News

LGမှ ဟင်းချက်ပြိုင်ပွဲ ကျင်းပမည်

LG မှ ကျင်းပပြုလုပ်မည့် 2013 LG Home Chef Championship (LG-HCC) ပြိုင်ပွဲက ကမ္ဘာ တစ်ဝှမ်းလုံးရှိ အပျော်တမ်း အဆင့် စာဖိုမှူးတွေကို မြေတောင်မြှောက်ပေးခြင်းဖြစ်ပြီး စိတ်၀င်စားကာ ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် www.lgcooking.com မှာ စာရင်းပေးသွင်းရမည်ဖြစ်သည်။ အနိုင်ရရှိသူအနေဖြင့် LG Lightwave Convection Ovenနှင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် LG-HCC final cook-offကို တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

LGရဲ့ Home Chef Championship ပြိုင်ပွဲက ၂၀၀၈ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပလာခဲ့ရာ Istanbul, Santiago, Bangkok, Dubai နှင့် ဆိုးလ်မြို့ရှိ အပျော်တမ်း စာဖိုမှူးများ၏ အိပ်မက်မှသည် လက်တွေ့ဖြစ်လာခဲ့သည်။ ချက်ပြုတ်ပြိုင်ပွဲ အများစုသည် ကျွမ်းကျင်အဆင့် စာဖိုမှူးများ ဖြစ်မြောက်ရေးသို့သာ ဦးတည်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယခု ပြိုင်ပွဲက ဝါသနာရှင်များအတွက် ကျင်းပပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲတွင် LGမှ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ (WFP)သို့ ဟင်းအညွှန်းတစ်ခုစီလျှင် ငါးဒေါ်လာခန့် လှူဒါန်းသွားမည်ဖြစ်ပြီး ဟင်းအညွှန်းတစ်ခုစီကို Facebookမှ တစ်ဆင့် မျှေ၀ပေးခြင်းဖြင့် တစ်ဒေါ်လာစီ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“LG Home Chef Championship အစီအစဉ်ကနေ ဝါသနာရှင်အဆင့် စာဖိုမှူးတွေကို နိုင်ငံတကာအတွေ့အကြုံတွေ နဲ့အတူ LG ချက်ပြုတ်ပစ္စည်းတွေရဲ့ ကောင်းမွန်သာလွန်တဲ့ အရည်အသွေးတွေကို သိရှိနိုင်စေဖို့ လွန်ခဲ့တဲ့ ငါးနှစ်မှ စတင်ပြီး ကျင်းပပေးခဲ့တာခြင်းဖြစ်ပါတယ်” LG Electronics ၏ အိမ်သုံးအဆောင်များ၏ ဥက္ကဌနှင့် CEO Mr. Seong-jin Jo (ဆောင်ဂျင်ဂျိုး)က ပြောကြားခဲ့သည်။

ယခုပြိုင်ပွဲတွင် အနိုင်ရရှိသူများအနေဖြင့် LG Lightwave Convection Oven များနှင့် ကိတ်တောင်းသို့ သွားရောက် ယှဉ်ပြိုင်ခွင့်ရရှိမည့် အခွင့်အရေးများကို ကျင်းပပြုလုပ်မည့်နိုင်ငံများတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ ကိတ်တောင်းတွင် အနိုင်ရရှိသူကို အမေရိကန် ဒေါ်လာ တစ်သောင်းနှင့်ညီမျှသည့် Gift Vouchers နှင့် “Grand Master Home Chef” ဆိုသည့် ခေါင်းစဉ်ပါ Certificateကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ အခြားဆုရရှိသူများအနေဖြင့် အမေရိကန်ဒေါ်လာ ငါးထောင်တန်ဖိုးနှင့် ညီမျှသည့် Gift Vouchersများနှင့်အတူ “Master Home Chef”ခေါင်းစဉ်ဖြင့် Certificateများကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *