News

LG က Developer တွေကို LG G2 ဖုန်း ငှားရမ်း အသုံးပြုခွင့်ပေးမည်

LG က သူတို့ရဲ့  မတူညီတဲ့  Hardware နဲ့ Software APIs နဲ့တွဲဖက်အသုံးပြုနိုင်မယ့် Apps တီထွင်ဖို့ဆိုတာအရေးကြီးကြောင်း သိရှိပါတယ်။ Samsung လို Developer Conference တစ်ခုကို San Francisco မှာ LG က မကြာမီက ပြုလုပ်ခဲ့ပြီး QRemote SDK ကို  ပထမဆုံးအနေနဲ့ ပြသခဲ့ပါတယ်။  QRemote SKD မှာ TVs,Audio Systems, Air Conditioner စတဲ့ Electronic Device တွေကိုထိန်းချုပ်နိုင်မယ့် QuickRemote Apps တွေကို တီထွင်ဖို့ နမူနာ Code, Documentation တွေကို Developer တွေကို ပေးခဲ့ပါတယ်။ SDK မှာ IR(infrared) remote sensor-enabled applications တွေကို Develope လုပ်ဖို့အတွက်လိုအပ်တဲ့ Apps တွေကိုလည်း ပါ၀င်ပါတယ်။

စိတ်၀င်စားတဲ့ Developer တွေက LG နဲ့ မှတ်ပုံတင်ရမှာဖြစ်ပြီး LG ကစစ်ဆေးလက်ခံပြီးရင် LG G2 ဖုန်းကို Developer ကိုငှားရမ်းမှာဖြစ်ပါတယ်။ ဖုန်းကိုအသုံးပြုပြီး Debug လုပ်တာတွေ၊ Apps တွေစမ်းသပ်တာတွေပြုလုပ်နိုင်မှာပါ။ ငှားရမ်းတဲ့ကာလကတော့ ရက်(၃၀) ဖြစ်ပါတယ်။

ဒါဟာ LG ရဲ့  ကိုယ်ပိုင် IR blaster နည်းပညာကို ပိုမိုကောင်းမွန်လာစေဖို့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

LG ဖုန်းကို ငှားချင်တဲ့ Developer တွေ အတွက်အသေးစိတ်အချက်အလက်တွေကို အောက်ကလင့် မှာလေ့လာနိုင်ပါတယ်။

http://developer.lge.com/main/Intro.dev

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *