Review

Samsung Galaxy Note 2နဲ့ LG Optimus G Proကို နှိုင်းယှဉ် သုံးသပ်ခြင်း

Appleက ထုတ်တဲ့ iPhoneအသစ်တွေ ပြီးရင် လက်ရှိမှာ စိတ်၀င်စားဖို့ ကောင်းနေတာက တောင်ကိုရီးယား အခြေစိုက် နည်းပညာကုမ္ပဏီကြီး နှစ်ခုရဲ့ အားပြိုင်ပွဲပါ။ Samsungနဲ့ LGပါပဲ။ ဘာလို့လဲ ဆိုတော့ ဒီနေ့ခေတ် Gadgetတွေထဲမှာ ထိပ်တန်းဖြစ်နေတဲ့ စမတ်ဖုန်းလောကထဲကို Samsungက အရင်၀င်ရောက်ခဲ့ပြီး LGကတော့ နောက်မှ၀င်ရောက် လာတာဖြစ်ပေမယ့် LGမှ ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် အဆင့်မြင့် ဖုန်းတွေရဲ့ Spec:တွေက Samsungနဲ့ ယှဉ်နိုင်လောက်အောင် ကောင်းမွန်နေပါတယ်။ ဒါဟာ ထူးခြားချက် တစ်ခုပါ။

ဒါကြောင့် မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်စေဖို့ လက်ရှိ ဈေးကွက်ထဲမှာ ဈေးနှုန်းသိပ်မကွာခြားတဲ့ Samsung Galaxy Note 2နဲ့ LG Optimus G Proကို အချက်တစ်ခုချင်းစီ နှိုင်းယှဉ်သုံးသပ်ကာ တင်ဆက်ပေးလိုက် ပါတယ်။

Display

Galaxy Note 2နဲ့ Optimus G Proနှစ်မျိုးလုံးက မျက်နှာပြင် ၅.၅လက်မ အရွယ် အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကွာသွားတာက Galaxy Note 2ရဲ့ မျက်နှာပြင်မှာ Pixelသိပ်သည်းဆ 267ppiရှိပြီးတော့ G Proမှာကတော့ တစ်လက်မကို Pixelသိပ်သည်းဆ 441ရှိပါတယ်။ ရုပ်ထွက် Resolutionအနေနဲ့ ကြည့်မယ်ဆိုရင်လည်း Galaxy Note 2က 720×1280 Pixelသာ ရှိပြီး G Proကတော့ Full HD(1080×1920 pixels) ဖြစ်ပါတယ်။

ဒါ့အပြင် Note 2မှာ တပ်ဆင်ထားတာက “Super AMOLED Capactive Touchscreen”သာ ဖြစ်ပြီးတော့ LGရဲ့ Optimus G Proမှာက Full HD LCD Capactive Touchscreenဖြစ်တာကြောင့် G Proက Full HDဖြစ်နေရ ခြင်းပါ။

Hardware & OS

Galaxy Note 2မှာ တပ်ဆင်ထားတဲ့ Chipsetက “Exynos 4412 Quad”ဖြစ်ပါတယ်။ Optimus G Proမှာ တပ်ဆင်ထားတဲ့ Chipကတော့ လက်ရှိမှာ လူသုံးများ နာမည်ကြီးနေတဲ့ Qualcommမှ ထုတ်လုပ်တဲ့ Snapdragon 600ဖြစ်ပါတယ်။ ဖုန်းရဲ့ အာရုံခံမှု(Sensor)တွေ အနေနဲ့ကတော့ ဖုန်းနှစ်မျိုးစလုံး ပြည့်ပြည့်စုံစုံ ပါ၀င်ကြတာမို့လို့ အထူးပြောစရာ မရှိပါဘူး။ ဒါ့အပြင် အဆိုပါ ဖုန်းနှစ်မျိုးလုံးမှာ သုံးထားတဲ့ OSက Android OS Jelly Beanအတူတူပါပဲ။

CPU, GPU

CPU(Processor)ပိုင်းမှာတော့ နည်းနည်း ကွာသွားပါတယ်။ Galaxy Note 2မှာက Quad-Core 1.6GHz Cortex A9ဆိုတဲ့ CPUကို သုံးထားတာ ဖြစ်ပြီးတော့ Optimus G Proမှာက Quad-Core 1.7GHz Krait 300ဆိုတဲ့ CPUကို တပ်ဆင်သုံးစွဲ ထားတာပါ။ ဖုန်းရဲ့ ရုပ်ထွက် ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းတွေ အတွက်လည်း Note 2မှာက GPUကို Mali- 400 MPသုံးထားပြီး Optimus G Proမှာကတော့ Adreno 320မို့လို့ Optimus G Proက အနည်းငယ် သာတယ်လို့တောင် ဆိုနိုင်ပါတယ်။

Memory

Memoryလည်း ဖုန်းနှစ်မျိုးလုံး အတူတူပါပဲ။ ဖုန်းတွင်းမှတ်ဉာဏ် 16GB/32GBနှစ်မျိုး စီစဉ်ပေးထားကာ မလုံလောက်ရင် microSD Card Slotလည်းထပ်မံ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ RAMလည်း 2GBစီ ပါပဲ။

Data Transfer

GPRS, EDGEစတဲ့ Data Transferစနစ်တွေ ဖုန်းနှစ်မျိုးလုံးမှာ အသုံးပြုနိုင်ပါတယ်။ ကွာသွားတာက Wi-Fiစနစ်မှာ Note 2က 802.11 a/b/g/nစနစ် အထိပဲ ရပြီးတော့ Optimus G Proကတော့ 802.11 a/b/g/n/acစတဲ့ စနစ်တွေ အကုန်အစုံ ချိတ်ဆက် သုံးနိုင်တာက အားသာချက် တစ်ခု ဖြစ်နေပါတယ်။ ကျန်တဲ့ Bluetooth 4.0, NFC, Infrared Port, USBစတာတွေ ကတော့ အားလုံး အတူတူပဲ ဖြစ်ပါတယ်။

Camera

ကင်မရာကတော့ တကယ်ကို ကွာခြားသွားပါတယ်။ Galaxy Note 2မှာ 8MPအရည်အသွေးနဲ့ Resolution 3264×2448 Pixels ရုပ်ထွက် ရှိတဲ့ ကင်မရာကို တပ်ဆင်ထားပေမယ့် Optimus G Proမှာက 13MPအရည်အသွေးရှိ Resolution 4208×3120 Pixelsကင်မရာ တပ်ဆင်အသုံးပြု ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Optimus G Proက ကင်မရာပိုင်းမှာ ပိုသာပါတယ်။ ရှေ့ကင်မရာကို ကြည့်ရင်လည်း Note 2က 1.9MPဖြစ်ပြီး Optimus G Proက 2.1MPမို့လို့ LGက ပိုသာနေပြန် ပါတယ်။

Body & Battery

Batteryကတော့ ဖုန်းနှစ်မျိုးလုံး မကွာခြားလှပါဘူး။ Li-ion 3100mAh Batteryတပ်ဆင် အသုံးပြုထားကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် Note 2ဖုန်းရဲ့ အလေးချိန်ဟာ 183ဂရမ် ရှိပြီး Optimus G Proကတော့ 172ဂရမ်မို့လို့ ပိုမိုပေါ့ပါး ပါတယ်။

ဒါဟာ လက်ရှိ ဈေးကွက်ထဲမှာ ဈေးနှုန်းအာဖြင့် များစွာ မကွာခြားတဲ့ အဆင့်မြင့် စမတ်ဖုန်း နှစ်လုံးကို နှိုင်းယှဉ်သုံးသပ် ပြထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းများစွာ မကွာခြားပေမယ့် စွမ်းဆောင်ရည် အချို့တော့ ကွာခြားတာကို တွေ့ရမှာပါ။ ၀ယ်ယူသုံးစွဲမယ့် သူတွေ အနေနဲ့ သေသေချာချာ လေ့လာ ဆုံးဖြတ်ပြီး မှန်မှန်ကန်ကန် ရွေးချယ်နိုင်ကြပါစေ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “Samsung Galaxy Note 2နဲ့ LG Optimus G Proကို နှိုင်းယှဉ် သုံးသပ်ခြင်း

  1. Dr.ThuRa says:

    I like Galaxy Note bcoz of S pen function to write note,so what about LG G pro’s function comparing to that?

Leave a Reply

Your email address will not be published. Required fields are marked *