News

LG က မိတ်ဆက်လိုက်တဲ့ မျက်နှာပြင်အကျယ် ၁၀၅ လက်မရှိတဲ့ ကွေးကောက် TV

LG ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ သူ့ရဲ့ မျက်နှာပြင်အကျယ် ၁၀၅ လက်မရှိတဲ့ ကွေးကောက် Ultra HD TV ကို မိတ်ဆက်လိုက်ပါတယ် ။ ဒီလောက်ကြီးတဲ့ TV ကို သင့်ရဲ့ ဧည့်ခန်းထဲမှာ ဘယ်လိုထားမလဲ ဆိုတာကို မတွေးခင် သင်သိထားရမှာကတော့ ဒီ LG ရဲ့ ကွေးကောက် TV ဟာ သင်ကြည့်နေကြ TV တွေရဲ့ Standard Ratio 16:9 မဟုတ်ပါဘူး Ultra Wide 21:9 Ratio ပဲဖြစ်ပါတယ် ။ ဒါကြောင့် ရုပ်ရှင်ရုံတွေမှာ ကြည့်ရှု့လို့ရတဲ့ ခံစားမှု့အတိုင်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ။ သူ့ရဲ့ ထုထည်ကြီးမားတဲ့ LCD Panel ကြီးဟာ 11 Million Pixel 5120×2160 Resolution ဖြစ်ပါတယ် ။ ကွေးကောက် TV တွေထုတ်လုပ်မှုမှာတော့ ဒီ TV ဟာ အရွယ်အစား အကြီးမားဆုံးလို့ LG ပြောကြားသွားခဲ့ပါတယ် ။

ဒီ TV ရဲ့ Model No. ကတော့ 105UB9 ဖြစ်ပါတယ် ။ သူဟာ 3D ရုပ်သံတွေအတွက်လည်း ကောင်းကောင်း Support လုပ်နိုင်ပါတယ် ။ နောက် အနာဂတ်ရဲ့ Display ဈေးကွက် မှာ LG ဟာ ဆက်လက်ဦးဆောင်နေဦးမှာဖြစ်ကြောင်း ဒီ မျက်နှာပြင် အကျယ် ၁၀၅ လက်မရှိတဲ့ TV ကြီးက သက်သေ ပြခဲ့ပြီလို့ LG ကပြောကြားသွားခဲ့ပါတယ် ။ ဒီ LG TV ကြီးကို လာမဲ့ ၂၀၁၄ CES (Consumer Electronic Show ) တွေမှာပြသရောင်းချသွားမယ်လို့ သိရှိရပါတယ် ။ ရောင်းချမဲ့ ဈေးနှုန်းကတော့ အတိအကျ မသိသေးကြောင်း သိရှိရပါတယ် ။ LG က သူ့ရဲ့ မျက်နှာပြင် ၁၀၅ လက်မရှိတဲ့ TV ကြီးကို မိတ်ဆက်ပေးပြီးနောက် Samsung ကလည်း သူ့တို့ရဲ့ မျက်နှာပြင် အကျယ် ၁၀၅ လက်မရှိတဲ့ ကွေးကောက် TV ကြီးကို ရှေ့ဆင့်နောက်ဆင့် ပြသသွားခဲ့ပါတယ် ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *