News

တစ်အိမ်ထောင် ကလေးတစ်ဦး ပေါ်လစီ မကျေနပ်ချက် ပေါက်ကွဲ

china baby

ဇူလိုင်လ ၂၃ရက်နေ့က ဓားကိုင်ဆောင် ထားသော တရုတ်အမျိုးသားတစ်ဦးသည် တစ်အိမ်ထောင် ကလေးတစ်ဦး ပေါ်လစီကို ထိန်းသိမ်း ကြပ်မတ်နေသော ရုံးတစ်ခုသို့ အတင်း ဝင်ရောက်ကာ အရာရှိ နှစ်ဦးအား ဓားဖြင့် အသေထိုးသတ်ခဲ့ပြီး ၎င်း၏ တိုက်ခိုက်မှုကြောင့် ရှေ့နေတစ်ဦးနှင့် အခြား သုံးဦးလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ၏ အစီရင်ခံမှုကို AFPတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးပြည်နယ်၊ တုန်းရှိန်မြို့ မိသားစု စီမံကိန်းရုံးကို တိုက်ခိုက်ပြီးနောက် မကြာမီ ယင်းတိုက်ခိုက်ခဲ့သည့် ရွာသားကို ဖမ်းဆီးခဲ့သည်။

သို့ရာတွင် တိုက်ခိုက်မှု ဖြစ်စေသည့် စေ့ဆော်မှု အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း People’s Daily သတင်းစာက ဖော်ပြခဲ့သည်။ အမျိုးသား တစ်ဦးသည် ဖမ်းဆီးခြင်း မခံရမီ ရဲတပ်ဖွဲ့ဝင်များအား ရှောင်ရှားနေပုံကို Sina ဝက်ဘ်ပေါ်တယ်က တင်ထားသည့် ဗီဒီယိုတွင် ပြသထားပြီး ရပ်ကြည့်သူတစ်ဦးက ရိုက်ကူးထားသည့် ၎င်းဗီဒီယိုကို လွတ်လပ်စွာ အတည်မပြုနိုင်သေးပေ။ မိသားစု အများစုအတွက် တစ်အိမ်ထောင် ကလေးတစ်ဦးပေါ်လစီကို လွန်ခဲ့သော နှစ် ၃၀ကျော်ကတည်းက ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ရာ တရုတ်လူမျိုးများအတွင်း နက်ရှိုင်းသည့် မကျေနပ်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *