Gaming

iOSအတွက် Infinity Blade IIIထွက်ပြီ

၂နှစ်နီးပါးလောက် စောင့်ဆိုင်းခဲ့ရပြီးနောက် Infinity Blade IIIကို App Storeမှာ iOS 7မထွက်ခင် ရရှိနေပြီလို့ သိရပါတယ်။ ဂရပ်ဖစ်ရုပ်ထွက် အလွန်ကောင်းမွန်တဲ့ အဆိုပါ ဂိမ်းကို ဆော့ချင်ရင်တော့ ၅ယူရို(၇ဒေါ်လာခန့်) ပေးရမှာ ဖြစ်ပြီး နောက်ဆုံးထွက် iPhone 5Sရဲ့ 64-bit Processorရဲ့ စွမ်းရည်တွေကို အပြည့်အ၀ ခံစားနိုင်စေဖို့ ဖန်တီးထုတ်လုပ် လိုက်တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ iOS 6နဲ့အထက်မှာ ထည့်သွင်း ကစားနိုင်ပြီး ရှေ့ကထွက်ရှိခဲ့တဲ့ 1နဲ့ 2ထက် ပိုမိုကောင်းမွန်တဲ့ Featureတွေလည်း များစွာဖန်တီး ပေးထားပါတယ်။ စက်တင်ဘာ ၁၈ရက်နေ့ (ယနေ့)မှ ထွက်ရှိလာတာ ဖြစ်ပြီး ဖိုင်အရွယ်အစား 1.47GBရှိ ပါတယ်။ ရယူလိုသူများ အနေနဲ့ iTunesမှာ၅ယူရိုနဲ့ ၀ယ်ယူနိုင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

2 thoughts on “iOSအတွက် Infinity Blade IIIထွက်ပြီ

  1. lollyport says:

    147GB ? typing error or really?

    1. lollyport says:

      i see 1.47GB 😀

Leave a Reply

Your email address will not be published. Required fields are marked *