Review

စိတ်လှုပ်ရှားဖွယ်ရာ iOS 8 Features အသစ်များ

Apple က တနင်္လာနေ့က iOS 8 ကို ပွဲထုတ်ခဲ့တယ်။ iPhone နဲ့ iPad တို့ရဲ့ နောက်ဆုံး OS တွေက ၂၀၀၈ App Store ပေါ်လာကတည်းက iOS ရဲ့ ထုတ်ကုန်တွေဟာ အရေးပါဆုံးအရာများအဖြစ် ဆော့ဝဲလ် အသစ်တွေနဲ့ လူအများကို ဆွဲဆောင်ခဲ့ပါတယ်။ နည်းနည်းလေး ပိုပြီး နှိုင်းယှဉ်ရမယ်ဆိုရင် App Store ထွက်ပေါ်လာမှုဟာ mobile computing လောကမှာ ဟိုဘက်သည်ဘက် ခြားထားသောအတန်း ပုံစံသဖွယ်ဖြစ်နေပါတယ်။ စိတ်လှုပ်ရှားဖွယ်ရာ features အသစ်တွေများစွာ ထပ်တိုးလာပါတယ်။

Smart and Swappable Keyboards

မင်းဟာ Andorid ဖုန်းကို အမြဲသုံးနေတဲ့သူဆိုရင် စိတ်တွင်း ခံစားချက်နဲ့ စာရိုက်နိုင်တဲ့ ပျော်ရွှင်မှုကို သိကောင်းသိဖွယ်ရှိမယ်။ ကျဉ်းကျဉ်းကျုတ်ကျုတ် ကီးဘုတ်လေးအတွင်းမှာ မျက်နှာပြင်ကို တတွတ်တွတ် ခေါက်ပြီး စကားလုံးများကို ရိုက်တာထက်စာရင် စိတ်ခံစားချက်နဲ့ စာရိုက်နိုင်ရန် ဖန်းတီးထားတယ်။ စိတ်နဲ့ စာရိုက်ခြင်းက မျက်နှာပြင်ကို ညင်သာစေတယ်၊ တစ်လုံးချင်းစီ အပေးယူမျှစွာ ပို့နိုင်ပါတယ်။ Swiftkey နဲ့ Swype တို့လို ကီးဘုတ် app တွေက အံ့သြလောက်အောင်ကို ကောင်းစွာ ရိုက်နိုင်တယ်၊ stock Android မှာတော့ စိတ်နဲ့စာရိုက်ခြင်းဟာ တစ်ခါတည်း ပါလာပြီးသား ဖြစ်ပါတယ်။ အဖွင့်မှာပဲ iOS 8 မှာ Apple က SwiftKey၊ Swype နဲ့ တခြားသော third-party apps တွေနဲ့ သူ့ရဲ့ပစ္စည်းတွေကို မျက်နှာပြင်ကျယ်တွေနဲ့ ပရိတ်ရဲ့ အမြင်ကို ဖမ်းစားခဲ့ပါတယ်။

Apple ရဲ့ မူရင်း iOS ကီးဘုတ်မှာတော့ ဒီအချိန်မှာ စိတ်ခံစားချက်နဲ့ စာရိုက်တဲ့ feature ဟာ တစ်ခါတည်း မပါနိုင်သေးပါဘူး၊ ဒါပေမယ့် မင်းရဲ့လုပ်ဆောင်ချက်တွေကို မူတည်ပြီးတော့ ကြိုတင် နိမိတ်ပြသော စာရိုက်စနစ်တော့ ပါပါတယ်။ Apple ကဒါကို QuickType လို့ခေါ်ပါတယ်၊ စာကြောင်းတစ်ကြောင်းကို မင်းစတင်လိုက်တဲ့အခါမှာ အဲဒိ app လေးက သင့်လျော်တဲ့ စကားလုံးများကို နောက်ဆက်တွဲအနေနဲ့ ပြပေးမှာပါ။ QuickType က မင်းဘယ် app အသုံးပြုနေလဲဆိုတာမှာ မူတည်ပြီးတော့ စကားလုံးတွေကို ခန့်မှန်းပေးမှာပါ၊ ပြီးတော့ mail နဲ့ message မှာဆိုရင် မင်းဟာ သူဌေးကို စာပို့တာလား၊ သူငယ်ချင်းကို ပို့တာလားဆိုတာ ခွဲခြားပြီး ခန့်မှန်းပေးမှာပါ။ SwiftKye နဲ့ Swype ကလည်း အလားတူ ပုံစံမျိုး functions တွေပါပါတယ်။

The improved Message app in iOS 8 —Apple Inc.

The improved Message app in iOS 8 —Apple Inc.

ဗီဒီယို နဲ့ အသံ တွေပါတဲ့ Messages chat

Apple ရဲ့ Message app က Snapchat နဲ့ WhatsApp ကြိုက်သူများအတွက် ဗီဒီယိုနဲ့ အသံဖိုင်တွေပါဝင်ပြီး ပိုပြီးပြည့်စုံတဲ့ Message update ဗားရှင်းကို ပြခဲ့ပါတယ်။ မင်းဟာ iOS 8 မှာ အသံနဲ့ဗီဒီယို ဖိုင် အသေးလေးတွေ၊ အပိုင်းငယ်လေးတွေ ဖန်တီးပြီး မင်းရဲ့စာတွေ၊ ဓါတ်ပုံတွေနဲ့အတူ အွန်လိုင်းပေါ် တင်လို့ရပါတယ်။ ပြီးတော့ မင်းရဲ့ တည်နေရာကို နာရီပိုင်းအလိုက် ဒါမှမဟုတ် တစ်နေကုန် ဒါမှမဟုတ် တိကျမှု မရှိတဲ့နေရာ စတဲ့ အချိန်ပိုင်းလေးတွေ ခွဲပြီး share နိုင်ပါသေးတယ်။ tap တစ်ခုတည်းနဲ့ စကားပြောထားတာတွေ၊ ဓါတ်ပုံတွေ နဲ့ ဗီဒီယိုတွေ အားလုံးကို စာသားကနေ သူတို့ကို တဆင့်သွားစရာမလိုပဲ ကြည့်နိုင်ပါတယ်။ Viber၊ WhatsApp နဲ့ Snapchat လိုမျိုး apps တွေက တစ်ခါတစ်ရံမှာ ဒီလိုမျိုး features တွေ သုံးလို့ရပါတယ် ဒါပေမယ့် Message app အသစ်က Apple ကို နောက်ဆုံးပေါ် app ဖြစ်စေခဲ့ပါတယ်။

 

New Health app coming to iOS 8 —Apple Inc.

New Health app coming to iOS 8 —Apple Inc.

Health and HealthKit

iOS 8 မှာ Apple က Health လို့ခေါ်တဲ့ app အသစ်ကို ထုတ်ပြလိမ့်မယ်၊ဒါက တပ်ဆင်နိုင်တဲ့ ပစ္စည်းတွေ၊ တခြား third-party apps တွေနဲ့ ဖုန်းက ထုတ်လိုက်တဲ့ ကျန်းမာရေး ဒယ်တာတွေကို ဘယ်ကို ဦးတည်နေလဲဆိုတာ စောင့်ကြည့်ဖို့ရာမှာ စွမ်းဆောင်ပေးလိမ့်မယ်။ အဲဒိ app က အိပ်တဲ့ဒယ်တာမှတ်တမ်းတွေ၊ ကယ်လိုရီ လောင်ကျွမ်းမှုတွေ၊ နှလုံးခုံနှုန်းတွေနဲ့ အခြားအတိုင်းအတာများကို မှတ်ထားပေးပါလိမ့်မယ်။

HealthKit လို့ခေါ်တဲ့ Apple ရဲ့ ကြီမားတဲ့ platform ကြောင့် မင်းရဲ့ အခြား ကျန်းမာရေး နဲ့ ကိုယ်ကာယ ကြံ့ခိုင်ရေး apps တွေက တစ်ခုနဲ့တစ်ခုစီ အပြန်အလှန် ဆက်သွယ်နိုင်ပါလိမ့်မယ်။ တချို့ apps တွေဖြစ်တဲ့ Mayo Clinic medical app လိုမျိုးဟာတွေက မင်းရဲ့ ခွင့်ပြုချက်နဲ့ အဲဒိဒယ်တာတွေထဲကို ဆရာဝန်က tap လုပ်နိုင်တာမျိုးတွေ လုပ်နိုင်ပါလိမ့်မယ်။ ဒါဟာ HelathKit feature ရဲ့ အကျိုးကျေးဇူး တစ်ခုပါပဲ။

Apple ရဲ့ အဓိက ပြိုင်ဘက် Samsung မှာတော့ ကျန်းမာရေး ဒယ်တာတွေကို တစ်နေရာထဲသို့ ယူလာနိုင်သော ပုံစံတူ တစ်ခုရှိပါတယ်၊အလားတူပဲ ကျန်းမာရေးဒယ်တာတွေကို partner ထုတ်ကုန်များနဲ့ ဖလှယ်တာမျိုးပုံစံတွေ မိတ်ဆက်ပါတယ် ဒါပေမယ့် ဒါဟာ ဘယ်မှာပါမယ်ဆိုတာ အတိအကျ ထုတ်မပြောသေးပါဘူး။ Apple ရဲ့ Health app ကတော့ iOS 8 မှာ ပါလာတော့မှာပါ။

Third-Party Apps တွေထဲက TouchID

များသောအားဖြင့်ကတော့ Apple ရဲ့ TouchID လက်ဗွေပုံစံ အာရုံခံကိရိယာက iPhone 5S၊ iTunes နဲ့ App Store က ဝယ်ထားတာတွေကို ဖွင့်ရာမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ ဒါပါပဲ Samsung Galaxy S5 မှာလည်း လက်ဗွေရာထုတ်တဲ့ အာရုံခံ ပါရှိပါတယ်၊ ဒါပေမယ့် အဲဒါက third-party apps တွေရဲ့ နံပါတ်တွေအတွက် လုံခြုံရေး အတိုင်းအတာအဖြစ်ပဲ သုံးလို့ရပါတယ်။ ဒါဟာ အရမ်း စိတ်လှုပ်ရှားဖွယ် ရွေ့လျားမှု မဟုတ်ပါဘူး၊ ဒါပေမယ့် ဒါဟာ အာရုံခံစားသိမြင်မှုကို ပြုလုပ်နိုင်ပါတယ်။

Family Sharing in iOS 8 —Apple Inc

Family Sharing in iOS 8 —Apple Inc

Family Sharing for Multiple Apple Accounts

Family Sharing က iOS user အများကြီးကို Apple IDs သို့မဟုတ် iCloud accounts တွေများစွာနဲ့ စာအုပ်တွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေနဲ့ သူတို့ဝယ်ထားတဲ့ apps တွေကို share ဖို့ ခွင့်ပြုထားတယ်။ Album အသစ်တစ်ခုကို တစ်ခါ ဝယ်လိုက် ပြီးရင် လူတိုင်း အဲဒါကို သုံးနိုင်တယ်။ ဘယ်လောက်ကောင်း လိုက်လဲ၊ ဒါကို အလုပ်ဖြစ်ဖို့ မင်းရဲ့ IDs နဲ့ passwords တွေကို share စရာမလိုတော့ဘူး။ နောက် feature တစ်ခုက မိဘတွေ အကြိုက်တွေ့မယ်လို့ထင်တယ်၊ ဘာလို့လည်းဆိုတော့ Apple ကနေ ဘာတွေပဲ ဝယ်လို့ရအောင်ဆိုပြီး ကန့်သတ်နိုင်တဲ့ စွမ်းရည်ရှိလို့ဖြစ်ပါတယ်။ မင်းက setting ချိန်ထားလို့ရတယ် မင်းကလေးက iTunes၊ iBooks သို့မဟုတ် App Store ကနေ တစ်ခုခုကို မဝယ်ခင်မှာ မင်းဆီကို ခွင့်ပြုချက်တောင်းတာမျိုးတွေ ကြိုတင် သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် မင်းဟာ ဘယ်သူနဲ့ ဘာကို sharing လုပ်နေလဲဆိုတာ သေချာစွာ သိဖို့လိုပါတယ်။ Family Sharing က မင်းရဲ့ တည်နေရာနဲ့ မင်းရဲ့ Apple ပစ္စည်းတွေရဲ့ တည်နေရာကို share ပေးတဲ့ features အသစ်တွေလည်း ပါဝင်ပါသေးတယ်။

 

Apple’s new iCloud Drive —Apple Inc

Apple’s new iCloud Drive —Apple Inc

iCloud Drive က ပိုကောင်းပြီး၊ စျေးပေါလာ

ကိတိကဝတ်က ရိုးရှင်းပါတယ် ဒါပေမယ့် အရေးကြီးတယ်။ iCloud Drive နဲ့အတူ Dropbox၊ Box နဲ့ Google Drive စတဲ့ drive တွေလိုမျိုး ဘယ် device မှာရှိတဲ့ ဘယ်ဖိုင်မဆိုကို သုံးနိုင်ပါတယ်။ အခုထိ cloud storage တွေ များစွာ အွန်လိုင်းမှာ ရှိပါတယ်။ iCloud ရဲ့ ကန့်သတ်မှု စွမ်းရည်က ပြင်းထန်တဲ့ ပြိုင်ဘက် တစ်ခုအနေနဲ့ ကျန်ရှိနေခဲ့ပါတယ်။ Apple က ပြောပါတယ် iOS 8 က Mac အတွက် update ဗားရှင်း OS X Yosemite မှာ ဒါကို ပြောင်းလဲပါလိမ့်မယ်တဲ့။ စျေးကတော့ မြင့်ပါတယ်။ 5GB ကို အလကားပေးမယ်၊ 20GB ကိုတော့ တစ်လကို ၉၉ ဆင့် နဲ့ 200GB အတွက် တစ်လကို ၃.၉၉ ဒေါ်လာဖြစ်ပါတယ်။ ဒါထုတ်တဲ့အထိ Apple က 50GB အတွက် တစ်လကို ၈ ဒေါ်လာ ယူပါတယ်။ ဓါတ်ပုံတွေ ၊ သီချင်းတွေ အတွက် iCloud ကို အသုံးပြုထားတဲ့ သူတွေက ကြော်ညာထားတဲ့ အတိုင်း ထွက်ကုန်တွေဟာ အလုပ်မလုပ်ဘူးဆိုတာ သိပါတယ်။

 

New Spotlight search tools in iOS 8 - Apple Inc

New Spotlight search tools in iOS 8 – Apple Inc

Web ပိုင်း ရှာဖွေမှုရဲ့ Spotlight Search

Spotlight က iOS 8 မှာ ဗားရှင်း update လုပ်ပါလိမ့်မယ်။ မင်းဖုန်းရဲ့ contacts တွေ နဲ့ တခြား apps တွေ၊ မြေပုံတွေ အပါအဝင်၊ အီးမေးတွေ၊ ဗီဒီယို နားထောင်မှုတွေ၊ ဝီကီးပီးဒီးယား ဝင်မှုမှတ်တမ်းတွေ၊ လက်ရှိ ခေတ်စားတဲ့ သတင်းတွေနဲ့ အခြား အင်တာနက် အရင်းမြစ်တွေစတဲ့ apps တွေကို လွန်၍ ဘာတွေလုပ် လို့ရမလဲဆိုတာ iOS 8 မှာ Spotlight က ပါလာတော့မှာပါ။ Apple က ပြောပါတယ် Spotlight ဟာ မင်းအခု လက်ရှိ ရှိနေတဲ့ တည်နေရာကို အသိအမှတ်ပြုဖို့ စမတ်ဖြစ်ပြီး လုံရလောက်နေတာတောင်မှ အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ရှာဖွေမှု ရလဒ်ကို ပေးစွမ်းပေးမှာပါတဲ့။ Android မှာ Goolge Now app က ဒီလိုမျိုး ဝန်ဆောင်မှုပေးနေတာ အတော်ကြာလှ နေပါပြီ။ ဘာပဲဖြစ်ဖြစ် iOS 8 က iPhone users တွေအတွက် သင့်တော်ပြီး လက်မလွတ်သင့်တဲ့ update ဗားရှင်းတစ်ခု ဖြစ်တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *