အသုံးခံမှာ ဖြစ်ပြီး 4G LTE Browsing, Wi-Fi Browsingတွေ အတွက်ကတော့ ၁၀နာရီစီ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ MTVတွေ ကြည့်ဖို့ အတွက်လည်း ၁၀နာရီသာ အသုံးခံမှာ ဖြစ်ကာ သီချင်းနားထောင်ရင် နာရီ၄၀ နားထောင်နိုင်မှာ ဖြစ်ပါတယ်။ Stand-Byသာ ထားရင်တော့ နာရီပေါင်း ၂၅၀အသုံးပြု နိုင်မှာပါ။ Appleဟာ ၎င်းတို့ရဲ့ iPhone Eventမှာ “Android-Free”လို့ ဆိုခဲ့ပါသေးတယ်။ ဒါဟာ ၎င်းတို့ရဲ့ အဓိကပြိုင်ဘက် အန်းဒရွိုက်ကို သွယ်၀ိုက်စွာ တိုက်ခိုက်လိုက်တာ ဖြစ်ပြီး နည်းပညာပိုင်းအရလည်း Appleအနေနဲ့ အန်းဒရွိုက်ထက် မြင့်မားလျက် ရှိပါတယ်။
2 thoughts on “iPhone 5S, iPhone 5Cတို့နှင့် ပတ်သက်၍ သတင်းများ စုစည်းမှု”