Gaming, News, Review

Myanmar Gaming Festival 2014 မကြာမီကျင်းပမည်။

Myanmar Gaming Festival 2014 မကြာမီကျင်းပမည်

မြန်မာနိုင်ငံတွင် အကြီးဆုံး Prize Pool ဖြစ်မည့် ဆုကြေးငွေ ၁၀ ၀၀၀ ၀၀၀ ကျပ် (သိန်း တစ်ရာကျော်) ချီးမြှင့်သွားမည့် Game ပြိုင်ပွဲကြီး ပါ၀င်သည့် Myanmar Gaming Festival 2014 (MGF14)ကို သြဂုတ်လ/စက်တင်ဘာလတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ Myanmar Gaming Festival တွင်
1. Game ပြိုင်ပွဲ များ
2. Exhibition များ
3. Cosplay Competition
4. Entertainment Show များ ပါ၀င်မည်ဖြစ်ပြီး ထူးခြား ဆန်းသစ်သည့် အစီအစဉ်များစွာလဲ ထည့်သွင်း ကျင်းပသွားမည် ဖြစ်ပါသည်။

Game ပြိုင်ပွဲကြီးတွင် အဓိက ပါ၀င်မည့် Game အမျိုးအစားများနှင့် ဆုကြေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

1. DOTA 2 [5Members+1Manager+/1Sub]
[Prizes 50, 10, 5, 2, 2, 2, 2, 2 & Best Players 2, 2]

2. League of Legends (LOL)
[Prizes 4, 2, 1]

3. Counter Strike: Global Offensive (CS:GO)
[Prizes 4, 2, 1]

4. FIFA 2014
[Prizes 4, 2, 1]

5. Cosplay Competition
[Prize 5, 3, 2]

အသက် ၁၃နှစ် ပြည့်ပြီးသူ မည်သူမဆို စာရင်းပေးသွင်းကာ (အခမဲ့) ၀င်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကိုလည်း မကြာမီ ထပ်မံဖော်ပြ ကြေငြာသွားမည် ဖြစ်ပါသည်။

Organized by August Myanmar Media Group.
In co-operated with Electronic Sport Myanmar Community (ESMC).

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *