News

မိသားစုတိုင်းကို ကျန်းမာပျော်ရွှင်သော နေ့ရက်များဆီသို့ ဖြတ်သန်းစေလိုတဲ့ LG

နည်းပညာ လျင်မြန်တိုးတက် ပြောင်းလဲလာတဲ့ခေတ်ထဲမှာ အဆင့်မြင့်နေထိုင်မှု စနစ်နောက်ကို အမှီလိုက်ပြီး ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့အတွက် အပြေးအလွှား ကြိုးစားရုန်းကန် ကြရပါတယ်။ ကမ္ဘာကျော် ကိုးရီးယား Electronicsကုမ္ပဏီဖြစ်တဲ့ LGက မိသားစုတိုင်း ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့အတွက် “ကျန်းမာပျော်ရွှင်သောနေ့ရက်များဆီသို့” ခေါင်းစဉ်နဲ့ လူထုအကျိုးပြု လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ လုပ်ကိုင် လာတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာရှိတဲ့ ကလေးသူငယ်တွေနဲ့ မိခင်တွေအတွက် ရည်ရွယ်ပြီးအခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ပညာပေးခြင်းနှင့် စွမ်းရည်ပြိုင်ပွဲတွေကို အားသွန်ခွန်စိုက်နဲ့ အမြို့မြို့အနယ်နယ် မှာရှိတဲ့ မြို့တော်ခန်းမတွေမှာ ကျင်းပနေခြင်းဖြစ်ပါတယ်။ ယခုဆိုရင် ဒီအစီအစဉ်ဟာ ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွေမှာကျင်းပပြုလုပ်ပြီးစီးခဲ့ပါပြီ။

တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အာဟာရမျှတရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးဆိုတဲ့ ရည်ရွယ်ချက် သုံးခုကို အခြေပြုပြီး ယခုအစီအစဉ်လေးဟာ စတင်အသက်၀င်လာခြင်းပဲ ဖြစ်ပါတယ်။ ရင်သွေးငယ်တိုင်း ကျန်းမာပျော်ရွှင် နေထိုင်နိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုသည် အရေးကြီးကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောပို့ချမှုများနဲ့ ကလေးငယ်တွေအတွက် ပျော်ရွှင်စရာ IQ ကစားနည်းများဖြင့် LG ကုမ္ပဏီမှ လူထူအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။

“LG ကုမ္ပဏီနဲ့ အတူSeoul National University Hospital (SNUH)က ဆေးစစ်ပေးတဲ့အဖွဲ့တွေလည်း ပါ၀င်ပါတယ်။ ဟောပြောပွဲလာတဲ့ ကလေးတွေ၊ မိခင်တွေအပြင် တက်ရောက်လာသူ အားလုံးကိုအခမဲ့ ဆေးစစ်ပေးခဲ့ပါတယ်။ ကလေးတွေ၊ မိခင်တွေ ကျန်းမာရေးအသိပညာ၊ ဗဟုသုတတိုးတက်မြင့်မားဖို့ ဟောပြောသွားခဲ့ပါတယ်။ ကလေးတွေ အတွက်အသိဉာဏ်ရည်ဆိုင်ရာ ကစားပွဲတွေနဲ့ စွမ်းရည်ပြိုင်ပွဲတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

“ကျန်းမာပျော်ရွှင်သော နေ့ရက်များဆီသို့” ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ လူထုအကျိုးပြု လုပ်ငန်းတွေမှာ ကလေးသူငယ်တွေကို မည်သူမဆို စိတ်ပါ၀င်စားစွာ ပါ၀င်ဖို့အတွက် ကျင်းပပြုလုပ်မယ့် အရပ်ဒေသတွေမှာ လက်ကမ်းစာစောင်တွေ ပေးေ၀ခြင်း၊ အသံချဲ့စက်များနဲ့ လိုက်လံကြေညာခြင်းတို့ ပြုလုပ်ပေးလေ့ရှိပါတယ်။ ယခုလို ပြုလုပ်ပေးတဲ့ အတွက်လည်း ပွဲမစခင် တစ်ရက်အလိုကတည်းက လာရောက် စာရင်းပေးသွင်းသူတွေ တောင်ရှိတာကို ကြုံရပါတယ်။

ဟင်္သာတမြို့မှာ ပွဲတက်ရောက်ခဲ့သူ တစ်ဦးက “ဒီလိုမျိုးပြပွဲက ဟသာၤတအနေနဲ့ တစ်ခါမှမရှိဖူးသေးဘူး။ အခုကကိုးရီးယားက လာတယ်လို့ ပြောတယ်။ လာသမျှ လူအားလုံးကိုလည်း ဆေးစစ်ပေးတယ်။ ကလေးတွေကိုလည်း ပြိုင်ပွဲတွေ လုပ်ပေးတယ်။ စလုပ်တုန်းကတော့ ပစ္စည်းရောင်းဖို့ လာတယ်ထင်တာလေ။ ဒီမှာက အဲဒီလိုမဟုတ်တော့ဘူး။ ဟောပြောပွဲနဲ့ ပြိုင်ပွဲက ဦးစားပေးတာပါ” ဟုပြောပါ တယ်။

LG Electronicsကုမ္ပဏီမှ ဉာဏ်စမ်းပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကလေးတွေကို အမှတ်တရဆုတွေ ပေးအပ်ခဲ့သည့်အပြင် စွမ်းရည်ပြိုင်ပွဲ၀င် ကလေးတွေအတွက် အသက် (၁၂) နှစ်အောက်နဲ့ အသက် (၁၂) နှစ်အထက် ဆိုပြီးခွဲခြားပြီး လက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။ “အခုလိုလူထုအကျိုးပြု ပြိုင်ပွဲတွေ ပြုလုပ်သည့်နေရာမှာပင် ဘက်လိုက်မှုမရှိရေးနဲ့ ပွင့်လင်း မြင်သာမှု ရှိဖို့အတွက် Voting Board မှာမိမိနှစ်သက်ရာ ပြိုင်ပွဲ၀င်ကို စိတ်ကြိုက် မဲပေးပိုင်ခွင့်ပေးခဲ့ပါတယ်” ဟုဟင်္သာတမြို့ ဒေသခံတစ်ဦးက ဖွင့်ဟခဲ့ပါတယ်။

LG Electronicsကုမ္ပဏီက ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ကျောင်းသူ၊ကျောင်းသားများ အတွက် ရှေ့ရှုပြီးနည်းပညာများ မျှေ၀ခြင်းနဲ့ အခြားသောအထောက်အပံ့များ ပေးနိုင်ဖို့အတွက် ညှိုနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ လူထုကိုအကျိုးပြုနိုင်မယ့် နည်းလမ်းတွေကိုရှာဖွေရင်း လူထုအကျိုးပြု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် သွားမှာပဲဖြစ်ကြောင်း သိရှိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *