LG Myanmarမှ ဝေဖန်သုံးသပ်ချက်ကို ပြန်လည် မျှဝေလိုက်ပါတယ်။
Android ပိုင်ရှင် Googleရဲ့ အထူးအသိအမှတ်ပြု အားကိုးခြင်းခံထားရတဲ့ LGရဲ့ Hardware အကောင်းမွန်ဆုံး စမတ်ဖုန်းများကို အသုံးပြုပြီး သင့်လက်ထဲက အန်းဒရွိုက်ကိုဂုဏ်ပြုလိုက်ပါ။
အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ LG စမတ်ဖုန်းကတော့ ‘G2 Mini’ပါပဲ။ LGရဲ့ အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့တဲ့ G2 စမတ်ဖုန်းရဲ့ ‘Compact’ဗားရှင်းဖြစ်ပြီး GSM/CDMA ကိုင်ဆောင် သုံးစွဲသူတွေအတွက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကမှ ထွက်ရှိထားတာမို့ အသစ်ကျပ်ချွတ် နောက်ဆုံးပေါ် စမတ်ဖုန်းပါပဲ။
4.7” qHD IPS Display
၄.၇လက်မ ကျယ်၀န်းကာ ဘေးဘောင်တွေမရှိတဲ့ မျက်နှာပြင်မှာ ပစ်ဇယ်သိပ်သည်းဆ 234 ppiဆိုတော့ ရုပ်ထွက်ကငေးမောစရာပါ။ ဒါ့အပြင် HD (High Definition)ဆိုတဲ့ အဆင့်မြင့်ရုပ်ထွက်ထက် လေးဆပိုမိုကောင်းမွန်ကြည်လင် ပြတ်သားတာကြောင့် ရုပ်ရှင်တွေ၊ MTVတွေ ကြည့်တဲ့အခါ သင့်မျက်လုံးတွေကိုဖုန်း Screenကနေမခွာချင်အောင် ဖမ်းစားသွားနိုင်ပါတယ်။
The Knock Code
စမတ်ဖုန်းမျက်နှာပြင်ရဲ့ မည်သည့်နေရာကိုမဆို အချက်ရေ ၂ ကြိမ်မှ ၈ ကြိမ်ကြား မိမိသတ်မှတ်ထားတဲ့ လျှို့ဝှက် Pattern အတိုင်းတို့ထိပြီး Screenကို လုံခြုံစွာဖွင့်နိုင်တဲ့ LGရဲ့ ပြိုင်ဘက်ကင်း စနစ်တစ်ခုပါ။ စမတ်ဖုန်းဂုရုကြီးတွေကတော့ LGရဲ့ ‘Knock Code’စနစ်ဟာ အခြားစမတ်ဖုန်း လုံခြုံရေးစနစ်တွေထက် များစွာ သာလွန်ကောင်းမွန်တယ်လို့ ဆိုထားပါတယ်။
Memory & Functions
RAM 1GB စီစဉ်ထားပြီး Internal Memory 8GB ဖန်တီးထားကာ မလုံလောက်သေးရင် ထပ်မံချဲ့ထွင်နိုင်ဖို့ microSDကဒ်ကိုလည်း 32GBအထိ ထည့်သွင်းနိုင်ပါတယ်။ နောက်ဆုံးပေါ် Bluetooth 4.0, Wi-Fi a/b/g/n, microUSBအကုန်လုံး ချိတ်ဆက်သုံးစွဲနိုင်ရုံမက အဆင့်မြင့်စမတ်ဖုန်း “G2”ရဲ့ လုပ်ဆောင်ချက်တွေ အတိုင်းအသုံးချနိုင်တဲ့ G2 အငယ်လေးပါပဲ။
The Camera
8MP ရုပ်ထွက် အရည်အသွေးရှိကင်မရာမှာ AutoFocus, LED Flash, ဓာတ်ပုံရိုက်ကူးတဲ့ နေရာကိုမှတ်သားပေးနိုင်တဲ့ Geo-Tagging, မျက်နှာကိုအာရုံခံနိုင်တဲ့ Face Detection, ရှုခင်းကျယ်ကြီးများကို တစ်ဆက်စပ်တည်းရိုက်ယူနိုင်တဲ့ Panorama, HDR (High Dynamic Range) စတဲ့ လုပ်ဆောင်ချက်တွေလည်းယခု “G2 Mini”ရဲ့ ကင်မရာမှာအပြည့်အစုံ ပါ၀င်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Selfie လှလှလေးတွေ ရိုက်ယူဖို့အတွက် ရှေ့ကင်မရာကတော့ 1.3 MP နဲ့ ရုပ်ထွက် 720p ပါ။
Plug & Pop
သင့်နားကြပ်ကိုတပ်လိုက်တာနဲ့ သင်အကြိုက်ဆုံးသောသီချင်း၊ ဗီဒီယိုများ၊ အခြားသောအသံဆိုင်ရာ Applicationsများက Home Screenမှာအလိုလျောက် ထွက်ပေါ်လာမှာပါ။
Guest Mode
သင့်သူငယ်ချင်းကသင့်ဖုန်းကိုယူသုံးချင်ရင် ဒီ Guest Modeလေးပေးသုံးလိုက်ပေါ့။ မတူညီစွာသတ်မှတ်ထားတဲ့ Pattern တွေ၊ အချက်အလက်တွေနဲ့ သီးသန့်သုံးစွဲ နိုင်တာကြောင့် စိတ်ချမ်းသာစရာပါပဲ။
OS & CPU
ပြိုင်ဘက် စမတ်ဖုန်းတွေထက် အပြတ်အသတ် သာလွန်ပြီး LG ချစ်သူတွေအတွက် နောက်ဆုံးပေါ် အန်းဒရွိုက်ဗားရှင်း 4.4.2 (KitKat) ထည့်သွင်းထားပါတယ်။
✓တပ်ဆင်ထားတဲ့ ပရော်ဆက်ဆာဟာလည်း Quad-Core 1.2 GHz Cortex A7 ဖြစ်တာကြောင့် ဖုန်းရဲ့လုပ်ဆောင်ချက်တွေ၊ အင်တာနက်သုံးစွဲခြင်းတွေမှာ လျှပ်စီးလိုလျင်မြန်တဲ့နှုန်းနဲ့ လွယ်ကူချောမွေ့စွာသုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်။ ✓
နီးစပ်ရာ LG Brandshopsတွေနဲ့ ဖုန်းဆိုင်ကြီးတွေမှာ “G2 Mini” ကို အမြန်ဆုံးသွားရောက်ကြည့်ရှုပြီး စျေးနှုန်း 319000 ကျပ်နဲ့ အခုပဲထိတွေ့ခံစားလိုက်ကြပါစို့…