News

iMacသို့ ရောက်ရှိလာနိုင်သည့် Retina Display

တိုင်ဝမ် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော DigiTimes ၏ အဆိုအရ Apple အသုံးပြုသူများမှာ အောက်တိုဘာလအတွင်း Retina Display ပါဝင်သည့် iMac များကို မြင်တွေ့သွားဖွယ်ရှိကြောင်း သိရပါတယ်။ ထို့နောက် အဆိုပါ iMac များအတွက် ပစ္စည်းများအား Apple ၏ supplier များမှ ယခုလအတွင်း တင်ပို့လျှက်ရှိကြောင်း သိရပြီး Apple အနေနဲ့ကလည်း Retina Display နည်းပညာအား ၄င်းတို့ ၏ ထုတ်ကုန်များ အားလုံးတွင် အသုံးပြုသွားလိုဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
သို့အတွက် လက်ရှိအချိန်တွင် အဖြစ်နိုင်ဆုံး ထုတ်ကုန်မှာ iMac များဖြစ်နေပါတယ်။ လက်ရှိအချိန်တွင် Retina Displayများဟာ ဈေးကြီးလွန်းသည့်အတွက် အခြား PC ထုတ်လုပ်သူများ အနေဖြင့်လည်း ထိုနည်းပညာကို ၄င်းတို့၏ ထုတ်ကုန်အတွင်း အသုံးပြုရန် လက်တွန့်လျှက် ရှိနေကြပါတယ်။ New York Times ၏ အဆိုအရ Apple ၏ တာဝန်ရှိသူတစ်ဦးမှ iMac နှင့် Mac Pro များကို ၂၀၁၃ ခုနှစ် မတိုင်ခင်အထိ ထုတ်လုပ်မည် မဟုတ်ကြောင်း သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *