Featured, Gadgets, Review

Samsungနဲ့ LGတို့က Android Wear စမတ်နာရီများကို ပြသ

Samsungနဲ့ LGတို့က Android Wear စမတ်နာရီများကို ပြသ

Googleက စမတ်နာရီများအတွက် တီထွင်ထားတဲ့ Android Wear OSကို မေလမှာ ပြသခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်မှာကျင်းပတဲ့ Google I/O Conferenceမှာတော့ Android Wearကို အသုံးပြုထားတဲ့ စမတ်နာရီများကို LGနဲ့ Samsungတို့က ပြသလိုက်ပါတယ်။

LG G Watchနဲ့ Samsung Gear Live စမတ်နာရီတို့ရဲ့ ဒီဇိုင်းဟာ ဆင်တူပါတယ်။ ဒါပေမယ့် စမတ်နာရီနှစ်ခုရဲ့ မျက်နှာပြင်များဟာ အနည်းငယ်ကွဲပြားပါတယ်။ Gear Liveရဲ့ မျက်နှာပြင်ကို ငွေရောင်ဘောင်နဲ့ အနားကွပ်ထားပြီး G Watchကတော့ အနက်ရောင်ဖြစ်ပါတယ်။ စမတ်နာရီနှစ်ခုစလုံးဟာ လေးထောင့်ပုံစံဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားကလည်း သိပ်မကွာဘဲ G Watchက ၁.၆၅ လက်မနဲ့ Gear Liveက ၁.၆၃ လက်မဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား တူညီသော်လည်း Samsungက သူ့ရဲ့ စမတ်ဖုန်းများမှာ အသုံးပြုလေ့ရှိတဲ့ SuperAMOLEDမျက်နှာပြင်နဲ့ LGက IPS LCD မျက်နှာပြင်ကို အသုံးပြုထားပါတယ်။

Android Wearဟာ Notificationများကို အဓိက အာရုံထားပြုလုပ်ပေးထားတာပါ။ Notificationများကို Google Now ပုံစံ ကဒ်များနဲ့ ပြသပေးထားပြီး အပေါ်အောက်ပြောင်းရွှေ့နိုင်ပါတယ်။

ဘယ်ညာပွတ်ဆွဲရင် ကဒ်အပေါ်မူတည်ပြီး အလုပ်များလုပ်ပေးမှာပါ။ ဥပမာအားဖြင့် ရာသီဥတုကဒ်ဟာ ရာသီဥတုအခြေအနေများကို ပြသပေးမှာဖြစ်ပြီး ဘယ်ညာပွတ်ဆွဲရင် နောက်ရက်များအတွက် ကြိုတင်ခန့်မှန်းချက်များကို ပြသပေးမှာပါ။ Hangoutကို ဘယ်ညာပွတ်ဆွဲရင် စာပြန်လို့ရမှာပါ။

Android Wearရဲ့ ကဒ်အခြေပြုစနစ်ဟာ အလုပ်များပြုလုပ်ဖို့ သက်ဆိုင်ရာ App များကို ဖွင့်ရတဲ့ Samsung Gear 2နဲ့ Sony Smartwatch 2တို့ထက် ပိုမိုလွယ်ကူတာကိုတွေ့ရပါတယ်။ Android Wearဟာ မျက်နှာပြင်အရွယ်သေးတဲ့ မျက်နှာပြင်များအတွက် ပိုမိုကောင်းမွန်ပါတယ်။ အရွယ်သေးတဲ့ App Iconများကို နှိပ်ရမယ့်အစား Gestureများကို အသုံးပြုနိုင်လို့ပါ။

OK Googleလို့ Android Wear စမတ်နာရီနှစ်လုံးကို ပြောလိုက်တာနဲ့ အသံနဲ့ ခိုင်းစေနိုင်ပါပြီ။ Reminderတွေပြုလုပ်တာ၊ စာပြန်တာစတာတွေပေါ့။ စမတ်နာရီတွေရဲ့ အသံကို မှတ်သားနိုင်တဲ့ Speech Recognitionနည်းပညာဟာ Google Glassလောက်ကောင်းမွန်ပါတယ်။

G Watchနဲ့ Gear Liveတို့ဟာ ဒီဇိုင်းပိုင်းမှာ အနည်းငယ်ကွာခြားပေမယ့် စွမ်းဆောင်ချက်များတူညီပါတယ်။

lg g watch

lg g watch

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *