Apps, Featured, Review

Mac OS X Yosemiteနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အရာအားလုံး

Mac OS X Yosemiteနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အရာအားလုံး

Appleက OS X 10.9 Mavericksရဲ့ မျိုးဆက် OS X Yosemiteကို မိတ်ဆက်လိုက်ပါပြီ။ ပြီးခဲ့တဲ့နှစ် World Wide Developer Conferenceမှာတော့ iOSကို ဆန်းသစ်ပြောင်းလဲ ပေးလိုက်ပါတယ်။ ဒီနှစ်မှာတော့ Appleက Desktop Operating Systemကို ပြောင်းလဲမှု ပြုလုပ်ပေးလိုက်ပါတယ်။ Appleရဲ့ Mac OS X Yosemiteဟာ iOS 7ရဲ့ Flat Designကို ဆွဲယူ အသုံးပြုထားပါတယ်။ ဒါ့အပြင် Appleက “Materials”လို့ ခေါ်တဲ့ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းကိုလည်း အသုံးပြုထားပါတယ်။

Notification Center

Notification Centerကို Appleက ဆန်းသစ်ထားပါတယ်။ အဲဒါက ဘာလဲဆိုတော့ Widgetsများကို Notificaiton Centerမှာ ကြည့်နိုင်တာဖြစ်ပါတယ်။ Calendar , Weatherနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို Notification Centerမှာ ကြည့်နိုင်ပါတယ်။ သာမာန်အားဖြင့် အခြားနေရာများမှာ သွားရောက်ပြီး Widgetများကို ကြည့်ရတဲ့အတွက် အခုစွမ်းဆောင်ချက်က အလုပ်ရှုပ်မှု ကင်းဝေးစေပါတယ်။

Spotlight

Spotlightကို ညာဘက်မှာ မဟုတ်တော့ဘဲ အလယ်မှာ ပြသပေးမှာဖြစ်ပြီး ရှာဖွေမှု စွမ်းဆောင်ရည်များ ပိုမိုပါရှိလာပါတယ်။ အရင်လို ဖိုင်များနဲ့ ပြက္ခဒိန်များကို ရှာဖွေနိုင်တဲ့အပြင် iBooks, iTunes, Bing, Maps, Wikipediaနဲ့ App Storeမှ Appsများကို ရှာပေးနိုင်ပါပြီ။

iCloud Drive

iCloudဟာ Appleက iCloud Driveလို့ ခေါ်တဲ့ Desktop UIနဲ့ ပိုမိုတွဲဖက် အလုပ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ Finderကနေ iCloudမှ ဖိုင်များကို ကြည့်ရှုနိုင်ပါပြီ။ အဲဒီစွမ်းဆောင်ချက်ဟာ Dropboxနဲ့ ဆင်တူပါတယ်။

Mail

Appleရဲ့ Mailဟာ ပြိုင်ဖက်များထက် နောက်ကောက်ကျနေတာ ကြာပါပြီ။ အခုဗားရှင်း အသစ်မှာ User Interfaceကို အဓိကထားပြုပြင်ထားသလို အရွယ်အစားကြီးမားတဲ့ ဖိုင်များကို Attachmentအနေနဲ့ အီးမေးပို့တဲ့အခါမှာ ပြဿနာမဖြစ်တော့ဘဲ တစ်ဖက်လူမှ ဒေါင်းလုပ်ရယူနိုင်တဲ့ Mail Dropဆိုတဲ့ စွမ်းဆောင်ချက် ပါလာပါတယ်။

Safari

Appleက Safariရဲ့ အမြန်နှုန်းကို အလွန်တိုးတက်ကောင်းမွန်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ Firefoxနဲ့ Chromeတို့ရဲ့ Javascriptကို Loadလုပ်တဲ့ နှုန်းထက် ခြောက်ဆကျော်လျှင် မြန်တယ်လို့ ဆိုပါတယ်။ Safariရဲ့ Tabများစွာကို ဖွင့်ပြီး အသုံးပြုနိုင်မှုဟာလည်း ပြိုင်ဖက်များထက်သာလွန်တယ်လို့ Appleက ပြောပါတယ်။

safari

via apple

 

Markupလို့ ခေါ်တဲ့ ဓါတ်ပုံပြင်တဲ့ စွမ်းဆောင်ချက်ကို Mailမှာ ထည့်သွင်းပေးလိုက်ပြီး ပုံဆွဲတာ၊ စာရေးတာ၊ Text Bubbleထည့်တာကို ပြုလုပ်နိုင်ပါတယ်။

Handoff

Appleက iOSနဲ့ Desktop OSကို ပေါင်းစပ်ဖို့ ကြိုးစားနေတာဖြစ်ပေမယ့် အဲဒီနှစ်ခုဟာ အလုပ်အတူတူ လုပ်နိုင်မလားဆိုတာ မေးစရာရှိပါတယ်။ အဲလို အလုပ်လုပ်ဖို့ Appleက Handoffကို တီထွင်လိုက်တာဖြစ်ပါတယ်။ အတိုချုပ်အားဖြင့် Handoffရဲ့ စွမ်းဆောင်ချက်မှာ iPhone or iPadမှာ လုပ်နေတဲ့ အလုပ်တွေကို iMacမှာ ဆက်လက် ပြုလုပ်နိုင်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် သင့်ဖုန်းမှာ အီးမေးပို့ဖို့ စာရိုက်နေတယ်ဆိုပါစို့။ အဲဒီအချိန်မှာ Macက သင် iPhoneမှာ အီးမေးရေးသားနေတာကို သိနေပါတယ်။ ရိုက်ရမယ့် စာတွေက များလာတယ်ဆိုရင် ဖုန်းမှာ ရိုက်လို့ အဆင်မပြေတော့ပါဘူး။ အဲဒီအချိန်မှာ Macကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ဖုန်းမှာရေးထားတဲ့ စာများကို ပြန်ရိုက်စရာမလိုဘဲ Macမှာ ဆက်လက်ရေးသားနိုင်ပါတယ်။ အပြန်အလှန်အားဖြင့်လည်း အလုပ်လုပ်ပါတယ်။

handoff

ဖုန်းကို WiFi Hotspotလို အသုံးပြုပြီး Macမှာ အင်တာနက် ချိတ်ဆက်ရတာလည်း အရင်ကထက် လွယ်ကူလာတယ်လို့ Appleက ပြောပါတယ်။

အနှစ်ချုပ်

OS X Yosemiteဟာ ဒီဇိုင်းပိုင်းနဲ့ စွမ်းဆောင်ချက်အပိုင်းမှာ လွန်စွာတိုးတက်ပြောင်းလဲလာပါတယ်။ Mobileနဲ့ Desktopကို ပူးတွဲ အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိလာပါတယ်။ Mobileနဲ့ Desktopကို လုံး၀ပူးတွဲ အသုံးပြုနိုင်ခြင်း မရှိသေးပေမယ့် မကြာမီမှာ အောင်မြင်တော့မယ်လို့ မျှော်လင့်ရပါတယ်။ Appleက Skitch, Evernoteနဲ့ အရွယ်အစားကြီးတဲ့ ဖိုင်များကို ပေးပို့တဲ့ ၀န်ဆောင်မှုဖြစ်တဲ့ Hightailတို့အပါအ၀င် ပြိုင်ဖက်တွေကို ယှဉ်ပြိုင်ဖို့ တီထွင်ထားပါတယ်။ Appleက OS X 10.10 Yosemiteကို ဆောင်းဦးရာသီမှာ အခမဲ့ ဖြန့်ချီပေးမှာ ဖြစ်တဲ့အတွက် ရင်ခုန် စောင့်စားကြပါစို့။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *