News, Review

LG အီလက်ထရောနစ်၏ Distributor အသစ် NMC (New Myanmar Channel)မှ စာနယ်ဇင်းရှင်းလင်းမိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန်၊ ဇွန်လ ၇ ရက်နေ့။ LG စမတ်ဖုန်းများကို မြန်မာနိုင်ငံအနှံ့ ဖြန့်ချီရောင်းချသွားရန် Distributorအသစ် မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ကန်တော်ကြီးအနီးရှိ Chatrium Hotelတွင် ဇွန်လ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ LG Mobile၏ Distributor အသစ်ဖြစ်သော NMC (New Myanmar Channel)မှ Project Director ဦးစိုးငွေရက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး LG အီလက်ထရောနစ် (မြန်မာ)၏ MDဖြစ်သူ Mr.Min Parkမှလည်း ရှင်းလင်းမိတ်ဆက်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် LG အီလက်ထရောနစ် (ထိုင်းနိုင်ငံ)၏ Mobile Communications Retail Managerဖြစ်သူ Mr. Saroj Youngmodeမှလည်း LG၏ L 40, L 70 & L 90 မျိုးဆက်သစ် စမတ်ဖုန်းများ၊ G2 Mini စသည့် နောက်ဆုံးထွက် LG ဖုန်းများအကြောင်းကို အဆင့်မြင့် Presentationများဖြင့် ပြောင်မြောက်စွာ ရှင်းလင်းတင်ဆက် ပြသခဲ့သည်။

ထို့နောက် ဂျူးဂျူးကေ၊ နိုနိုးကေတို့၏ တယောအစွမ်းပြတီးခတ်မှုများ၊ မော်ဒယ်လေးများ၏ LG စမတ်ဖုန်း တင်ဆက်မှုတို့အပြင် နာမည်ကြီးအဆိုတော် နီနီခင်ဇော်၏ သီချင်းသီဆိုဖျော်ဖြေမှုများကလည်း ပွဲတက်ပရိသတ်များကို ဖမ်းစားသွားနိုင်ခဲ့ပါသည်။

ထို့နောက် ပွဲသို့တက်ရောက်လာသူ Dealerများ၊ Mediaများနှင့် ဧည့်ပရိသတ်များကို LG စမတ်ဖုန်းများ မဲဖောက်ပေးအပ်ခဲ့ပါသည်။ မြူးကြွသော တေးသီချင်းများ၊ ညစာ အစားအသောက်များဖြင့် LG၏ မမေ့နိုင်ဖွယ်ရာ “New Distributor Announcement”ပွဲနှင့် စာနယ်ဇင်းရှင်းလင်းမိတ်ဆက်ပွဲ၊ ညစာစားပွဲ၊ LG စမတ်ဖုန်းများအကြောင်း ရှင်းလင်းတင်ဆက်ပွဲအား အောင်မြင်ပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

Chatrium Hotelတွင် ကြီးကျယ်ခမ်းနားသော အစီအစဉ်များပြီးနောက် LG အီလက်ထရောနစ်မှ NMC (New Myanmar Channel)အား ‘Authorized Distributor Certificate’ နှင့် ‘Authorized Service Provider Certificate’များ ပေးအပ်ခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံပိတ်သိမ်းခဲ့ပါသည်။

LG စမတ်ဖုန်းများသည် စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်မားသောကြောင့် မြန်မာပြည်စျေးကွက်တွင် နေရာရရှိမှုနှုန်း မြန်ဆန်ပြီး LG၏ နည်းပညာ အသစ်အဆန်းများကြောင့်လည်း လူကြီးလူငယ်မရွေး အကြိုက်တွေ့ကြခြင်း ဖြစ်သည်။ ထို့ပြင် စျေးနှုန်းကြီးမြင့်သော စမတ်ဖုန်းများတွင်သာ အသုံးပြုနိုင်သည့် Smart View Function Cover များကို LG ဖုန်းများ အားလုံးတွင် အသုံးပြုနိုင်ကြောင်းလည်း သိရသည်။

1

ယခု အသစ်၀င်ရောက်လာသော မော်ဒယ်များတွင် ငွေကျပ် ၁ သိန်းအောက်ဖြင့် ရောင်းချပေးမည့် L 40, Stylus Pen ကို အပြည့်အ၀ အသုံးချနိုင်ပြီး ငွေကျပ် ၃ သိန်းအောက်ဖြင့် ရောင်းချပေးမည့် G Pro Lite စမတ်ဖုန်း မော်ဒယ်အပြင် အခြားအရည်အသွေမြင့် Smart Phone အများအပြား ပါ၀င်ကြောင်း သိရှိရသည်။

ထို့ပြင် ၀ယ်ယူသုံးစွဲသူများ အာမခံအပြည့်အ၀ ရရှိစေရန်အတွက် ၁ နှစ် အာမခံ ပေးထားပြီး LG Mobile Service Centre ကိုလည်း ရန်ကုန်မြို့၊ လသာလမ်း (အပေါ်ဆုံးဘလောက်) တွင် ဖွင့်လှစ်ထားရှိပါသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *