Opinion

ကလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို မြှင့်တင်ခြင်း

မိဘကောင်းတစ်ယောက် ဖြစ်လို့ ဘာတွေလိုအပ်မယ်လို့ သင်ထင်ပါသလဲ? ကလေးတွေကို မြင့်မားတဲ့ အောင်မြင်သူတွေ ဖြစ်စေဖို့ ဘယ်လို သင်ကြားရမလဲဆိုတဲ့ နည်းလမ်းလေးတွေ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘဲ သီးခြားအတွေးလေးတွေ ကိုယ်စီရှိနေကြတတ်ပါတယ်။ ဥပမာအားဖြင့် – မိဘများက ကလေးတွေကို တတ်နိုင်သော စွမ်းရည်ထက် ပိုပြီး ချီးမွမ်းထောပနာပြုတဲ့အခါမှာ ကလေးတွေဟာ သူတို့ လုပ်ဆောင်နေတဲ့ အလုပ်တွေမှာ ပိုပြီးစိတ်ဝင်စားပြီး တွန်းအားပေးတဲ့  သဘောသက်ရောက်စေပါတယ်၊ ပြီး အလုပ်အပေါ်မှာလည်း စာရိတ္တကောင်းကောင်းထားပြီး လုပ်ချင်တဲ့ အာတွေလည်း ပိုတိုးပွားလာပါတယ်။ မကောင်းတဲ့အချက်က  ဒီနှိုးစော်မှုဟာ ကလေးရဲ့ လုပ်နိုင်တဲ့ အားထက်ပိုစေတဲ့အတွက် အရမ်း တွန်းအားများပြီး ပြုလုပ်ဆောင်ရွက်မှု နှေးကွေးစေနိုင်ပါတယ်။

သို့သော်ြငားလည်း တချို့မိဘများက ကလေးတွေလုပ်ဆောင်ရမယ့် အလုပ်တွေကို ကိုယ်စားလုပ်ပေးပြီး ပြီးမြောက်စေပါတယ်။ ဒါဟာတကယ်တော့ ကလေးရဲ့အောင်မြင်မှုအစစ်အမှန်မဟုတ်သလို ကလေးအနေနဲ့ ဒီလိုကိုယ်စားလုပ်ပေးမှုကို ပျော်မွေ့သွားစေနိုင်ပါတယ်။ ဒါဟာ မိဘတွေအနေနဲ့ မိမိကလေးအပေါ် မပြုမူသင့်တဲ့ နံပါတ်တစ် အချက်ပါပဲ။ ကျွန်တော်တို့ဟာ ကလေးတွေကို ကြင်နာတတ်လာအောင်၊ မေတ္တာကရုဏာ တရား ကြီးမားလာအောင်၊ ကူညီတတ်လာအောင်  ဘယ်လိုသွန်သင်ရမလဲဆိုတာ အသေအချာ အလေးထားပြီး စဥ်းစားကြရမှာပါ။ ကန်က ထုတ်ပြန်တဲ့ စစ်တမ်းတွေအရတော့ ဥရောပ၊ အာရှ နဲ့ အာဖရိကန် လူမျိုးစု မိဘတွေက ကလေးတစ်ခုခုလုပ်လိုက်လို့ အောင်မြင်တာထက် ကလေးကို ပြုစုစောက်ရှောက်မှုဟာ ပိုပြီး အရေးကြီးတင်လို့ ထင်ကြတယ်တဲ့။ ဆိုလိုတာက ကလေးကို တစ်ခုခု လုပ်ဖို့ မစွန့်စားစေချင်တာပဲ၊ စွန်းစားရင်းနဲ့ တစ်ခုခုဖြစ်သွားမှာဆိုးလို့ပါတဲ့။

ဝမ်းစာရှာဖွေရှင်းနဲ့ တပြိုင်တည်း ကလေးတွေကို ဂရုစိုက်ပြီး သင်ကြားပေးခြင်းဟာလည်း တကယ်တမ်းကျတော့ မလွယ်ကူတဲ့ကိစ္စတစ်ခုပါ။ တချို့ကလေးတွေက သဘာဝအတိုင်း စရိုက်ကောင်းကြပေမယ့် တချို့ကတော့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတော့ လူတွေက ဘာအခြေအနေမှမရှိပဲနဲ့  ကူညီတတ်ပြီး အောင်မြင်သော လူများအဖြစ် အံ့သြစရာ တွေ့ရှိလေ့လာမှတ်သားဖူးပါတယ်။

အသက် ၂ နှစ်လောက်မှာ ကလေးတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားကို ပြုမူနေပါပြီ။ ဘယ်ဟာမှားတယ်၊ မှန်တယ်ဆိုတာ အစပျိုးခံစားတတ်လာပါပြီ။ အဲဒိအချိန်မှာ မှန်ကန်တဲ့အပြုမူကို ကလေးထိန်းရင်းနဲ့ တွန်းအားပေး သင်ကြားပေးရမှာပါ။ ကလေးရဲ့ မှန်ကန်တဲ့လုပ်ဆောင်မှုတွေကို ဆုပေးခြင်း (အရုပ်ဝယ်ပေးခြင်း၊ ကစားစရာ အမျိုးမျိုး ဝယ်ပေးခြင်း)ထက် ချီးမွန်းထောပနာပြုခြင်းက ပိုပြီး အကျိုးရှိစေမှာပါ။ ဆုလာဘ်ပေးခြင်းဟာ ကလေးရဲ့ အောင်မြင်မှုကို ဆုဆိုတဲ့နေရာမှာ ရပ်တန့်စေပြီး ရှေ့ဆက်မသွားစေတဲ့အတွက်ပါ၊ စင်စစ်ကတော့ ကလေးရဲ့ အောင်မြင်မှုကို ချီးမွမ်းပေးတဲ့အတွက် သူရဲ့အောင်မြင်မှုကို ဝေမျှသလို ဖြစ်သလို သူရဲ့ မွေးရာပါ ဗီဇကလည်း အောင်မြင်မှုရဲ့အရသာကို အမြဲတန်း သိရှိသွားစေမှာပါ။ ဒါပေမယ့် ကလေးရဲ့ ဘယ်လိုမျိုး အပြုအမူတွေမှာ ဘယ်လို ချီးမွမ်းသင့်လဲဆိုတာကတော့ စိတ်ဝင်စားစရာ မေးခွန်းတစ်ခုပါ။

မိဘအများစုကတော့ ကလေးရဲ့ နှုတ်ဆက်တဲ့ အပြုအမူကို ချီးမွမ်းခြင်းဟာ အရေးကြီးတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမယ့် အဲလိုမျိုးဆိုရင် ကလေးက ဒီအပြုအမူကိုပဲ ထပ်ခါထပ်ခါ သင်ယူနေမှာပါ။ ဒါဟာမှန်ကန်တဲ့ နည်းလည်းမဟုတ်သေးပါဘူး။ တကယ်တမ်းကျတော့ ကလေးကို “သားဟာ ကူညီတတ်တဲ့ ကလေးတစ်ယောက်ပဲလို့”  ပြောမဲ့အစား “သားရဲ့ ဒီအပြုအမူက တစ်ခုခုလုပ်ဖို ကူညီတက်တဲ့ပုံစံတစ်မျိုးပဲလို့”  ပြောမှ ကလေးဟာ ခွဲခြားပြီး မှတ်မှာပါ။ ရှုပ်တယ်လို့ မထင်လိုက်ပါနဲ့၊ ကလေးက အဲဒိအရွယ်မှာ ပြောသမျှ၊ ပြုမူသမျှ အရာတွေကို  မှတ်နေပါပြီ၊ ဒါကြောင့် ကလေးကို လူကြီးတစ်ယောက်လို စဥ်းစားတတ်အောင် သင်ကြားပေးဖို့ အကောင်းအဆုံးအရွယ်ပါပဲ။

လေ့လာသူတွေကတော့ ကလေးတွေကို ချီးမွမ်းရာမှာ  မတူညီတဲ့ ကိစ္စတွေမှာ မတူညီတဲ့ ချီးမွမ်းမှုတွေဟာ ပိုပြီးတော့ မှန်ကန်ပါတယ်လို့ပြောပါတယ်။ တချို့ကလေးတွေက သူတို့လုပ်ဆောင်မှုကို ချီးမွမ်းတာကို နှစ်သက်ကြတယ် ဥပမာ – ( ဒီလို ဆင်းရဲ့တဲ့ကလေးတွေကို သားရဲ့ ဖန်ကျောက်ကလေးတွေ  ပေးလိုက်တာ ကောင်းတယ်သား၊ ပြီးတော့ ဒါဟာ အလွန်နူးညံ့သိမ်မွေ့တဲ့ ကူညီခြင်း တစ်မျိုးပဲသား )။ တချိုကလေးတွေကြတော့ သူတို့လုပ်ဆောင်မှုရဲ့ စရိုက်ကို ချီးမွမ်းတာကြိုက်ကြတယ် ဥပမာ – ( သားဟာ သားတတ်နိုင်သလောက် ကူညီမဲ့ ကြင်နာတတ်တဲ့လူဆိုတာ အဖေထင်ထားပြီးသား သား၊ သားဟာ အရမ်းတော်ပြီး ကူညီတတ်တဲ့လူတစ်မျိုးပဲ သား )။

ကလေးတွေရဲ့  အကျင့်စာရိတ္တကို ချီးမွမ်းခြင်းဟာ သူတို့ရဲ့အတွင်းစိတ်ကို ကူညီနိုင်တယ်။ ကလေးတွေက သူတို့လုပ်ခဲ့တာတွေကနေပြီး သူတို့ကိုယ်သူတို့  သင်ယူကြတယ် ဥပမာ – ငါဟာ ကူညီတတ်တဲ့ လူတစ်ယောက်ပဲ လို့။ ဒီလို ချီးမွမ်းခြင်းဟာ  အသစ်သုတေသနပြုထားတဲ့ဟာနဲ့ အံကိုက်ပဲလို့ ကိုယ်ကျင့်တရားနဲ့ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ စိတ်ပညာရှင်  ခရစ်စတိုဖာ  ဂျေ ဘာရန်က  ပြောပါတယ်။ ၃ နှစ်ကနေ  ၆  နှစ်ကလေးကို လုပ်ငန်းဆောင်တာတွေမှာ  ကူညီရန် သူတို့ကို သွေးဆောင်တဲ့နည်းလမ်းနဲ့လည်း သုံးလို့ရပါတယ်။ ဒါဟာ သူတို့ကို ကူညီသူတစ်ယောက်ဖြစ်စေဖို့  ၂၂ ကနေ  ၂၉ ရာခိုင်နှုန်းလောက် အကျိုးရှိပါတယ်။ ပြီးတော့ မိဘများက ကလေးတွေကို လိမ်လည်သူတစ်ယောက်  မဖြစ်အောင်လည်း အမြဲပြောနေရမယ်။

ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားမှု မတူညီတဲ့အချိန်မှာ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေမှာ ချီးမွမ်းထောပနာပြုခြင်းဟာ သီခြားတစ်ယောက်စီ စိတ်ဓါတ် လွှမ်းမှိုးမှု ဖြစ်လာတယ်။ သုတေသနပညာရှင်  ဂျိုအန် အီးဂရူ့စီနဲ့  အဲရစ်ကာ ရက်ဒလာတို့  ၅ နှစ်ကလေးတစ်ယောက်ရဲ့ စာရိတ္တကို ချီးမွမ်းခဲ့တုန်းက ရှိလာတဲ့ ဘယ်အကျိုးသက်ရောက်မှုကမှ တာရှည်မခံခဲ့ပါဘူး။ ဒါဟာ ကလေးတစ်ယောက်အတွက် သူတို့ကိုယ်သူတို့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ဖို့နဲ့ အကျင့်စာရိတ္တထိန်းသိမ်းဖို့  အရမ်းငယ်လွန်းလို့ဖြစ်ပါတယ်။ ဒါနဲ့ပဲ ကလေး ၁၀ နှစ်ရောက်ရင်တော့ စာရိတ္တချီးမွမ်းခြင်းနဲ့ လုပ်ရပ်တွေကို ချီးမွမ်းခြင်းကြားက ခြားနားချက်တွေ ပျောက်သွားပြီး နှစ်ခုလုံးက အကျိုးသက်ရောက်မှုရှိလာပါတယ်။ ကလေးများဟာ ထင်ရှားတဲ့ အမှတ်အသား၊ အယူအဆတွေကို နားလည်သဘောပေါက်ဖို့  အစပြုလာတဲ့အချိန်မှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ သဘောထားကြီးမှုက အသက် ၈ နှစ်ဝန်းကျင်လောက်မှာ ပေါ်လာဖို့ရာ  အရေးကြီးပါတယ်။

ချီးမွမ်းမှုရဲ့ တုန့်ပြန်ချက်က ကောင်းတဲ့ပုံစံဖြစ်ဖို့ တိုက်ပွဲရဲ့ တစ်ဝက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် တုန့်ပြန်မှုက ဆိုးတဲ့အကျိုးဆက်တွေလည်း  ရှိနိုင်ပါတယ်။ ကလေး ထိခိုက်ဒဏ်ရာရတဲ့အခါမှာ သူတို့ဟာ ရှက်ရွံ့မှု  နဲ့  အပြစ်တင်မှု ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ တစ်ခုခု  ခံစားနိုင်ပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲနိုင်သော သာမန်ယုံကြည်မှု ရှိသော်လည်း စိတ်ပညာသုတေသနပညာရှင် ဂျွန် ပရင့်စ် တန်နေးက ကလေးတွေမှာ အလွန်ကွဲပြားခြားနားတဲ့  အကြောင်းတရားတွေနဲ့  အကျိုးဆက်တွေ လည်းရှိသေးတယ်လို့ ထုတ်ဖော်ပြောပါတယ်။

ရှက်ကြောက်မှုဆိုတာဟာ  ငါဟာ မကောင်းတဲ့ လူတစ်ယောက်ဆိုတဲ့ အတွေး ဝင်သွားစေနိုင်ပါတယ်။ စင်စစ်မှာတော့ အပြစ်တင်မှုက ငါဟာ ဆိုးတဲ့ အရာတစ်ခုကို လုပ်ခဲ့တယ်လို့ ထင်စေနိုင်တယ်။ ရှက်ကြောက်မှုက ကိုယ်ကိုယ်တိုင် စိတ်ထိခိုက်စေသော၊ စိတ်ပိုင်းဆိုင်ရာထိခိုက်စေသော  အနုတ်လက္ခဏာဆောင်တဲ့  ချိန်ဆမှုတစ်ခုဖြစ်ပါတယ်။ ရှက်ကြောက်မှုက  ကလေးတွေရဲ့ ခံစားချက်ကို သေးသိမ်စေပြီး တန်းဖိုးမရှိဖြစ်စေတယ်။ သူတို့က ကိစ္စတစ်ခုရဲ့ပစ်မှတ်ကို ပုတ်ခတ်ပြောဆိုခြင်းဖြင့်  သို့ အတူတစ်ကွ အခြေအနေတစ်ခုကနေ လွတ်မြောက်ခြင်းဖြင့် တုန့်ပြန်ကြပါတယ်။ ယှဥ်ကြည့်တဲ့အခါမှာ အပြစ်တင်မှုက ကောင်းတဲ့ အပြုအမှုတစ်ခုဖြင့် ပြန်ပြင်နိုင်သော လုပ်ဆောင်မှုတစ်ခုကြောင့် အနုတ်လက္ခဏာဆောင်တဲ့ မှန်းဆမှုတစ်ခုဖြစ်စေနိုင်တယ်။ ကလေးများ အပြစ်တင်မှု ခံစားရလျှင် သူတို့ကိုယ်တိုင် မှားမှန်သိ၍ သံဝေဂရခြင်းနဲ့ နောင်တရမှုမှာ အတွေ့ကြုံရှိနိုင်ပြီး သူတို့လုပ်ခဲ့တဲ့သူနဲ့ မျှဝေခံစားပေးပြီး အမှန်ကိုလုပ်ရန် ရည်ရွယ်တဲ့ အတွေ့ကြုံ ထပ်ပြီးရနိုင်ပါတယ်။

နောက်ထပ် စိတ်ပိုင်းဆိုင်ရာ သုတေသနပညာရှင်တစ်ယောက်က  မိဘများကနေပြီး သူတို့ရဲ့ ခြေမခိုင်သေးတဲ့ ကလေးများရဲ့  ယိမ်းယိုင်းမှုများကို အိမ်မှာ ရှက်ကြောက်မှုနဲ့ အပြစ်တင်မှုမှာ အတွေ့ကြုံရှိအောင် ပြောပြထိန်းသိမ်းခဲ့ရမယ်။ ကလေးများကို စုတ်ချာတဲ့ အရုပ် ပေးမယ်၊ အိမ်မှာ တစ်ယောက်တည်း ကစားနေစဥ်မှာ ခြေထောက်တွေ လဲကျစေမယ်။ ပြီးတော့ အရုပ်တွေကို ဖျက်ဆီးနေရင်တောင် ဝင်မပြောပါနဲ့။ အဲဒိနောက် မှောက်လျက်အပြစ်ရှိသွားတဲ့ ကလေးက သူ့အရုပ်ကို ပြင်ဖို့ အရမ်းကို နှစ်သက်မှာပဲ အဲဒိအခါကျမှ  အတွေ့ကြုံရှိသူလို ကလေးကို ဘာဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြပါတယ်။ ရှက်ကြောက်ဖူးတဲ့ ကလေးများက ရှောင်သူတွေ ဖြစ်လာခဲ့ပြီး အပြစ်များတင်တတ်တဲ့ ကလေးများကတော့ ပိုမိုတိုးတက်ကောင်းမွန်သူများဖြစ်လာခဲ့ကြတယ်။

ကလေးတွေကို အခြားအရာတွေကို ဂရူစိုက်ဖို့လိုချင်တယ်ဆိုရင်တော့ မိဘများအနေနဲ့ ကလေးတွေအကျင့်ဆိုးသွမ်းနေတဲ့အခါမှာ ရှက်ကြောက်မှုထက်အပြစ်ကိုခံစားရအောင် သင်ပေးရန်ဖြစ်ပါတယ်။ စိတ်ပညာရှင်နန်စီအီဆန်ဘာ့ဂ်ရဲ့ စိတ်ပညာနဲ့ကိုယ်ကျင့်တရားဆိုင်ရာ ဖွံ့ဖြိုးမှုအစီရင်ခံစာမှာ မိဘတွေကအပြစ်ပေးခြိမ်းခြောက်မှုလိုမျိုး သူတိုတတ်နိုင်တဲ့အားနဲ့ ယတိပြတ်ကြိုးစားဖို့ သူတို့အချစ်တွေထုတ်ပြီး သူတို့ရဲ့ဒေါသကို ဖော်ပြတဲ့အခါမှာ ရှက်ကြောက်မှုဖြစ်ပေါ်လာရတယ်လို့ အကြုံပြုပါတယ်။ ကလေးတွေကသူတို့ကိုယ်သူတို့ မကောင်းတဲ့လူတွေဆိုတဲ့ အတွေးမျိုးတွေ ဝင်သွားနိုင်ပါတယ်။ တချို့မိဘတွေက သူတို့ကလေးတွေရဲ့ ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ သန်မာသောဖွံ့ဖြိုးမှုကို ဟန့်တားနိုင်သော တချို့စည်းကမ်းတွေကို လုပ်ဖို့ပျက်ကွက်ကြတယ်။

အချုပ်ဆိုရသော် မိဘများအနေနဲ့ စာရိတ္တပိုင်းတွေမှာ ထောပနာပြုခြင်းနဲ့ မကောင်းတဲ့အချက်များကို ဝေဖန်ရန်အားကောင်းနိုင်သမျှကောင်းအောင်လုပ်ဆောင်ကြရမယ်။ ကောင်းမွန်တဲ့ကလေးတစ်ယောက်ကို မြှင့်တင်မှုဟာ ဒီကလေးရဲ့လုပ်ဆောင်မှုကို တုန့်ပြန်ရန်အခွင့်ရေးများ စောင့်နေတာထက်ပိုပြီး ပါဝင်လုပ်ဆောင်သင့်တယ်။ မိဘများအနေနဲ့  သူတို့ကလေးတွေနဲ့ဆက်ဆံရေးမှာ ပိုပြီးဂရူစိုက်ပြီး သားသမီးအပေါ်ကိုပြုမူသင့်တယ်။ အခုထိတချို့သောမိဘများကတော့ အဲလိုပြုမူဖို့ထက် သူတို့ရဲ့တန်ဖိုးကို သားသမီးတွေသိအောင် နည်းအမျိုးမျိုးနဲ့လုပ်နေတဲ့ ပုံစံအမှားတွေလည်း ရှိနေပါသေးတယ်။

အကျင့်စရိုက်ကြောင့် လုပ်ဆောင်ချက်တွေဖြစ်ပွားစေတယ်လို့ လူတွေကယုံကြည်နေကြတယ် ဒါပေမယ့် စာရိတ္တမြင့်တဲ့ကလေးတစ်ယောက်ဖြစ်လာတဲ့အခါမှာ ဒီလုပ်ဆောင်ချက်တွေက အကျင့်စရိုက်ကို ပုံသွင်းနေတယ်ဆိုတာကို သတိရဖို့လိုတယ်။ စိတ်ပညာရှင်ကားလ်ဝစ်ခ်ကတော့ ဒီမေးခွန်းလေးတွေမေးခဲ့ပါတယ်။ ” ငါဘာလုပ်တယ်ဆိုတာမမြင်သေးသ၍ငါဘယ်သူလဲဆိုတာဘယ်လိုသိနိုင်မလဲ? “။ ” ငါဘယ်ကိုလျှောက်နေတယ်ဆိုတာမမြင်သေးသ၍ငါ့ရဲ့တန်ဖိုးကိုဘယ်လိုသိနိုင်မှာလဲ ”

 

 

 

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *