News

၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအထိမ်းအမှတ်အဖြစ် LG မှ သတင်း၀န်ဆောင်မှု (News Services) အပါအ၀င် အထူးအစီအစဉ်များစွာ ပြုလုပ်သွားမည်

၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအထိမ်းအမှတ်အဖြစ် LG မှ သတင်း၀န်ဆောင်မှု (News Services) အပါအ၀င် အထူးအစီအစဉ်များစွာ ပြုလုပ်သွားမည်

တောင်ကိုရီးယားအခြေစိုက် LG အီလက်ထရောနစ်မှ ယခုနှစ် 2014 FIFA World Cup ဘောလုံးပြိုင်ပွဲအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုသောအားဖြင့် မြန်မာပြည်တွင်း အထူးအစီအစဉ်များကို ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမည်ဖြစ်သည်။

LG အီလက်ထရောနစ် (မြန်မာ) ၏ တရား၀င် Facebook စာမျက်နှာဖြစ်သော (www.facebook.com/LGlovesMyanmar ) နှင့် Web Blog (www.lgmyanmar.blogspot.com ) တို့တွင် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် ကာလအတွင်း FIFA World Cup News (ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲ သတင်းများ) ကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးသွားမည် ဖြစ်သည့်အပြင် “LG loves Myanmar” ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်လည်း မကြာမီ တင်ဆက်တော့မည့် ဘောလုံးပွဲခန့်မှန်းယှဉ်ပြိုင်ရမည့်ဂိမ်း (Bracketology) ကို မည်သူမဆို လွတ်လပ်စွာ ၀င်ရောက်ယှဉ်ပြိုင် ကစားနိုင်သည်။ အဆိုပါဂိမ်းတွင် အနိုင်ရသူများအတွက် PRIZE မှာလည်း အလွန်အမင်းစိတ်၀င်စားဖွယ် ဖြစ်နေရာ LGlovesMyanmar Facebook Page အား မျက်ခြေမပြတ် စောင့်ကြည့်ရန်လိုပါသည်။

လက်ရှိတွင် LG ၏ New L Series မျိုးဆက်သစ် စမတ်ဖုန်းများဖြစ်သော L 40, L 70 နှင့် L 90 တို့မှာ အရောင်းအသွက်ဆုံး၊ လူကြိုက်အများဆုံး၊ စျေးအသက်သာဆုံးနှင့် အသုံး၀င်လုပ်ဆောင်ချက်များစွာ ပါ၀င်မှုကြောင့် ထိပ်တန်းစာရင်း ၀င်လျက်ရှိသည်။ အဆိုပါ L မျိုးဆက်သစ် စမတ်ဖုန်းများအကြောင်း သိရှိလိုပါက LG loves Myanmar ဖေ့စ်ဘွတ်ခ်ပေ့ချ် နှင့် LG Myanmar Web Blog တို့တွင် ၀င်ရောက် လေ့လာဖတ်ရှု နိုင်ပါသည်။

ယခုအချိန်တွင် LG အီလက်ထရောနစ် (မြန်မာ) ၏ တရား၀င် ဖေ့စ်ဘွတ်ခ် စာမျက်နှာ နှင့် Web Blog သည် LG ၏ တရား၀င် သတင်းထုတ်ပြန်ချက်များ၊ နောက်ဆုံးရ သတင်းများ၊ LG ၏ လှုပ်ရှားမှု Movements များ၊ LG ထုတ်ကုန်ပစ္စည်းများအကြောင်း၊ စျေးနှုန်း (Pirces)၊ Customer Services များအပြင် GAME အစီအစဉ်များ၊ ဗဟုသုတရဖွယ်များ၊ နည်းပညာဆိုင်ရာ အသုံး၀င်အကြောင်းအရာများ စသည့် များစွာသော တင်ဆက်မှုများဖြင့် အရှိန်အဟုန်ပြင်းပြင်း လည်ပတ်လျက်ရှိပါသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *