Gaming, Review

007 Legends

အရင်တုန်းကရော အခုရော နာမည်အရမ်းကြီးခဲ့တဲ့ စုံထောက်ကားကို ဂိမ်းအဖြစ် ပြောင်းလဲတော့မဲ့ Eurocom companyက Octoberလထဲမှာ အပြီး ဖြန့်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ပရိတ်သတ် အခိုင်အမာရထားတဲ့ ဇာတ်လမ်းတစ်ခုကို ဂိမ်းအဖြစ် ပြောင်းလဲဖို့ဆိုတာ နည်းနည်းတော့ အန္တရာယ် ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းအဖြစ် အရမ်းအောင်မြင်ထားတဲ့အခါ ဂိမ်းပြန်ထုတ်တဲ့ အချိန်မှာ ပြီးစလွယ် ထုတ်လို့ မရပါဘူး။ သူ့ ဇာတ်လမ်းထဲကအတိုင်း ဒါမဟုတ် ဇာတ်ကောင်တွေကို ပိုမိုက်အောင် ပိုပြီး ပီပြင်အောင် လုပ်ကြရပါတယ်။ အခုလဲ အဲ့ဒါတွေ အားလုံးကို Activisionက အကောင်အထည်ဖော်ပေးထားတယ်ဆိုတော့ good တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ Activisionကလည်း အဲ့လိုအောင်မြင်တဲ့ ဇာတ်လမ်းတွေကို ဂိမ်းအဖြစ် ပြောင်းတဲ့နေရာမှာ ဘာဆိုလား ပါဘဲ။ October 16 ရက်နေ့ထွက်မှာ ဖြစ်ပါတယ်။ တကယ်လို့ ထွက်ဖြစ်ရင်တောင် X BOXနဲ့ PS 3တို့အတွက် အရင်ထွက်ဖြစ်မှာပါ။ ဘာဘဲပြောပြော ဒီဂိမ်းဟာလဲ October လထဲမှာ မျှော်နေရမဲ့ ဂိမ်းတွေထဲမှာ ပါ၀င်လာပါပြီ။

၁၉၇၉ ခုနှစ်၀န်းကျင်တွေမှာ စုံထောက်ကားတွေရိုက်တဲ့ မင်းသားကြီး Roger Mooreဆို (ဘာဇာတ်လမ်းလဲဆိုတာ မပြောတော့ပါဘူး)။ သူ့ရဲ့ ဇတ်ကားတွေတိုင်း သိပ္ပံဆန်တဲ့ အပြင်အဆင်တွေနဲ့ ခေတ်လွန် လက်နက်တွေ အများဆုံးပါ၀င်ပြီး ကြည့်တဲ့သူတိုင်း ကြိုက်ခဲ့ကြပါတယ်။ အခုထွက်မဲ့ 007 Legendsဟာ bondရဲ့ ဇာတ်လမ်းကောင်းတွေကို ပြန်လည်ပြင်ဆင်ထားတာဆိုတော့ ဂိမ်းဆိုပေမဲ့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင် ပါ၀င်နေရသလိုတောင် ခံစားရမှာ ဖြစ်ပါတယ်။ ရှေ့မှာ ထွက်ခဲ့တဲ့ 007 ဂိမ်းတွေ ရှိပါသေးတယ်။ အဲ့ဒီ ဂိမ်းတွေတုန်းကလဲ ဇတ်လမ်းတွေကိုဘဲ အခြေခံခဲ့တာဖြစ်ပေမဲ့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ graphic မကောင်းခဲ့တာမျိုးတွေပေါ့။ အခု 007 Legendsမှာ graphic engine ကောင်းကောင်းကို အသုံးပြုထားပါတယ်။ 007 Legendsမှာ mission 6ခုတိတိ ကစားရမှာ ဖြစ်ပါတယ်။ Bond အောင်မြင်ခဲ့တဲ့ ဇတ်လမ်း 6ခုကို ကစားရမှာ ဖြစ်ပါတယ်။ ဟိုအရင်းတုန်းက James Bond မင်းသားကြီးတွေရဲ့ ဇာတ်လမ်းကောင်းတွေအပြင် အခုနောက်ပိုင်း James Bond မင်းသားကြီးရဲ့ sky fall ဇာတ်လမ်းကိုပါ ကစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းခြောက်ထဲက စစချင်း mission 1အနေနဲ့ Moonrakerကို အရင်စပြီး ကစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီဇတ်ကားမှာ ပါ၀င်တဲ့ ဒုံးပျံ လွတ်တင်တဲ့ အာကာသစခန်းထဲမှာ စပြီး ကစားရမှာပါ။ Bond ရဲ့ ဇတ်ကားတွေထဲမှာ တွေ့နေမြင်နေရတဲ့ ပုံစံမျိုးတွေဘဲ ပါ၀င်မှာပါ။ တစ်ခုတော့ သတိပေးလိုက်မယ် အမှန်တကယ် Bondရဲ့ ရန်သူတွေက သူနားမှာရှိတဲ့ မိန်းမချောလေးတွေဘဲ ဆိုတာကိုပါ။

အဲ့ဒါတွေကို ကျော်လွှားနိုင်မှ နောက် missionတွေရောက်မှာပါ။ ဇာတ်ကားတွေထဲက Bondရဲ့ လက်နက်တွေအပြင် တခြားလက်နက်တွေကိုပါ အသုံးပြုနိုင်ပါသေးတယ်။ Bond ဇာတ်လမ်းတွေထဲမှာ ပါနေကြဖြစ်တဲ့ သံပါးစပ်ကြီးကတော့ Bondကို တလျှောက်လုံး နှိပ်ကွပ်နေဦးမှာပါဘဲ။ First Person Shooter ဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် ကိုယ်တိုင် ကစားနေရသလို ခံစားရမှာဖြစ်ပြီး singleရော multiplayerပါ ကစားနိုင်မဲ့ action ဂိမ်းတစ်ခုပါ။ James Bond ဇာတ်ကားတွေဟာ အရမ်းစိတ်၀င်စားဖို့ ကောင်းသလို ဂိမ်းတွေထဲမှာလဲ ကစားသူကို စိတ်လှုပ်ရှုားမှုတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ Mission 1က Moonrakerနဲ့ စထားတယ်ဆိုတော့ ဇတ်လမ်းထဲကအတိုင်း ကြမ်းရတော့မယ်ဆိုတာ Bondရဲ့ 007 Legendsကို October လထဲမှာ မြင်တွေ့ရမှာပါ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *