iPhoneရဲ့ ကျောဘက်မှာ “Assemble In China” ဆိုတာကို သတိထားမိကြမှာပါ။ ဆိုလိုရင်းကတော့ တရုတ်ပြည်မှ တပ်ဆင်ပြီး ထုတ်လုပ်ခြင်းကို ဆိုလိုပါတယ်။ ဒါတွေကို Appleမှ အမေရိကန်အပါအဝင် နိုင်ငံများစွာမှာ အနာဂတ်မှာ ထွက်ရှိလာမည့် ၄င်းတို့၏ ထုတ်ကုန်များကို Assemble လုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
Gorilla Glass, A6 chip, Circuit boards, Accelerometer နဲ့ အခြားအဓိက Hardware ပစ္စည်းတွေရဲ့ စွမ်းအားကို အသုံးပြုသူ လက်တွေ့မှာ Powerful ဖြစ်ကြောင်း ခံစား သိရှိရမည်က အပေါ်ယံက Software ဖြစ်ပါတယ်။ ထို Softwareဖြစ်တဲ့ iPhone ပေါ်မှ iOSကိုသာ အမေရိကန် Apple ကုမ္ပဏီမှ တီထွင်ဖန်တီးနေတာဖြစ်ပြီး Hardware ပစ္စည်းများကို နိုင်ငံတော်တော်များမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ Assembleကို လုပ်ကြတာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာတော့ Apple ပစ္စည်းတွေကို အဓိက တပ်ဆင်ထုတ်လုပ်တဲ့ နာမည်ကျော် Foxconn နဲ့ Pegatron ဆိုတဲ့ ကုမ္ပဏီ နှစ်ခု ရှိပါတယ်။
ဒါဟာ Apple အနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေကို လျှော့ချဖို့မဟုတ်ပါဘူး။ တကယ်တမ်းက Apple Product တစ်ခုထွက်လာဖို့ဆိုတာ နိုင်ငံစုံက သယံဇာတတွေနဲ့ စုပေါင်းပြီးတပ်ဆင်ထုတ်လုပ်လိုက်မှ ဖြစ်တာပါ။ ဒါကြောင့်လည်း Apple ပစ္စည်းတွေဟာ အလွန်ကောင်းမွန်ပြီး ဈေးလည်းမြင့်နေရတာပဲဖြစ်ပါတယ်။ ဒါမှလည်း Apple ဟာ တစ်ကမ္ဘာလုံးရဲ့ Market ကိုရရှိမှာဖြစ်ပြီး Quarter တစ်ခါလျှင် iPhone အလုံးပေါင်း ၃၁.၂ သန်း ရောင်းချမယ်လို့လည်း စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံ အတွင်းက မွန်ဂိုလီးယားမှာရှိတဲ့ စက်ရုံ တွေကနေလည်း “Rare Earth Element” တွေသုံးပြီး Apple ရဲ့ Glass, Screen နဲ့ Speaker တို့ထုတ်လုပ်နေပါတယ်။ တကယ်တော့ Apple Product တိုင်းဟာ အမေရိကန်၊ ကယ်လီဖိုးနီးယားအခြေစိုက် Apple ကုမ္ပဏီကနေ Quality Control လုပ်ထားတာပဲဖြစ်ပါတယ်။
Apple ကုမ္ပဏီဟာ သူတို့ရဲ့ Market ကိုချဲ့ထွင်ဖို့၊ iPhone တွေကို များများဖြန့်ချိပြီး IT လောကမှာ ကြီးစိုးဖို့ကိုလည်း ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ Assembleလုပ်တဲ့ နောက်ဆုံး အဆင့်သာမက iPhone တစ်လုံးကို ထုတ်လုပ်တဲ့ အဆင့်ဆင့်ကိုပါ နိုင်ငံအသီးသီးက Factoryတွေ လုပ်နိုင်အောင် ပြင်ဆင်တော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်၊ ကိုရီးယား အပါအ၀င် နိုင်ငံကြီး တွေက Apple Product တွေကို Assemble လုပ်ပြီး ဖြန့်ချိလျက် ရှိပါတယ်။ iPhone တစ်လုံး ဖြစ်တည်လာဖို့ ကုန်ကြမ်းတွေကိုလည်း ကမ္ဘာအရပ်ရပ်ကနေ ရယူရတာပါ။ ဒါကြောင့် Apple ဟာ တစ်ကမ္ဘာလုံးနဲ့ဆက်စပ်လှုပ်ရှားနေတဲ့ “Global Electronics Manufacturing Industry” ပဲဖြစ်ပါတယ်။