LG က G2, G Flex စမတ်ဖုန်း နဲ့ အခြား LG စမတ်ဖုန်းများမှာ Knock Code စွမ်းဆောင်ချက်ကို ထည့်သွင်းပေးမယ်လို့ အတည်ပြုပြောကြားပါတယ်။
Knock Code ဟာ KnockOn စွမ်းဆောင်ချက်ရဲ့ နောက်ပိုင်း တီထွင်လိုက်တဲ့ စွမ်းဆောင်ချက် အသစ်တစ်ခု ဖြစ်ပါတယ်။ KnockOn ဟာ ဖုန်းမျက်နှာပြင်ကို နှစ်ချက်ထိလိုက်တာနဲ့ ဖုန်းကို Wake လုပ်ပေးတာဖြစ်ပါတယ်။ Knock Code ကလည်း KnockOn လိုမျိုး စွမ်းဆောင်ချက် ဖြစ်ပြီး ဖုန်းကို Wake လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ Knock Code စွမ်းဆောင်ချက် ဟာ ဖုန်းမျက်နှာပြင်ကို လေးပိုင်းပိုင်းထားပြီး အဲဒီအပိုင်းများကို ထိတွေ့တဲ့ပုံစံကို အသုံးပြုပေးပြီး ဖုန်းကို Wake လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။
Knock Code ဟာ ဖုန်းကို ပိုမိုလျင်မြန်စွာ Unlock လုပ်ပေးနိုင်ရုံသာမက ဖုန်း Screen ကို Swipe လုပ်ရတဲ့ အလုပ်ရှုပ်မှုမှ သက်သာစေမှာ ဖြစ်ပါတယ်။ LG က မတူညီတဲ့ ပုံစံပေါင်း ၈၀,၀၀၀ ကို အသုံးပြုနိုင်ပြီး လက်ဗွေရာစနစ်ထက် ပိုမိုကောင်းမွန်တယ်လို့ ကြွေးကျော်ထားပါတယ်။
LG က Knock Code စွမ်းဆောင်ချက်ကို လာမယ့် ရက်သတ္တပတ်များမှာ စတင်စွမ်းဆောင်ပေးမှာ ဖြစ်ပြီး G2 နဲ့ G Flex တို့ဟာ အဆိုပါ စွမ်းဆောင်ချက်ကို ရရှိမယ့် ပထမဆုံး ဖုန်းများဖြစ်ပါတယ်။ G Pro 2, G2 mini, F Series နဲ့ L Series III တို့တွင်လည်း အဆိုပါ စွမ်းဆောင်ချက်ကို Update ရရှိမှာ ဖြစ်ပါတယ်။