Micro မှ ယခုအခါ Samsung နောက် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး Memory Chip ထုတ်လုပ်သူဖြစ်လာပြီဖြစ်ပြီ ဖြစ်ပါတယ်။ သတင်းများအရ ၄င်းအနေဖြင့် Apple ၏ နာမည်ကျော် supplier ဖြစ်သော Elpida ကို ဒေါ်လာ ၂.၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ Elpida မှာ လက်ရှိအချိန်တွင် ဒေဝါလီ ခံရတော့မည့် အနေ အထားသို့ ရောက်ရှိနေပြီး ယခုကဲ့သို့ Idaho-base memory ထုတ်လုပ်သူမှ ဝယ်ယူလိုက်သည့် သတင်းကြောင့် memory ဈေးကွက်အတွင်း ၄င်း၏ ရှယ်ယာများမှ ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ကြောင်း သိရပါတယ်။ Elpida အား ၁၉၉၉ ခုနှစ်တွင် NEC နှင့် Hitachi တို့ memory chip များပူးပေါင်း ထုတ်လုပ်မည့် အစီအစဉ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကုမ္ပဏီမှာ ဈေးကွက်အတွင်း တဖြည်းဖြည်း ကျဆုံးလာပြီး ဖေဖော်ဝါရီလတွင် ကြေွးမီပေါင်း ဒေါ်လာ ၅.၆ ဘီလီယံ ရှိခဲ့ကြောင်း သိရပါတယ်။
Micronမှ Apple၏ အဓိက supplierဖြစ်သော Elpidaကို ဝယ်ယူ

08
Jul