News

Nokia ရဲ့ ပထမဆုံး Android Phone ကို ဒေါ်လာ (၁၁၀) ဖြင့် ရောင်းချမည်

Nokia က ၀င်းဒိုးဖုန်းတွေကိုသာ ထုတ်လုပ်နေရာကနေ Android Phone ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဈေးနှုန်းသက်သာ အောင်ပြုလုပ်ပေးထားပြီး ဒေါ်လာ (၁၁၀) ခန့်သာ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ Nokia က အဆိုပါ Android Phone ကို Codename “Normandy” လို့ အမည်ပေးထားပါတယ်။

Normandy မှာ Google Play Store မပါရှိဘဲ Nokia ရဲ့ ကိုယ်ပိုင် App Store ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Nokia ရဲ့ App Store မှာလည်း နာမည်ကြီး Apps များဖြစ်တဲ့ Skype, Facebook, Twitter စတာတွေ ရှိပါတယ်။

Nokia က Normandy ကို Nokia X အမည် နဲ့ ပွဲထုတ်မယ်လို့ လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ Nokia ရဲ့ ဈေးနှုန်း သက်သာတဲ့ Asha Windows Phone များနဲ့ ဒီဇိုင်း ဆင်တူတယ်လို့ သိရပါတယ်။ Nokia X မှာ Dual-Core 1.2GHz Snapdragon SoC မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ 4GB Internal Storage, 512MB RAM တို့ပါရှိပါမယ်။ အဓိကကင်မရာက 5 Megapixel ဖြစ်ပါတယ်။

ဒီလ (၂၄) ရက်နေ့မှာ ဘာစီလိုနာမြို့တွင် ပြုလုပ်မယ့် Mobile World Congress မှာ Nokia က သူပထမဆုံး ထုတ်လုပ်တဲ့ Android Smartphone ကို ပွဲထုတ်မယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *