News

Microsoft က iPad အတွက် Office ကို ၂၀၁၄ ခုနှစ် ပထမနှစ်၀က်တွင် ပြုလုပ်ပေးမည်

Microsoft က iPad အတွက် Office ကို ၂၀၁၄ ခုနှစ် ပထမနှစ်၀က်တွင် ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ ZDNet က ပြောပါတယ်။

အရင်တုန်းကတော့ ၂၀၁၄ ခုနှစ် ဆောင်းရာသီမှ Office Suite ကို iPad အတွက် ပြုလုပ်ပေးမယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းအရ Microsoft က iPad အတွက် Office Suite ကို အမြန်ဆုံး ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။

Microsoft က iPad အတွက် Office Apps တွေကို ပြုလုပ်ပေးဖို့ နှောင့်နှေးကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်လမှာ Documents တွေကို Create, Edit လုပ်နိုင်တဲ့ iPhone Version ကို ပြသခဲ့ပေမယ့် ၉.၇ လက်မအရွယ် iPad တွေအတွက်တော့ ပြုလုပ်ပေးခဲ့ခြင်းမရှိပါဘူး။

Microsoft က Codename “Gemini” လို့ နာမည်ပေးထားတဲ့ Touchscreen Window Device တွေအတွက် Office Apps တွေကိုလည်း ပြုလုပ်နေပေမယ့် iPad အတွက် Office ကို အရင် ပြုလုပ်ပေးမှာဖြစ်တယ်လို့ ZDNet က ပြောပါတယ်။

iPad အတွက် Office ရဲ့ ဈေးနှုန်းကိုတော့ ကြေညာခြင်းမရှိသေးပါဘူး။ Microsoft က အခမဲ့ ပြုလုပ်ပေးမယ်လို့လည်း မျှော်လင့် နေကြပါတယ်။ အရင် SkyDrive လို့ ခေါ်ကြပြီး အခု OneDrive လို့ နာမည်ပြောင်းလိုက်တဲ့ Cloud Storage မှာ Documents တွေ သိမ်းဖို့အတွက်တော့ အခပေးအသုံးပြုရမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

၂၀၁၀ ခုနှစ် မှာ iPad စတင် ရောင်းချစဉ်ကတည်းက အသုံးပြုသူတွေက Office ကို စောင့်မျှော်နေကြတာဖြစ်ပါတယ်။ Apple က iWork Apps တွေကို ထုတ်လုပ်ပြီး Microsoft ရဲ့ Office Apps တွေကို ယှဉ်ပြိုင်နေပေမယ့်လည်း Microsoft ရဲ့ Office Apps တွေက Documents တွေပြုလုပ်တဲ့ နယ်ပယ်မှာ နာမည်ကြီး လူကြိုက်များပါတယ်။

Microsoft က သူ့ရဲ့ Office 365 ကို စီးပွားရေးလုပ်ငန်းတွေမှာ များစွာအသုံးပြုကြပြီး ၀င်ငွေကောင်းမယ်လို့ မျှော်လင့်နေပါတယ်။ Microsoft က ဇန်နဝါရီလမှာ စာရင်းထုတ်ပြန်ခဲ့ပြီး Office 365 ကို အခပေး အသုံးပြုသူ (၃.၅) သန်းကျော်ရှိတယ်လို့ သိရပါတယ်။

iPad အတွက် Office တွေထွက်ရှိလာရင်လည်း ဒီထက်ပို ရောင်းကောင်းမယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *